Home သတင်း အမျိုးသားရည်မှန်းချက်အတွက် အလွှာစုံ ကရင်လူမျိုးများ ညီညွှတ်စွာ လုပ်‌ဆောင်ရန်ဆုံးဖြတ်

အမျိုးသားရည်မှန်းချက်အတွက် အလွှာစုံ ကရင်လူမျိုးများ ညီညွှတ်စွာ လုပ်‌ဆောင်ရန်ဆုံးဖြတ်

1615

ဇွန် ၁ရက်၊ ၂၀၁၄ခုနှစ်။ ‌စောထွန်းလင်း၊ နန်း‌ဝေဖြိုးဇာ

စည်းလုံး‌ရေးကို အ‌ခြေခံ‌သော ကရင်အမျိုးသား ရည်မှန်းချက်ပန်းတိုင် ‌ရောက်ရှိ‌စေရန်အတွက် ပြည်တွင်းပြည်ပရှိ အလွှာစုံ ကရင်အမျိုးသားများ ညီညွတ်စွာ လုပ်‌ဆောင်သွားမည်ဖြစ်‌ကြောင်း ၁ဝကြိမ်‌မြောက် ကရင်အမျိုးသားစည်းလုံးညီညွတ်‌ရေး နှီး‌နှောဖလှယ်ပွဲတွင် သ‌ဘောတူဆုံးဖြတ်လိုက်သည်။

ယင်းနှီး‌နှောဖလှယ်ပွဲကို ‌မေ ၂၈ရက်မှ ၃၁ရက်‌နေ့အထိ ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ထိန်းချုပ်နယ်‌မြေ ဖားအံ ခရိုင်၊ ‌လော်ခီးလာစခန်း၌ ကျင်းပခဲ့သည့် နှီး‌နှောဖလှယ်ပွဲ၏ ထုတ်ပြန်‌ကြေညာချက်တွင် ထိုသို့ ထည့်သွင်း‌ဖော်ပြထားခြင်းဖြစ် သည်။

“အခု ဆယ်ကြိမ်‌မြောက် အခမ်းအနားမှာက အချင်းချင်းကြား ပဋိပက္ခ‌တွေကို ပိုပြီး နားလည်မှုရှိလာတယ်။ အဲ့ဒီအတွက် ကရင့် အမျိုးသားစည်းလုံးညီညွတ်မှုကို ဆက်သွားမဲ့ကိစ္စမှာ ညီညီညွတ်ညွတ်နဲ့ လုပ်သွားမယ်။ ပူး‌ပေါင်း‌ဆောင်ရွက်သွားမယ်ဆိုတဲ့ အ‌ခြေခံကို ရရှိလာတဲ့အတွက် ပိုပြီး အားရ‌ကျေနပ်မှုရှိတယ်”ဟု နှီး‌နှောဖလှယ်ပွဲ ဖြစ်‌မြောက်‌ရေး‌ကော်မတီ ဥက္ကဌ ‌ကေအဲန်ယူ၊ စည်းရုံး‌ရေးဌာနတာဝန်ခံ ပဒို‌စောလှထွန်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

နှီး‌နှောဖလှယ်တွင် ‌ကေအဲန်ယူ ဦး‌ဆောင်မှုဖြင့် တန်းတူ‌ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အ‌ခြေခံ‌သော ဖက်ဒရယ်ပြည်‌ထောင်စု ‌ပေါ်ထွန်းလာ‌ရေး၊ ခိုင်မြဲသည့် ငြိမ်းချမ်း‌ရေးရရှိ‌ရေးအတွက် ပူး‌ပေါင်းလုပ်‌ဆောင်ရန်၊ လက်ရှိငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်‌နေစဉ် အကြီးစား စီမံကိန်းလုပ်ငန်းများ မလုပ်‌ဆောင်ရန်၊ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်‌ရေးကို ဒီမိုက‌ရေစီအင်အားစုများနှင့် ပူး‌ပေါင်းလုပ် ‌ဆောင်ရန်၊ မူးယစ်‌ဆေးဝါးပြဿနာကို လက်နက်ကိုင်အဖွဲ့များအားလုံး ပူး‌ပေါင်းတိုက်ဖျက်ပြီး ဥပ‌ဒေနှင့်အညီ အ‌ရေးယူသွားရန်၊ အမျိုးသားစီမံကိန်းတရပ်ကို ‌ရေးဆွဲရန်နှင့် ကရင်အမျိုးသားညီလာခံတရပ်ကျင်းပရန် စသည်တို့ကို ဆုံးဖြတ်ခဲ့ကြ‌ကြောင်း ထုတ် ပြန်ချက်တွင် ပါရှိသည်။

၎င်းနှီး‌နှောဖလှယ်ပွဲသို့ ပြည်တွင်းပြည်ပရှိ ကရင်လူထုအ‌ခြေပြုအဖွဲ့အစည်းများ၊ ကရင်ဘာသာ‌ရေး‌ခေါင်း‌ဆောင်များ၊ ကရင်လူ ငယ်နှင့် အမျိုးသမီးများ၊ ကရင့်နိုင်ငံ‌ရေးပါတီများ၊ ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ စုစု‌ပေါင်း ၆၆ဖွဲ့နှင့် တသီးပုဂ္ဂလများ၊ ‌လေ့လာသူများ စုစု‌ပေါင်း ၂၄၆ဦး တက်‌ရောက်ခဲ့ကြသည်။

နှီး‌နှောဖလှယ်ပွဲတက်‌ရောက်လာသူ နယ်ခြား‌စောင့်တပ် ဗဟိုကွပ်ကဲ‌ရေးမှ ကိုယ်စားလှယ် ဒုဗိုလ်မှူးကြီး ‌စောတင်ဝင်းက “စည်း လုံးညီညွတ်‌ရေးမှာ အဓိက ကရင်လက်နက်ကိုင်အဖွဲ့များ စည်းလုံးညီညွတ်‌ရေးကို အမြန်ဆုံး လုပ်ရမှာ ဖြစ်ပါတယ်။ ပြီး‌တော့ လူထုစည်းလုံး‌ရေးအတွက် ဆက်လုပ်ရမယ်။ လက်ရှိ လက်နက်ကိုင်များ ညီညွတ်‌ရေးအတွက် လုပ်‌ဆောင်‌နေတာကို ‌တွေ့ရ တယ်။ ‌ရှေ့ဆက် ဘယ်လိုစည်းစည်းလုံးလုံး ‌နေသွားဖို့က အဓိကကျပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်းနှီး‌နှောဖလှယ်ပွဲတက်‌ရောက်ခဲ့သူ မြဝတီမြို့ ‌တောင်က‌လေး‌အေးရိပ်သာ‌ကျောင်းမှ ဆရာ‌တော်အဂ္ဂဝံသကလည်း “စည်းလုံး ညီညွတ်‌ရေး လုပ်‌ဆောင်တဲ့အခါမှာ အခက်အခဲများစွာရှိ‌ပေမဲ့ စည်းစည်းလုံးလုံး၊ ညီညွတ်နိုင်မဲ့နည်းကို ရှာပြီး‌တော့ စည်းလုံးညီ ညွတ်မှုကို ပျက်ပြား‌စေနိုင်တဲ့ အပြုအမူ၊ အလုပ်အကိုင်ကို ‌ရှောင်ရှားပါမှ စည်းလုံးညီညွှတ်‌ရေးကို တည်‌ဆောက်နိုင်မယ်လို့ ဦးဇင်းယူဆတယ်”ဟု ‌ကေအိုင်စီ သို့ မြွက်ကြားသည်။

ကရင်အမျိုးသားစည်းလုံးညီညွတ်‌ရေး နှီး‌နှောဖလှယ်ပွဲကို နယ်ပယ်စုံ ကရင်အမျိုးသားများ စည်းလုံးညီညွတ်စွာဖြင့် အနာဂတ် ဖွံ့ ဖြိုးတိုးတက်ရန် ရည်ရွယ်၍ ၁၉၉၉ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး ယမန်နှစ်က ၉ကြိမ်‌မြောက် ကရင်အမျိုးသားစည်းလုံးညီညွတ် ‌ရေး နှီး‌နှောဖလှယ်ပွဲကိုလည်း ‌ကေအဲန်ယူ၊ ဖားအံခရိုင် ‌လော်ခီးလာ၌ပင် ကျင်းပခဲ့သည်။