Home သတင်း ရှမ်းပြည်နယ် TNLA ‌ဒေသတွင် ‌ခြောက်လအတွင်း တိုက်ပွဲ‌ပေါင်း ၁၀၀‌ကျော်ဖြစ်ပွား

ရှမ်းပြည်နယ် TNLA ‌ဒေသတွင် ‌ခြောက်လအတွင်း တိုက်ပွဲ‌ပေါင်း ၁၀၀‌ကျော်ဖြစ်ပွား

2335

ဇူလိုင် ၁၈ရက်၊ ၂၀၁၄ခုနှစ်။ ‌စောခါးစူးညား

၂၀၁၄ခုနှစ်၊ ‌ခြောက်လအတွင်း ရှမ်းပြည်နယ် ‌မြောက်ပိုင်း ပ‌လောင်(တအာင်း)‌ဒေသတွင် ပ‌လောင်ပြည်နယ် လွတ်‌မြောက်‌ရေး တပ်ဦး(PSLF)လက်‌အောက်ခံ တအာင်းအမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် (TNLA) နှင့် မြန်မာအစိုးရစစ်တပ်တို့ တိုက်ပွဲ ‌ပေါင်း ၁၀၀‌ကျော် ဖြစ်ပွားခဲ့သည်ဟု TNLA က ‌ကြေညာချက် ထုတ်ပြန်လိုက်သည်။

ရှမ်းပြည်နယ်‌မြောက်ပိုင်း PSLF/TNLA အ‌ခြေစိုက်ရာ‌နေရာ ဗဟိုဌာနချုပ်တွင် ဇူလိုင် ၁၂ရက်မှ ၁၅ရက်‌နေ့အထိ ပြုလုပ်သည့် PSLF/TNLA ၏ ဗဟို‌ကော်မတီ ‌ခြောက်လပတ် အစည်းအ‌ဝေးပြီး‌နောက် အဆိုပါတိုက်ပွဲသတင်းများကို ဇူလိုင် ၁၇ရက်‌နေ့က ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

TNLA သတင်းနှင့် ပြန်ကြား‌ရေးတာဝန်ခံ ဗိုလ်မိုင်းအိုက်‌ကျော်က “ဒီနှစ်အတွင်း တိုက်ပွဲများလာတာက အစိုးရစစ်တပ်‌တွေဘက် က ကျ‌နော်တို့‌နေရာကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်လာတဲ့ အ‌နေအထားမှာ ရှိ‌နေလို့ပါ။ အရင်နှစ် ၂၀၁၃ ခုနှစ်ကဆိုရင် တနှစ် လုံးမှ တိုက်ပွဲ‌ပေါင်း ၁၂၀‌ကျော်ပဲ ရှိတယ်။ လက်ရှိ အ‌ခြေအ‌နေအရဆိုရင်လည်း တိုက်ပွဲက ထပ်ဖြစ်မယ့် အ‌နေအထားမှာ ရှိ တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၂၀၁၃ခုနှစ်က အ‌ရှေ့‌တောင်တိုင်းစစ်ဌာနချုပ်(ရမခ) လက်‌အောက်ခံတပ်များသာ လှုပ်ရှားမှုများ ရှိ‌သော်လည်း ယခု ၂၀၁၄ခုနှစ် အတွင်း အစိုးရ၏ စစ်ကွပ်ကဲ‌ရေးဌာနချုပ်(စကခ-၁)၊ (စကခ-၁၆) အပါအဝင် (ကွတ်ခိုင်-ဒစက)၊ (‌လောက်ကိုင်-ဒစညက) လက် ‌အောက်ခံတပ်ရင်းများ၊ တပ်မ(၁၁၊ ၅၅၊ ၇၇၊ ၈၈၊ ၉၉)စသည့် တပ်ရင်း‌ပေါင်း ၆၀‌ကျော် တိုးလာသည်ဟု ၎င်းက ဆက်‌ပြောသည်။

ထို့အပြင် ပ‌လောင်‌ဒေသရှိ ‌ကျောက်မဲ၊ သီ‌ပေါ၊ မိုးကုတ်၊ မိုးမိတ်၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မူဆယ်မြို့နယ်များ တွင် ယခုနှစ် ‌ခြောက်လအတွင်း ဖြစ်ပွားသည့် တိုက်ပွဲ‌ကြောင့် မြန်မာအစိုးရ စစ်တပ်ဘက်က ၁၇၈ဦး ကျဆုံး၊ ၁၀၀‌ကျော် ဒဏ် ရာရရှိပြီး TNLA ဘက်က ၁ဝဦးကျဆုံးပြီး ၁၂ဦး ဒဏ်ရာရရှိခဲ့သည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

PSLF/TNLA ပြုလုပ်‌သော ‌ခြောက်လပတ် အစည်းအ‌ဝေးတွင် ဗဟို‌ကော်မတီဝင်၊ အရံဗဟို‌ကော်မတီဝင်၊ သက်ဆိုင်ရာ အရာရှိ တပ်မှူးများ၊ အထူးဖိတ်ကြားထားသူနှင့် ‌လေ့လာသူ စုစု‌ပေါင်း ၃၈ဦး တက်‌ရောက်ခဲ့သည်ဟု PSLF/TNLA ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

ပ‌လောင်‌ဒေသအတွင်း တိုက်ပွဲကြိမ်‌ရေ များလာသည့်အ‌ပေါ် ညီညွှတ်‌သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်‌ကောင်စီ (UNFC) အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး နိုင်ဟံသာက “TNLA က အမျိုးသားလွတ်‌မြောက်‌ရေးအတွက် တိုက်ပွဲဝင်‌နေသလို တစ်ဖက်က အဲဒီ ‌ဒေသမှာ သူတို့လူငယ်‌တွေကို ဖျက်ဆီး‌နေတဲ့ မူးယစ်‌ဆေးဝါးကို လိုက်လံပြီး အ‌ရေးယူ‌နေရတယ်။ အစိုးရ‌မွေးထားတဲ့ ပြည်သူ့စစ် လည်း မူးယစ်‌ဆေးဝါး ဖြန့်ဖြူး‌နေတာကို လိုက်လံအ‌ရေးယူရင်းနဲ့ အစိုးရတပ် လာ‌ရောက်‌နေရာယူတာ များလာတဲ့အ‌ပေါ်မှာ တိုက်ပွဲ‌တွေ ဖြစ်‌နေတယ်လို့ ကျ‌နော်တို့ သိရတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

တအာင်းအမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(TNLA)သည် ၁၉၉၂ခုနှစ်က ကရင်ပြည်နယ် မာနယ်ပ‌လော၌ ဖွဲ့စည်းခဲ့သည့် ပ‌လောင်ပြည်နယ် လွတ်‌မြောက်‌ရေးတပ်ဦး(PSLF)၏ နိုင်ငံ‌ရေးဦး‌ဆောင်မှုဖြင့် ၂၀၀၉ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး လက်ရှိ အစိုး ရနှင့် အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူညီမှု မရရှိ‌သေးသည့် အဖွဲ့ဖြစ်သည်။