Home သတင်း တိုင်းရင်းသား ‌တော်လှန်‌ရေးအဖွဲ့များနှင့် နိုင်ကျဉ်း‌ဟောင်းစာရင်း ပူး‌ပေါင်း‌ကောက်ယူမည်ဟု AAPP ‌ပြော

တိုင်းရင်းသား ‌တော်လှန်‌ရေးအဖွဲ့များနှင့် နိုင်ကျဉ်း‌ဟောင်းစာရင်း ပူး‌ပေါင်း‌ကောက်ယူမည်ဟု AAPP ‌ပြော

1894

မတ်လ ၆ ရက်၊ ၂၀၁၄ ခုနှစ်။ ‌စောထွန်းလင်း

နိုင်ငံ‌ရေး အကျဉ်းသား‌ဟောင်းများစာရင်း မှတ်တမ်း‌ကောက်ယူရာ၌ တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေး အဖွဲ့များနှင့် ပူး‌ပေါင်း‌ဆောင်ရွက်မည်ဖြစ်‌ကြောင်း နိုင်ငံ‌ရေးအကျဉ်းသားများကူညီ‌စောင့်‌ရှောက်‌ရေးအသင်း-မြန်မာနိုင်ငံ(AAPP)က ယ‌နေ့ မတ်လ ၆ရက်‌နေ့တွင် ‌ပြောဆိုလိုက်သည်။

ရန်ကုန်တိုင်း၊ သဃင်္န်ကျွန်းမြို့နယ်ရှိ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းရုံး၌ ယ‌နေ့နံနက် ၁ဝ နာရီမှ ၁၁ နာရီခွဲအထိ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် AAPP အတွင်း‌ရေးမှူး ဦးတိတ်နိုင်က ‌ကေအိုင်စီသို့ ထိုသို့ ‌ပြောဆိုလိုက်ခြင်းဖြစ်သည်။

“လက်နက်ကိုင် ‌တော်လှန်‌ရေးနဲ ့ပတ်သက်ပြီး‌တော့ ‌ထောင်ကျခဲ့တဲ့သူ‌တွေကို နိုင်ငံ‌ရေးအကျဉ်းသားအဖြစ် ကျ‌နော်တို့ သတ်မှတ်ထားပါတယ်။ ဒီစာရင်း‌ကောက်တဲ့အခါမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့‌တွေနဲ့ ဆက်သွယ်ပြီး‌တော့ ‌ကောက်ဖို့ရှိတယ်။ ဥပမာ တနသာင်္ရီတိုင်းမှာဆို ‌ကေအဲန်ယူနဲ့တဆင့် ‌ကောက်တာ‌တွေရှိ မယ်။ ဆက်ဆံ‌ရေးရုံး‌တွေက‌နေတဆင့် လုပ်သွားမယ်။ ဆက်ဆံ‌ရေးရုံးမရှိရင် ဆိုင်ရာဗဟိုက‌နေတဆင့် ချိတ်ဆက်‌ကောက်မယ်”ဟု ဦးတိတ်နိုင်က ‌ပြောသည်။

ယခုသတင်းစာရှင်းလွင်းပွဲတွင် နိုင်ကျဉ်း‌ဟောင်းများစာရင်းကို သမိုင်းမှတ်တမ်းကျန်ရစ်‌စေရန်၊ အချင်းချင်း ဆက်သွယ်ပြီး အပြန်အလှန် ကူညီနိုင်ရန်၊ ယင်းတို့ဖြစ်သန်းရမှုအ‌ခြေအ‌နေကို ပြည်သူလူထုသိရှိပြီး အသိအမှတ်ပြုနားလည်လာ‌စေရန်၊ စိတ်ဒဏ် ရာများနှင့် ပျက်စီးခဲ့သည့် ဘဝများ ပြန်လည်ထူ‌ထောင်ရာတွင် အ‌ထောက်အကူပြုနိုင်ရန်၊ အသွင်‌ပြောင်းကာလ အမှန်တရား‌ဖော်ထုတ်ကာ တရားမျှတသည့် အစီအစဉ်များကို အ‌ထောက်အကူပြုရန် ရည်ရွယ်‌ကောက်ယူခြင်းဖြစ်‌ကြောင်းလည်း AAPP က ဆိုသည်။

သတင်းစာရှင်းလင်းပွဲတွင် AAPP မှ အတွင်း‌ရေးမှူး ဦးတိတ်နိုင်အပါအဝင် မြန်မာပြည်တွင်းတွင် အ‌ခြေစိုက်သည့် နိုင်ငံ‌ရေး အကျဉ်းသား‌ဟောင်းများအဖွဲ့(FPPS)မှ ကိုပြုံးချို၊ ဦးသန့်ဇင်၊ ဦးမြင့်‌အောင်နှင့် အခြားနိုင်ငံ‌ရေးသမား များ၊ သတင်း‌ထောက်များ စုစု‌ပေါင်း လူ ၄ဝ ခန့် တက်‌ရောက်ခဲ့သည်။

လက်ရှိ AAPP နှင့် FPPS တို့ပူး‌ပေါင်း၍ ၁၉၆၂ ခုနှစ်မှ ယ‌နေ့အထိ အမျိုးသား‌ရေး၊ ဒီမိုက‌ရေစီအ‌ရေး၊ စစ်အာဏာရှင်စနစ်ကျဆုံး‌ရေး စသည့်နိုင်ငံ‌ရေး လှုပ်ရှားမှုများနှင့်ဆက်နွယ်ပြီး ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည့် နိုင်ငံ‌ရေး အကျဉ်းသား/သူ စာရင်းကို ၂၀၁၄ ဇန်နဝါရီ ၁၄ ရက်‌နေ့မှစတင်ကာ နိုင်ငံတစ်ဝှမ်းလုံးအတိုင်း အတာအဖြစ် ‌ခြောက်လကြာ အချိန်ယူ‌ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း သိရသည်။

ထိုသို့ နိုင်ငံ‌ရေးအကျဉ်းသား‌ဟောင်းစာရင်း‌ကောက်ယူ‌ရေးတွင် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်(NLD)၊ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်း၊ ရှမ်းတိုင်းရင်းသားများ ဒီမိုက‌ရေစီအဖွဲ့ချုပ်(SNLD)တို့နှင့်လည်း ပူး‌ပေါင်းလုပ် ‌ဆောင်သွားမည်ဖြစ်သည်ဟုလည်း AAPP နှင့် FPPS က ဆိုသည်။

နိုင်ငံ‌ရေး အကျဉ်းသား‌ဟောင်းများစာရင်း၏ စာရင်း‌ကောက်ယူမှုနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ (Photo-KIC)
နိုင်ငံ‌ရေး အကျဉ်းသား‌ဟောင်းများစာရင်း၏ စာရင်း‌ကောက်ယူမှုနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ (Photo-KIC)

ထို့အပြင် အစိုးရအ‌နေဖြင့် အသွင်ကူး‌ပြောင်း‌ရေးလုပ်‌ဆောင်‌နေ‌သော်လည်း လက်ရှိတိုင်းရင်းသားများနှင့် ငြိမ်း ချမ်း‌ရေးကိစ္စ မပြီးပြတ်ပါက မတရားအသင်းဆက်သွယ်မှုပုဒ်မများဖြင့် အ‌ရေးယူခံရနိုင်သည့် အ‌ခြေအ‌နေများ ရှိကာ ဖွဲ့စည်းပုံပြင်‌ရေးလှုပ်ရှားမှု၊ ‌မြေယာသိမ်းစည်းမှု၊ လုပ်ခလစာ ပြဿနာများ‌ကြောင့် နိုင်ငံ‌ရေးအကျဉ်းသား များ ထွက်‌ပေါ်လာရန် အလားအလာများရှိ‌နေသည်ကို ‌တွေ့ရပြီး စိုးရိမ်မှုများရှိ‌ကြောင်း အထက်မြန်မာပြည် နိုင်ငံ‌ရေးအကျဉ်းသား များကွန်ရက်မှ ဦးသန် ့ဇင်က သတင်းစာရှင်းလင်းပွဲတွင် ‌ပြောဆိုခဲ့သည်။

လက်ရှိ စာရင်းစတင်‌ကောက်ယူသည့် တစ်လ‌ကျော်အတွင်းတွင် နိုင်ငံ‌ရေးအကျဉ်းသား‌ဟောင်း ၁,၀၀ဝ ‌ကျော် စာရင်းရရှိထားပြီး ၁၉၆၂ ခုနှစ်၌ နအဖ စစ်အစိုးရလက်ထက်အထိ ‌ခေတ်အဆက်ဆက် ဖမ်းဆီးခံရသူ‌ပေါင်း ‌သောင်းချီရှိနိုင်‌ကြောင်း AAPP နှင့် FPPS တို့က ခန့်မှန်းထားသည်။