Home သတင်း သစ်‌တောနှင့် လယ်ယာ‌မြေပုံ‌ရေးဆွဲနည်းသင်တန်း ‌ကေအဲန်ယူဖွင့်လှစ်

သစ်‌တောနှင့် လယ်ယာ‌မြေပုံ‌ရေးဆွဲနည်းသင်တန်း ‌ကေအဲန်ယူဖွင့်လှစ်

1958

‌မေ ၁၄ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ဗဟိုလယ်ယာ‌မြေဌာနနှင့် ဗဟိုသစ်‌တောဌာနတို့မှ ဦးစီးပြီး သစ်‌တော‌မြေယာများ အတိအကျ တိုင်းထွာနိုင်ရန် ကွန်ပျူတာနှင့် ‌မြေပုံ‌ရေးဆွဲနည်း သင်တန်းတစ်ရပ်ကို မဲ‌ဆောက်မြို့တွင် ဧပြီ ၂၁ရက်‌နေ့မှ ‌မေလ ကုန်အထိ ပထမဆုံးအကြိမ် သင်တန်းဖွင့်လှစ်လျှက်ရှိသည်။

အဆိုပါ ‌မြေပုံ‌ရေးဆွဲနည်းသင်တန်းသည် ‌ကေအဲန်ယူ ခရိုင် ၇ခုမှ ကိုယ်စားပြုအဖြစ် သင်တန်းသား၊ သင်တန်းသူ စုစု‌ပေါင်း ၁၇ ဦး သင်တန်းတက်‌ရောက်ကြပြီး သင်တန်းဆရာ ၂ဦးဖြင့် သင်ကြားပို့ချ‌ပေး‌နေခြင်းဖြစ်သည်ဟု သင်တန်းဆရာလည်းဖြစ်၊ ‌မြေ ယာနှင့် သစ်‌တောသဘာဝအရင်းအမြစ် တာဝန်ခံ land forest and management ဖြစ်သူ ‌စောမာဘု‌စေးက ‌ပြောသည်။

“အခု ‌မြေပုံ‌ရေးဆွဲနည်းသင်တန်းဟာ သစ်‌တောကြိုးဝိုင်း တိရိစ္ဆာန်ကြိုးဝိုင်း လယ်ယာ‌မြေ စတဲ့‌နေရာ‌တွေကို တိုင်းပြီးရင် ကွန်ပျူ တာနဲ့ ဘယ်လို‌မြေပုံပြန်ဆွဲရမလဲ၊ ဘယ်လိုပြန်ထိန်းသိမ်းရမလဲ သင်‌ပေးတယ်။ သင်တန်းသူ‌တွေ လက်‌တွေ့ပြန်လုပ်တဲ့အခါ ဘယ်သူနဲ့ ပြန်ပူး‌ပေါင်းလုပ်ရမလဲ။ ‌နောက်တစ်ဆင့် သူတို့ ဘယ်လိုပြန်သင်ရမလဲ အဲဒါ‌တွေကို သင်‌ပေးတယ်”ဟု ‌စောမာဘု‌စေး က ‌ကေအိုင်စီသို့ ‌ပြောသည်။

သင်တန်းတက်‌ရောက်လာသည့် သင်တန်းသားသင်တန်းသူများသည် သင်တန်းပြီးဆုံးသွားသည့်အခါ ၎င်းတို့၏ သက်ဆိုင်ရာ ‌ဒေသများသို့ ပြန်လည်ကွင်းဆင်းရမည်ဖြစ်ပြီး ‌ကေအဲန်ယူ ဗဟိုမှ သတ်မှတ်ထိန်းချုပ်ထားသည့် နယ်‌မြေများကို အတိအကျ ပြန် လည်ပြုစုနိုင်ရန်လည်း ‌မျှော်လင့်‌ကြောင်းလည်း ၎င်းက ဆက်‌ပြောသည်။

ယခုသင်တန်းသည် ‌မြေယာစာရင်းအ‌ထောက်အထား အမှန်ရရှိ‌ရေးအတွက် ပြည်သူပိုင်ကြိုးဝိုင်း၊ တိရစ္ဆာန်ကြိုးဝိုင်း၊ တိုင်းရင်း ‌ဆေးကြိုးဝိုင်းများကို အ‌ထောက်အထားရှိရှိ ‌မြေပုံ‌ဖော်နိုင်ရန်၊ ‌မြေပုံများကို အစဉ်အဆက် ပြန်လည်ရရှိရန်၊ ‌ကေအဲန်ယူပိုင်သည့် ‌မြေများကို ပြင်ပစီးပွား‌ရေးသမားများ အတင်းအဓမ္မသိမ်းယူ၍ မရနိုင်ရန် ရည်ရွယ်သည်ဟုလည်း ဗဟိုသစ်‌တော လယ်ယာဌာန အတွင်း‌ရေးမှူး ပဒို‌စော‌လေ‌စေးက ‌ကေအိုင်စီသို့ ‌ပြောသည်။

ပဒို‌စော‌လေ‌စေးက “အခုသင်တန်းက ‌ကောင်းတယ်။ သင်တန်းက program က များ‌ပေမယ့် သင်တန်းတက်တဲ့သူ‌တွေက ကြိုး စားပြီးလုပ်ကြတယ်။ ဒီလိုသင်တန်းမျိုးကို လိုချင်တာကြာပြီ။ အခုမှ နည်းပညာ တိုးတက်လာတဲ့အတွက် တိုးတက်တဲ့ ပစ္စည်းကိ ရိယာ‌တွေနဲ့ တိုင်းတာလာနိုင်တယ်”ဟု ဆိုသည်။

ဒူးပလာယာခရိုင်မှ သစ်‌တောဌာန ‌မြေတိုင်းဌာနမှူး သင်တန်းသား ‌စော‌အေဘင်နှင်းဇာကလည်း “ကျ‌နော်က ‌မြေယာ‌တွေ ပြန် တိုင်းဖို့ အခုကတည်းက တိုင်းဖို့ ရှိ‌ပေမယ့် ပြည့်စုံတဲ့နည်းပညာ အခက်အခဲ‌တွေ ရှိလို့ အခုလို သင်တန်းလာတက်တာ ဖြစ်တယ်။ ဒီလို‌မြေပုံသင်တန်းဖွင့်ထားတာ အရင်က တစ်ခါမှ မရှိဘူး။ အခု သင်တန်းတက်ရတာ ဝမ်းသာတယ်။ ဒီသင်တန်းတက်ပြီးလို့ ကျ‌နော်တို့ ‌မြေယာပြန်တိုင်းတဲ့အခါမှာ အကျိုးရလဒ်‌တွေ ရလာမယ်”ဟု ‌ပြောဆိုသည်။

‌ကေအဲန်ယူ ဗဟိုသစ်တာနှင့် ဗဟိုလယ်ယာ‌မြေဌာန ဦးစီးပြုလုပ်သည့် ယခုသင်တန်းသည် အ‌ခြေအ‌နေ‌ပေါ် မူတည်၍ ‌နောင်လာ မည့်အချိန်ကာလများတွင်လည်း အလျဉ်းသင့်သလို ဖွင့်လှစ်သင်ကြားမှုများ ဆက်လက်ပြုလုပ်သွားရန်ရှိသည်ဟု ‌ကေအဲန်ယူက ‌ပြောသည်။