Home သတင်း မ‌လေးရှားတွင် ကချင်စစ်ပွဲ ၃ နှစ်ပြည့် တိုင်းရင်းသားများ ဆန္ဒထုတ်‌ဖော်

မ‌လေးရှားတွင် ကချင်စစ်ပွဲ ၃ နှစ်ပြည့် တိုင်းရင်းသားများ ဆန္ဒထုတ်‌ဖော်

1473

ဇွန်လ ၉ ရက်၊ ၂၀၁၄ ခုနှစ်။ စဖန်း‌ရှောင်း

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များအတွင်း တိုက်ပွဲများဆက်လက်ဖြစ်ပွား‌နေမှုကို ရပ်တန့်‌ပေးရန် မ‌လေးရှား နိုင်ငံ‌ရောက် ကချင်အပါအဝင် အခြားတိုင်းရင်းသားများက ယ‌နေ့ ကချင်လွတ်‌မြောက်‌ရေးတပ်မ‌တော်(‌ကေအိုင် ‌အေ)နှင့် မြန်မာအစိုးရတပ်တို့၏ တိုက်ပွဲပြန်လည်ဖြစ်ပွားသည့် ၃ နှစ်ပြည့်‌နေ့တွင် ဆန္ဒထုတ်‌ဖော်ခဲ့ကြသည်။

အဆိုပါ ဆန္ဒထုတ်‌ဖော်မှုကို မ‌လေးရှားနိုင်ငံရှိ ကချင်ဒုက္ခသည်များ‌ကော်မတီ(KRC)မှ ဦး‌ဆောင်ကာ ကချင်၊ ကရင်၊ ကရင်နီ၊ ရှမ်း၊ ရခိုင်၊ ချင်း၊ မွန် စသည့် တိုင်းရင်းသား အဖွဲ့အစည်းအသီးသီးမှ လူဦး‌ရေ ၂၀ဝ ‌ကျော်က မ‌လေးရှားနိုင်ငံ ကွမ်လမ်လာပူမြို့ရှိ မြန်မာသံရုံး အနီးတွင် တစ်နာရီ‌ကျော်အကြာ ဆန္ဒထုတ်‌ဖော်ခဲ့ကြခြင်း ဖြစ်သည်။

ကချင်ဒုက္ခသည်များ‌ကော်မတီမှ ဥက္ကဌ ဖြစ်သူ ဇခွန်‌ဒေါင်(Zahkung Dau)က “စစ်ပွဲ‌တွေက မရပ်‌သေးပဲ ဆက်ဖြစ်‌နေတယ်။ ဒုက္ခသည်‌တွေလည်း များလာတယ်။ မြန်မာနိုင်ငံအတွင်း ဖြစ်ပျက်‌နေတဲ့အရာ‌တွေကို နိုင်ငံတကာက ဆက်လက်သိရှိနိုင်ဖို့နဲ့ အစိုးရ‌ပြော‌နေတဲ့ ငြိမ်းချမ်း‌ရေးဖြစ်စဉ်ကို အမှန်တကယ်သိရှိပြီး အားလုံး ပူး‌ပေါင်းပါဝင် လာဖို့ အခုလို ဆန္ဒထုတ်‌ဖော်ခြင်းဖြစ်ပါတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းဆန္ဒထုတ်‌ဖော်ရာတွင် စစ်ပွဲများ အမြန်ဆုံးရပ်တန့်‌ပေးရန်၊ ဖက်ဒရယ်စနစ်အ‌ကောင်အထည်‌ဖော်‌ပေးရန်၊ စစ်မှန်သည့် ငြိမ်းချမ်း‌ရေးဖြစ်‌ပေါ်လာရန်၊ နိုင်ငံတကာမှလည်း ပူး‌ပေါင်းပါဝင်‌ပေးရန်၊ က‌လေးသူငယ်များနှင့် အမျိုးသမီးများ အ‌ပေါ်အကြမ်းဖက်မှုမပြုလုပ်ရန် အချက်များ အပါအဝင် အချက် ၇ ချက်ကို ‌တောင်းဆိုခဲ့ ‌ကြောင်း သိရသည်။

မ‌လေးရှား ကရင်အဖွဲ့အစည်း MKO မှ အတွင်း‌ရေးမှူး ‌နော်အယ်ဖိုးက “ ကျမတို့ ကရင်အဖွဲ့အစည်းအ‌နေနဲ့ အခုလို ပါဝင်လာရတာက တိုင်းရင်းသားအချင်းချင်းလည်း ဖြစ်တယ်။ ‌နောက်ပြီး စစ်ပွဲ‌တွေရပ်ဖို့နဲ့ စစ်မှန်တဲ့ ငြိမ်းချမ်း‌ရေးရဖို့ လိုလားတဲ့အ‌နေနဲ့ ပူး‌ပေါင်းပါဝင်ခြင်းဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဆန္ဒထုတ်‌ဖော်သူများမှာ မြန်မာသံရုံး‌ရှေ့တွင် ဆန္ဒထုတ်‌ဖော်ခွင့်မရဘဲ သံရုံးအနီး ကိုက် ၃၀ဝ အကွာတွင် ‌ကြွေ‌ကြော်သံများနှင့် ပိုစတာများ ကိုင်‌ဆောင်ကာဆန္ဒထုတ်‌ဖော်ခဲ့ကြပြီး ငြိမ်းချမ်း‌ရေး၊ အမျိုးသမီးများအ‌ပေါ် အကြမ်းဖက်မှုနှင့်ပတ်သက်သည့် သရုပ်‌ဖော်ပြသမှုများ လုပ်‌ဆောင်ခဲ့ကြသည်ဟု သိရသည်။

စစ်ပွဲများရပ်တန့်‌ရေးအတွက် ပါဝင်ဆန္ဒထုတ်‌ဖော်ခဲ့သည့် ကရင်လူငယ်တစ်ဦးဖြစ်သူ ‌စောဘီလီယံဝင်းကလည်း “ကျ‌နော်က‌တော့ လူသားချင်း စာနာ‌ထောက်ထားတာကို ပြချင်လို့၊ ဘုံရန်သူဖြစ်တဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့‌နေရာမှာ တိုင်းရင်းသားအား လုံးစည်းလုံးစွာပါဝင် ‌စေချင်လို့ပါ။ ဒီနှစ်ချက်‌ကြောင့် သွားဖြစ်တာ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အတူ ယ‌နေ့ ကချင်စစ်ပွဲ ၃နှစ်ပြည့်‌နေ့တွင် ဂျပန်၊ ဖိလစ်ပိုင်နိုင်ငံ‌ရောက် ကချင်တိုင်းရင်းသားများကလည်း ဆု‌တောင်းပွဲနှင့် ဆန္ဒ‌ဖော်ထုတ်မှုများပြုလုပ်ခဲ့သလို မြန်မာပြည်တွင်းရှိ ကချင်ပြည်နယ် လိုင်ဇာနှင့် ရန်ကုန်မြို့ ၌လည်း ကချင်ငြိမ်းချမ်း‌ရေးကွန်ယက်နှင့် တိုင်းရင်သားလူမှုအဖွဲ့အစည်းများက ဆု‌တောင်းပွဲအခမ်းအနားများ ကျင်းပခဲ့ကြ‌ကြောင်း သိရသည်။

‌ကေအိုင်‌အေနှင့် မြန်မာအစိုးရတို့သည် ၁၇ နှစ်‌ကျော်အကြာ အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူစာချုပ် ချုပ်ဆိုခဲ့ ပြီး‌နောက် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်၊ ဇွန်လတွင် နှစ်ဖက်တိုက်ပွဲများပြန်လည်ဖြစ်ပွားကာ ယခုထိ မရပ်တန့်နိုင်‌သေးဘဲ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျှက်ရှိသည်။