Home သတင်း တန်းတူ‌ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဖက်ဒရယ်ပြည်‌ထောင်စုကို လက်ခံပါက အပစ်ရပ်စာချုပ် လက်မှတ် ထိုးမည်ဟု လိုင်ဇာအစည်းအ‌ဝေးက ဆုံးဖြတ်

တန်းတူ‌ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဖက်ဒရယ်ပြည်‌ထောင်စုကို လက်ခံပါက အပစ်ရပ်စာချုပ် လက်မှတ် ထိုးမည်ဟု လိုင်ဇာအစည်းအ‌ဝေးက ဆုံးဖြတ်

1515

ဇူလိုင် ၂၉ရက်၊ ၂၀၁၄ခုနှစ်။ ‌စောထွန်းလင်း

တိုင်းရင်းသားများလိုလားသည့် အမျိုးသားတန်းတူ‌ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဖက်ဒရယ်ပြည်‌ထောင်စု တည်‌ဆောက်‌ရေးအ ‌ပေါ် အစိုးရလက်ခံပါက တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးစာချုပ် လက်မှတ်ထိုးမည်ဟု ကချင်ပြည်နယ်၊ လိုင်ဇာမြို့တွင် ပြုလုပ် ‌သော တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲ‌ရေးညှိနှိုင်း‌ရေးအဖွဲ့ (NCCT) ထိပ်သီး‌ခေါင်း‌ဆောင်များ အစည်းအ‌ဝေးတွင် ‌ဆွေး ‌နွေးဆုံးဖြတ်ထား‌ကြောင်း ရခိုင်ပြည်လွတ်‌မြောက်‌ရေးပါတီ(ALP) ဒုဥက္ကဌ ခိုင်စိုးနိုင်‌အောင်က ဇူလိုင်လ ၂၈ရက်‌နေ့တွင် ‌ပြောဆို လိုက်သည်။

“‌ဆွေး‌နွေးပွဲအ‌ခြေအ‌နေက‌တော့ NCCT အဖွဲ့ဝင်‌တွေအားလုံး စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်နဲ့ ‌ဆွေး‌နွေးပြီး စာချုပ်မူကြမ်း အခန်း ၇ခန်းစလုံး ‌ဆွေး‌နွေးပြီးဖြစ်တယ်။ အမျိုးသားတန်းတူ‌ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်‌ထောင်စုကို အစိုးရအ‌နေနဲ့ လက်ခံရင် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ်လက်မှတ်ထိုးဖို့ ဖြစ်လာမှာပါ”ဟု ALP ဒုဥက္ကဌ ခိုင်စိုးနိုင်‌အောင် က ‌ကေအိုင်စီသို့ ‌ပြောသည်။

ကချင်လွတ်‌မြောက်‌ရေးတပ်မ‌တော်(‌ကေအိုင်‌အေ)ထိန်းချုပ်နယ်‌မြေ ကချင်ပြည်နယ်၊ လိုင်ဇာမြို့၌ ဇူလိုင်လ ၂၅ရက်က စတင် ကျင်းပခဲ့သည့် အဆိုပါအစည်းအ‌ဝေး၏ သုံးရက်‌မြောက်‌နေ့အပြီးတွင် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ်မူကြမ်းအခန်း ၇ခန်း ကို တက်‌ရောက်လာသည့် ကိုယ်စားလှယ်များက ‌ဆွေး‌နွေးခဲ့ကြပြီး‌နောက် ထိုသို့ သ‌ဘောထားများ ရရှိခဲ့ခြင်းဖြစ်သည်။

၎င်းအစည်းအ‌ဝေး တက်‌ရောက်‌နေသည့် ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ဗဟိုအလုပ်အမှု‌ဆောင်အဖွဲ့ဝင် ပဒို‌စော တာဒို့မှုးကလည်း တိုင်းရင်းသားများ လက်နက်ကိုင်‌တော်လှန်‌ရေး လုပ်ကိုင်ခဲ့သည်မှာ ယင်းအချက်များအ‌ပေါ် အ‌ခြေခံခဲ့ခြင်းဖြစ် ပြီး တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲ‌ရေးစာချုပ် လက်မှတ်ထိုး‌ရေးကိစ္စမှာ အစိုးရနှင့် ပြန်လည်‌ဆွေး‌နွေးပြီး ထွက်‌ပေါ်လာ သည့်အ‌ပေါ်တွင် မူတည်‌ကြောင်း ‌ပြောဆိုသည်။

ပဒို‌စောတာဒို့မှုးက “တိုင်းရင်းသား‌တွေက‌တော့ အဲဒီ့အ‌ပေါ်မှာပဲ အ‌ခြေခံထားတာ‌လေ။ အခု တတိယ‌နေ့အထိ စာချုပ် မူကြမ်း ၇ ခန်းလုံး ‌ဆွေး‌နွေးပြီးသွားပြီ။ အစိုးရကိုယ်စားပြုအဖွဲ့နဲ့ ပြန်‌ဆွေး‌နွေးတဲ့အခါ ဘယ်‌လောက်အထိ ရမလဲဆိုတာ‌တော့ မသိ‌သေး ဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် အပစ်အခတ်ရပ်စဲ‌ရေးနှင့် တိုင်းရင်းသားများ လိုလားသည့် ဖက်ဒရယ်ပြည်‌ထောင်စုကို ‌ဖော်‌ဆောင်နိုင်မည့် ဖွဲ့စည်းပုံအ ‌ခြေခံဥပ‌ဒေ ပြုပြင်‌ရေးဆိုင်ရာ နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲများသည် အချိန်ကာလ လိုအပ်ချက်နှင့်အညီ ဖြစ်‌ပေါ်လာ‌ကြောင်း၊ ပကတိအ ‌ခြေအ‌နေကို ထည့်သွင်းစဉ်းစားလျက် တိုင်းရင်းသားများ လိုလားချက်ကို ရယူနိုင်ရန်လို‌ကြောင်း၊ ပြည်တွင်းနိုင်ငံ‌ရေး အင်အားစု များနှင့် ဖွဲ့စည်းပုံပြင်လိုသူများက ၎င်းတို့ဖြစ်စဉ်ကို ‌စောင့်ကြည့်‌နေသည့်အတွက် ရလဒ်‌ကောင်းထွက်‌ပေါ်လာရန်လို‌ကြောင်း ‌ကေအဲန်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီး‌စောမူတူး‌စေးဖိုးက ညီလာခံ ဒုတိယ‌နေ့တွင် ၎င်း၏မိန့်ခွန်း၌ ထည့်သွင်း‌ပြောဆိုထားသည်။

အဆိုပါ NCCT ထိပ်သီးအစည်းအ‌ဝေးကို ဇူလိုင်လ ၂၇ရက်‌နေ့တွင် တစ်ရက်ရပ်နားကာ ဇူလိုင် ၂၉ရက်‌နေ့တွင် အပစ်ရပ်စာချုပ် မူကြမ်း အ‌သေးစိတ်အပိုင်းများနှင့် စကားလုံးအသုံးအနှုန်းများကို ‌ဆွေး‌နွေးကာ အဆုံးသတ်မည်ဖြစ်‌ကြောင်း၊ ယင်း‌နောက် မြစ် ကြီးနားမြို့တွင် အစိုးရ၏ ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေး လုပ်ငန်း‌ကော်မတီ(UPWC)နှင့် NCCT အဖွဲ့ဝင်များ ‌တွေ့ဆုံ ရန်ရှိ‌ကြောင်း ပဒို‌စောတာဒို့မူးက ဖြည့်စွက်‌ပြောဆိုသည်။

အဆိုပါ အစည်းအ‌ဝေးတွင် တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်းများဖြစ်ကြသည့် KNU, KIO/KIA, KNPP, NMSP, ANC, CNF, SSPP/SSA, PNLO, PSLF/TNLA, WNO, LDU, MNDAA, AA, ALP, KNU/KNLA(PC), DKBA စသည့်အ ဖွဲ့ ၁၆ဖွဲ့မှ ကိုယ်စားလှယ်များနှင့် ‌လေ့လာသူများ စုစု‌ပေါင်း ၁၀ဝ ဝန်းကျင် တက်‌ရောက်ခဲ့ကြသည်။ ထို့အပြင် NCCT အစည်းအ ‌ဝေး တတိယ‌နေ့တွင် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာဘီ‌ဂျေနမ်ဘီးယား ဦး‌ဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အာရှ‌ရေးရာ အထူးအကြံ‌ပေးအဖွဲ့မှ မစ္စတာတန်ယန်း ဦး‌ဆောင်သည့်အဖွဲ့ဝင်များ တက်‌ရောက်ခဲ့ကြ ‌ကြောင်း သိရသည်။