Home သတင်း စာရင်းစစ်ဆရာမများ သန်း‌ခေါင်စာရင်းဇယား ပြန်လည်ပြုစု‌နေ

စာရင်းစစ်ဆရာမများ သန်း‌ခေါင်စာရင်းဇယား ပြန်လည်ပြုစု‌နေ

3134

မတ် ၃ဝရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ဝေဖြိုးဇာ

သန်း‌ခေါင်စာရင်း‌ကောက်မည့်အချိန်တွင် လူဦး‌ရေနှင့် အိမ်‌ခြေအမှန် ရရှိ‌စေရန်အတွက် ကြိုတင်‌ကောက်ယူသည့် အိမ်‌ခြေစာရင်း များကို ယမန်‌နေ့ မတ်လ ၂၉ရက်‌နေ့ ည‌နေတွင် ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ သန်း‌ခေါင်စာရင်းစစ်ဆရာမများက စာရင်းအပြီး ပြန် လည်ပြုစုမည်ဟု သိရသည်။

လက်ရှိ အိမ်‌ခြေစာရင်းများသည် ယခင် အစိုးရစာရင်းထက် ပိုပြီးများပြားလာသည့်အတွက် ယခုသန်း‌ခေါင်စာရင်း ‌မေးခွန်းစာ ရွက် ထုတ်သည့်အခါတွင် လျာထားသည့် ‌မေးခွန်းစာရွက်ထက် လိုအပ်၍ ယခုလို စာရင်းပြန်လည်ပြုစုထားရခြင်းဖြစ်သည်ဟု ကရင်ပြည်နယ် ဖားအံမြို့ သန်း‌ခေါင်စာရင်းစစ် ဆရာမ ‌ဒေါ်ခင်မာချိုက ‌ပြောသည်။

သူမက “စာရင်း‌ကောက်တာ‌တော့ မဟုတ်ဘူး‌ပေါ့‌နော်။ သူတို့ကို‌တော့ မ‌ကောက်‌သေးဘူး။ မ‌ကောက်‌သေးတဲ့အတွက် ဒီအိမ်မှာ လက်ရှိလူဦး‌ရေ ဘယ်‌လောက်ရှိလဲဆိုတာကို‌တော့ အကြမ်းအားဖြင့် စာရင်းယူထားတာ။ ပြီး‌တော့ အဲဒီယူထားတဲ့စာရင်း‌တွေက (လဝက)ကို အပ်ထားတယ်။ ပြီး‌တော့မှ လူဦး‌ရေဘယ်‌လောက် ထွက်လာမလဲ ‌မေးခွန်းစာရွက် ဘယ်‌လောက်ထုတ်ရမလဲ‌ပေါ့ ‌နော်။ ဒါ‌ပေမဲ့ အခုယူထားတဲ့စာရင်းက အတည်မဟုတ်ဘူး‌ပေါ့‌နော်။ ကြိုပြီး‌တော့ စာရင်းယူထားတဲ့သ‌ဘောပဲ ရှိ‌သေးတာပါ”ဟု ‌ပြောဆိုသည်။

ဖားအံမြို့ အမှတ် ၉ရပ်ကွက်‌နေ ‌စောလွမ်း‌နေဦးက “ကျ‌နော့်အိမ်မှာ‌တော့ လူကြီး‌တွေက သန်း‌ခေါင်းစာရင်း‌ကောက်ဖို့ဆိုပြီး စာ ရွက်နှစ်ရွက်လာ‌ပေးတယ်။ တစ်ရွက်က အိမ်‌ထောင်စုစာရင်းပုံစံနဲ့တူတယ်။ အဲဒါကို ကိုယ့်အိမ်မှာရှိတဲ့ လူဦး‌ရေစာရင်း‌တွေကို အဲ့မှာထည့်ပြီး‌တော့ အုပ်ချုပ်‌ရေးမှူးအိမ်ကို သွား‌ပေးရတယ်။ ‌နောက်တစ်ရွက်က လက်ကမ်းစာ‌စောင်‌ပေါ့‌နော်။ အဲဒီထဲမှာ သန်း ‌ခေါင်စာရင်း‌ကောက်မဲ့ ရည်ရွယ်ချက်‌တွေပါတယ်”ဟု ၎င်းက ‌ပြောသည်။

အလားတူပင် သန်း‌ခေါင်စာရင်း‌ကောက်ယူသည့်အချိန်တွင် အဆင်သင့်ရှိ‌စေရန်အတွက် သင်တန်းတက်ပြီးချိန်မှစ၍ ‌ကောက်ခံရ မည့် ‌ကျေးရွာလူထုများကို လက်လှမ်းမှီသမျှ ကြိုတင်‌ပြောပြထားပြီး ‌ကောက်ရမည့်အိမ်‌ခြေများကို ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးမှတ ဆင့် ကြိုတင်အသိ‌ပေးထားခြင်းဖြစ်သည်ဟု ကရင်ပြည်နယ်၊ ‌ကော့ကရိ်တ်မြို့နယ်‌တောင်ပိုင်း ‌ကျေးရွာသန်း‌ခေါင်စာရင်းစစ်သူ ဆရာမ နန်းစန်းစန်းဦးက ‌ပြောသည်။

အဆိုပါ သန်း‌ခေါင်စာရင်း‌ကောက်ရန်အတွက် မတ်လ ၂၉ ရက်‌နေ့ည‌နေတွင် ဖားအံမြို့အတွင်းရှိ ပြည်သူပိုင်‌နေရာများဖြစ်‌သော ‌ဆေးရုံ၊ ‌ဆေးခန်း၊ တည်းခိုခန်း၊ အကျဉ်း‌ထောင် စသည့်‌နေရာများသို့ စာရင်း‌ကောက်ရန် ည‌နေ ၆နာရီအချိန်တွင် သန်း‌ခေါင်စာ ရင်း ‌မေးခွန်းစာရွက်များကို စာရင်းစစ်ဆရာမက ထုတ်‌ပေးမည်ဖြစ်ပြီး ည‌နေ ၇နာရီအချိန်တွင် စာရင်း‌ကောက်များက အဖွဲ့အ စည်းပိုင်‌နေရာများကို စတင် ‌ကောက်ယူသွားမည်ဖြစ်သည်ဟု စာရင်း‌ကောက်သူများ၏ ‌ပြောပြချက်များအရ သိရသည်။