Home သတင်း ကရင်တိုင်းရင်းသားလက်နက်ကိုင်များ မူးယစ်‌ဆေးဝါး စတင် နှိမ်နင်း

ကရင်တိုင်းရင်းသားလက်နက်ကိုင်များ မူးယစ်‌ဆေးဝါး စတင် နှိမ်နင်း

2214

ဇူလိုင် ၁၈ရက်၊ ၂၀၁၄ခုနှစ်။ စဖန်း‌ရှောင်း

ကရင်တိုင်းရင်းသားလက်နက်ကိုင်များ ညီညွတ်‌ရေး‌ကော်မတီက ဖွဲ့စည်းထားသည့် မူးယစ်‌ဆေးဝါး တိုက်ဖျက်‌ရေး‌ကော်မတီက မူးယစ်‌ဆေးဝါး နှိမ်နင်းမှုများကို ဇူလိုင်လ ၁၅ရက်‌နေ့မှစ၍ မူးယစ်‌ဆေးဝါး‌ရောင်းဝယ်သူ၊ လက်ဝယ်‌တွေ့ရှိသူများကို ဖမ်းဆီးအ ‌ရေးယူ‌နေပြီဖြစ်‌ကြောင်း ယင်း‌ကော်မတီက ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြောဆိုသည်။

၎င်း‌ကော်မတီဥက္ကဌဖြစ်သူ ဗိုလ်မှူးကြီး‌စောချစ်သူက “လူထု‌တွေက လူငယ်‌တွေ မူးယစ်‌ဆေးဝါး‌ကြောင့် ပျက်စီး‌နေတာကို မင်းတို့ ကရင်လက်နက်ကိုင်‌တွေ ဘာမှ မလုပ်‌ပေးနိုင်‌တော့ဘူးလား ‌မေးတယ်။ အနာဂတ်လူငယ်‌တွေ ပျက်စီးသွားမှာကို ကျ‌နော်တို့ လည်း မလိုလားဘူး။ အခု အ‌ခြေအ‌နေမှာ လူထု‌တွေရဲ့ ‌တောင်းဆိုမှုနဲ့အညီ အ‌ရေး‌ပေါ်အစည်းအ‌ဝေး‌တွေ ‌ခေါ်၊ ‌ကော်မတီဖွဲ့ပြီး အခုလို စတင် လုပ်‌ဆောင်တာ ဖြစ်ပါတယ်”ဟု ‌ပြောဆိုသည်။

ဇူလိုင်လ ၈ရက်‌နေ့က အဆိုပါ‌ကော်မတီကို ကရင်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၆ဖွဲ့မှ အဖွဲ့ဝင် ၁၇ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ယခုလို ဖမ်းဆီးနှိမ်နင်းမှု အစီအစဉ်များ မ‌ဆောင်ရွက်မီ ကရင်တိုင်းရင်းသားလက်နက်ကိုင်များ ညီညွတ်‌ရေး ‌ကော်မတီ ဝင်များ စု‌ပေါင်းကာ ယခုနှစ် ‌မေလကုန်ပိုင်းတွင် ကရင်ပြည်နယ်အတွင်းရှိ ‌ကော့ကရိတ်၊ လှိုင်းဘွဲ၊ ဖာပွန်မြို့နယ်များသို့ သွား ‌ရောက်ကာ မူးယစ်‌ဆေးဝါး အသိပညာ‌ပေးနှင့် သတိ‌ပေး ‌ဟော‌ပြောပွဲများကို ပြုလုပ်ခဲ့‌သေးသည်။

ထိုသို့ပညာ‌ပေးမှုများ ပြုလုပ်ခဲ့ပြီး‌နောက် ဖမ်းဆီးနှိမ်နင်းမှုတွင် ယ‌နေ့အထိ မူးယစ်‌ဆေး‌ရောင်းဝယ်သူ ၃ဦး အပါအဝင် လက်ဝယ် ‌တွေ့ရှိသူ စုစု‌ပေါင်း ၁၅ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး စိတ်ကြွ‌ဆေးအလုံး‌ပေါင်း ၃၀၀၀‌ကျော်ကို သိမ်းဆည်းနိုင်ခဲ့သလို မူးယစ်‌ဆေးဝါးနှင့် ဆက်စပ်သူ မည်သူ့ကိုမဆို ဆက်လက် ဖမ်းဆီးသွားမည်ဟု ဗိုလ်မှူးကြီး‌စောချစ်သူက ဆက်‌ပြောသည်။

မြဝတီခရိုင် ရဲတပ်ဖွဲ့မှူး ဦး‌အောင်မြင့်က “အခုလို တိုင်းရင်းသားအဖွဲ့အစည်း‌တွေအ‌နေနဲ့ မူးယစ်‌ဆေး တားဆီးတာ၊ နှိမ်နင်းတာ ‌တွေလုပ်တာ ကျ‌နော်တို့ အရမ်းဝမ်းသာပါတယ်ဗျာ။ ထိ‌ရောက်မယ်လို့လည်း ယုံကြည်ပါတယ်။ အဲလို လုပ်‌ဆောင်တဲ့အ‌ပေါ်မှာ အကြံပြုချင်တာက တရားဥပ‌ဒေနဲ့အညီ လုပ်‌ဆောင်ရမှာ ဖြစ်တဲ့အတွက် ကျ‌နော်တို့ ရဲတပ်ဖွဲ့ကို အကူအညီ‌တောင်းမယ်ဆိုရင် ‌နေ့‌နေ့ညည အပြည့်အဝကို ပူး‌ပေါင်းပါဝင်‌ပေးဖို့ ဆုံးဖြတ်ထားပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၄ရက်‌နေ့စွဲဖြင့် ကရင်ပြည်နယ် နယ်စပ်‌ရေးရာလုံခြုံ‌ရေးဝန်ကြီး ဗိုလ်မှူးကြီး‌အောင်လွင်က မူးယစ်‌ဆေးဝါး တားဆီးကာကွယ်‌ရေးလုပ်‌ဆောင်ရာတွင် ဖမ်းဆီးရမိသူ အရပ်သား၊ လက်နက်ကိုင် အဖွဲ့အစည်းဝင်များအား မိမိသ‌ဘောဖြင့် အ‌ရေးယူခြင်း၊ အကျဉ်း‌ထောင်‌ဆောက်လုပ်ခြင်းများ မပြုလုပ်ဘဲ သက်ဆိုင်ရာ ပြည်နယ်ရဲတပ်ဖွဲ့များထံသို့ လွှဲ‌ပြောင်း‌ပေးရမည် ဖြစ်‌ကြောင်း ‌ကော်မတီထံ အ‌ကြောင်းကြား စာ‌ပေးပို့ခဲ့သည်ဟု သိရသည်။

ယင်းကိစ္စအ‌ပေါ် ဗိုလ်မှူးကြီး‌စောချစ်သူက “ကျ‌နော်တို့ တရားဥပ‌ဒေအရ လက်လှမ်းမမှီနိုင်တဲ့ ဖမ်းဆီးဖို့ ခက်ခဲတဲ့အပိုင်း‌တွေမှာ တာဝန်ယူပါမယ်လို့ ‌ကော်မတီက ဆုံးဖြတ်ထားတာ ရှိပါတယ်။ အခုလည်း စစ်‌ဆေး‌မေးမြန်းမှု‌တွေလုပ်ပြီး သက်ဆိုင်ရာကို အမြန် ဆုံး လွှဲ‌ပြောင်းနိုင်‌အောင် စီစဉ်‌နေပါတယ်။ ကိုယ့်ကရင်ပြည်နယ် ကရင်လူငယ်‌တွေ မပျက်စီး‌အောင် ထိန်းသိမ်းလုပ်‌ဆောင်တဲ့အ ‌နေနဲ့ လုပ်တာဖြစ်ပါတယ်။ တစ်ခြား ဘာရည်ရွယ်ချက်မှ မရှိပါဘူး”ဟု ဆိုသည်။

လက်ရှိ ကရင်ပြည်နယ်တွင် မူးယစ်‌ဆေးဝါးပြဿနာ ကြီးထွားလာ‌နေပြီး လူလတ်ပိုင်းတွင်သာမက လူငယ်ပိုင်း ‌ကျောင်းသားများ အထိပါ ပြန့်နှံ့သုံးစွဲလျက်ရှိ‌ကြောင်းနှင့် စိတ်ကြွ‌ဆေးသုံးစွဲမှု အများဆုံးဖြစ်ပြီး ‌ဆေးတစ်ပြားလျှင် မြန်မာ‌ငွေကျပ် ၃၅၀ဝ ဝန်းကျင် ရှိ‌ကြောင်း ‌ဒေသခံများက ‌ပြောသည်။

ကရင်ပြည်နယ်တွင် ဇွန်လအတွင်း စိတ်ကြွ‌ဆေး ၁၄မှု၊ ၄၁၃၇ပြား၊ ‌ဆေး‌ခြောက်မှု ၁မှု၊ အ‌လေးချိန် ၁၆၃.၃ဂရမ်၊ ဘိန်းစာပင်စိုက် ပျိုးမှု ၁မှု၊ ၂၀၉ပင်နှင့်အတူ မူးယစ်‌ဆေးဝါးနှင့်ပတ်သက်သူ ၃ဝဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး ဖားအံနှင့် မြဝတီမြို့နယ်များတွင် အများဆုံး ဖမ်းဆီးမိခြင်းဖြစ်‌ကြောင်း ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး၊ သက်ဆိုင်ရာဌာနစိတ်၏ စာရင်းများအရ သိရသည်။

၂၀၁၄ခုနှစ်၊ ဇွန်လအတွင်း မြန်မာရဲတပ်ဖွဲ့၊ တပ်မ‌တော်၊ အ‌ကောက်ခွန်ဌာနတို့မှ မူးယစ်‌ဆေးဝါး အမှု‌ပေါင်း (၅၆၃)မှု ဖမ်းဆီးခဲ့ရာ တွင် တရားခံ(ကျား) ၆၇၄ဦး၊ (မ) ၁၂၄ဦး စုစု‌ပေါင်း တရားခံ ၇၉၈ဦးတို့အား ဥပ‌ဒေအရ အ‌ရေးယူနိုင်ခဲ့‌ကြောင်း ဇူလိုင်လ ၁၅ ရက်‌နေ့က ထုတ်လွှင့်‌သော အစိုးရရုပ်မြင်သံကြား၏ သတင်း‌ကြေညာချက်အရ သိရှိရသည်။