Home သတင်း ကရင်အမျိုးသားညီလာခံကို ၂၀၁၄ခုနှစ်အတွင်း ပြုလုပ်သွားမည်

ကရင်အမျိုးသားညီလာခံကို ၂၀၁၄ခုနှစ်အတွင်း ပြုလုပ်သွားမည်

1442

ဧပြီလ ၁ဝ ရက်၊ ၂၀၁၄ ခုနှစ်။ စဖန်း‌ရှောင်း

ကရင်လူထုတစ်ရပ်လုံး ပါဝင်နိုင်မည့် ကရင်အမျိုးသားညီလာခံကို ယခု ၂၀၁၄ခုနှစ်အတွင်း ကျင်းပသွားမည်ဖြစ်‌ကြောင်း ကရင် အမျိုးသားစည်းလုံး‌ရေးနှင့် ငြိမ်းချမ်း‌ရေး ‌ကော်မတီ(KUPC)အဖွဲ့ဝင် ‌နော်စူစဲနာလှလှစိုးက ‌ပြောဆိုလိုက်သည်။

ပြီးခဲ့သည့် ဧပြီလ ၁ဝရက်က မန္တ‌လေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ မြနန်း‌တော်ဟိုတယ်တွင် ကျင်းပခဲ့သည့် ကရင်အမျိုးသား စည်းလုံး ‌ရေးနှင့် ငြိမ်းချမ်း‌ရေးကြိုဆို‌ထောက်ခံ ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲ(အထက်မြန်မာပြည်)အပြီး မီဒီယာများနှင့်‌တွေ့ဆုံစဉ် ၎င်းက ယခုလို ‌ပြောကြားသွားခြင်းဖြစ်သည်။

“ကျမတို့ ဒီ‌နေ့‌ဆွေး‌နွေးပွဲမှာ သ‌ဘောတူထားတာက‌တော့ ဒီနှစ်အတွင်း ကရင်တစ်မျိုးသားလုံးပါတဲ့ ကရင်အမျိုးသား ညီလာခံ ကြီးတစ်ခု ကျင်းပမယ်‌ပေါ့၊ အချိန်နဲ့‌နေရာက‌တော့ မသတ်မှတ်ရ‌သေးဘူး။ ဒါ‌ပေမယ့် ‌သေချာတာတစ်ခုက‌တော့ အန်တီတို့ ကရင်‌တွေ စည်းစည်းစည်းလုံးလုံးနဲ့ ဘယ်လို နိုင်ငံ‌ရေးလုပ်ကြမလဲ။ ကရင်ပါတီ‌တွေ ဘယ်လိုပူး‌ပေါင်းကြမလဲ။ ကရင်လက်နက် ကိုင်အဖွဲ့အစည်း‌တွေ ဘယ်လိုပူး‌ပေါင်းကြမလဲ။ အဲဒီအချက်‌တွေ ပါမယ်လို့‌တော့ အန်တီထင်ပါတယ်’’ဟု ကရင်အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်‌ရေးအဖွဲ့(KWEG)မှ ဒါရိုက်တာ ‌နော်စူစဲနာလှလှစိုးက ရှင်းပြသည်။

ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ တနသင်္ာရီတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း များဖြစ်သည့် မယ်လ၊ အုန်းဖျန်ဒုက္ခသည်စခန်းတို့၌ ကျင်းပခဲ့‌သော လူထု‌ဆွေး‌နွေးပွဲများမှ ရရှိခဲ့သည့် အချက်အလက်များကို စုစည်းကာ ကရင်အမျိုးသားညီလာခံတစ်ရပ် ကျင်းပသွားမည်ဖြစ်‌ကြောင်း KUPC အဖွဲ့ဝင် ပဒို‌စောလှထွန်းက ‌ပြောသည်။

“ကျ‌နော်တို့ကရင်လူမျိုး‌တွေထဲက မတူညီတဲ့‌ဒေသ‌တွေထဲက ‌တောင်းဆိုတဲ့အချက်‌တွေကိုစုစည်းပြီး ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲတစ်ခု ထပ်လုပ်ရမှာဖြစ်ပါတယ်။ အဲဒီကရရှိလာတဲ့ အချက်လက်‌တွေကို ပြန်လည်ချပြ‌ဆွေး‌နွေးမယ်။ အဲဒီလိုအဆင့်ဆင့်သွားပြီးမှ ‌နောက်ဆုံး ကရင်တစ်မျိုးသားလုံး လက်ခံနိုင်တဲ့ အနာဂတ်ကို‌ဖော်‌ဆောင်နိုင်မယ့် ကရင်အမျိုးသားညီလာခံကို ကျင်းပသွားမှာ ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါ‌ဆွေး‌နွေးပွဲတွင် ကရင်အမျိုးသားအစည်းအရုံး(KNU)မှ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ပဒို‌စောကွယ်ထူးဝင်း၊ ကရင်လက်နက် ကိုင်အဖွဲ့များ စည်းလုံးညီညွတ်‌ရေး‌ကော်မတီမှ အတွင်း‌ရေးမှူး ဗိုလ်မှူးကြီး‌စော‌ဖောဒို(KNU)၊ ဖလုံ-စ‌ဝေါ်ဒီမို ကရက်တစ်ပါတီ ဒုတိယဥက္ကဌ မန်း‌အောင်ပြည်စိုးတို့ တက်‌ရောက်ခဲ့ကြပြီး ပဒို‌စောကွယ်ထူးဝင်းက လက်ရှိ ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်မှုဖြစ်စဉ်ကို ရှင်းလင်းတင်ပြပြီး တက်‌ရောက်လာသည့် ကရင်လူထုကိုယ်စားလှယ်များ၏ ‌မေးမြန်းမှုများကို ပြန်လည် ‌ဖြေကြားခဲ့ကြသည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှ တက်‌ရောက်လာသည့် ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ‌စောဝင်းနိုင်က “ကရင်အမျိုးသားစည်းလုံး ဖို့ကို ဖြစ်‌စေချင်တဲ့အတွက်ရယ်၊ ကျ‌နော်တို့ဆီမှာစာ‌ပေကို ဘယ်စာ‌ပေအတည်ပြုမလဲ အဲဒါလာ‌လေ့လာတာပါ။ ကျ‌နော်တို့အ‌နေ နဲ့ အခုလိုတက်‌ရောက်တာ ပထမဆုံးအကြိမ်အဖြစ် တက်‌ရောက်ခြင်း ဖြစ်ပါတယ်။ ‌နောက်လာမယ့် ညီလာခံ‌တွေကို ပါဝင်နိုင် ‌အောင် အတတ်နိုင်ဆုံး ကြိုးစား‌ဆောင်ရွက်မှာပါ”ဟု ‌ပြောသည်။

၎င်းအပြင် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ တနသင်္ာရီတိုင်းရှိ ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီးများ၊ ကရင်အမျိုးသမီးများ ဖွံ့ဖြိုးတိုး တက်‌ရေးအဖွဲ့(KWEG)နှင့်ရန်ကုန်၊ မန္တ‌လေး၊ ‌နေပြည်‌တော်၊ ‌တောင်ကြီး၊ လားရှိူး၊ မူဆယ်၊ ပြင်ဦးလွင်၊ ဖားအံ၊ ထားဝယ်၊ ဖား ကန့်၊ ဗန်း‌မော်၊ မြစ်ကြီးနား၊ မဘိမ်း စသည့်မြို့များရှိ ကရင်လူထု ကိုယ်စားလှယ်များ အပါအဝင် လူ ၁၀၀‌ကျော် တက်‌ရောက်ခဲ့ ကြသည်။

ကရင်အမျိုးသားစည်းလုံး‌ရေးနှင့် ငြိမ်းချမ်း‌ရေး‌ကော်မတီ(KUPC)ကို ၂၀၁၃ခုနှစ်၊ မတ်လ ၃ဝရက်‌နေ့က ဖားအံမြို့တွင် စတင် ဖွဲ့စည်းခဲ့ပြီး ကရင်တိုင်းရင်းသားလက်နက်ကိုင်များ၊ တိုင်းရင်းသား‌ရေးရာဝန်ကြီးများ၊ ဘာသာ‌ရေး‌ခေါင်း‌ဆောင်များ၊ လူမှုအဖွဲ့ အစည်းများ၊ ကရင်နိုင်ငံ‌ရေးပါတီဝင်များဖြင့် အဖွဲ့ဝင်‌ပေါင်း ၅၇ဦးဖြင့် ဖွဲ့စည်းထားသည်။