Home သတင်း ကရင်လူငယ်များ အမြင်ကျယ်လာ‌စေရန် ဒူးပလာယာခရိုင် KYO နှီး‌နှောဖလှယ်ပွဲပြုလုပ်

ကရင်လူငယ်များ အမြင်ကျယ်လာ‌စေရန် ဒူးပလာယာခရိုင် KYO နှီး‌နှောဖလှယ်ပွဲပြုလုပ်

1644
(ဒူးပလာယာခရိုင် KYO ဦးစီးကျင်းပသည့် ကရင်လူငယ်နှီး‌နှောဖလှယ်ပွဲ - Photo - KYO)

မတ် ၇ရက်၊ ၂၀၁၄ခုနှစ်။ ‌ကေအိုင်စီ

ဒူးပလာယာခရိုင် ကရင်လူငယ်အစည်းအရုံး(KYO)မှ ဦး‌ဆောင်၍ ကရင်လူငယ်များ အမျိုးသား‌ရေး၊ နိုင်ငံ ‌ရေးအ‌မြော်အမြင်ကျယ်လာပြီး ‌ပြောရဲဆိုရဲရှိလာ‌အောင် ရည်ရွယ်၍ ကရင်ပြည်နယ်၊ ဝင်း‌ရေးမြို့နယ် ‌တောင် ဒီး‌ကျေးရွာတွင် လူငယ်နှီး‌နှောဖလှယ်ပွဲတစ်ရပ်ကို ‌ဖေ‌ဖော်ဝါရီ ၂၇ မှ ၂၈ ရက်‌နေ့အထိ နှစ်ရက်ကြာ ကျင်းပခဲ့သည်။

၎င်းနှီး‌နှောဖလှယ်ပွဲဖြစ်‌မြောက်‌ရေး ဦး‌ဆောင်ပါဝင်ခဲ့သူ ဒူးပလာယာခရိုင် KYO စည်းရုံး‌ရေးမှူး ‌စောယိုရှီးက “ကျ‌နော် တို့ ဒူးပလာယာခရိုင်အတွင်းမှာရှိတဲ့ လူငယ်‌တွေ ‌တွေ့ဆုံအမြင်ဖလှယ်ခြင်းအားဖြင့် အသိအမှတ်ပြု မှု‌တွေ ရလာမယ်။ ဒီလိုနဲ့ လူငယ်‌တွေဟာ အမြင်ပွင့်လာပြီး အမျိုးသား‌ရေးအ‌ပေါ် ‌ရှေ့ဆက်ဘယ်လို ပူး‌ပေါင်း‌ဆောင်ရွက်ကြမလဲဆိုတာ နားလည်လာမယ်”ဟု နှီး‌နှောဖလှယ်ပွဲတွင် ‌ပြောကြားခဲ့သည်။

ဝင်း‌ရေးမြို့နယ်အတွင်း ကရင်ရွာ‌ပေါင်း ၁၄ ရွာမှ ကရင်လူငယ်အမျိုးသမီး၊ အမျိုးသား ၁၀၆ ဦး တက်‌ရောက် ခဲ့သည့် ယင်းနှီး‌နှော ဖလှယ်ပွဲတွင် လက်ရှိ လူငယ်များအမျိုးသား‌ရေး အ‌ခြေအ‌နေအ‌ပေါ်အမြင်သ‌ဘော ထား၊ မတ်လအတွင်း ‌ကောက်ယူမည့် ၂၀၁၄ သန်း‌ခေါင်စာရင်းဆိုင်ရာအချက်အလက်နှင့် လက်ရှိ ပြည်တွင်းငြိမ်းချမ်း‌ရေးအ‌ခြေ အ‌နေ သုံးရပ်ကို ‌ဆွေး‌နွေးခဲ့ကြသည်ဟုလည်း သိရသည်။

နှီး‌နှောဖလှယ်တွင် ပါဝင်‌ဆွေး‌နွေးခဲ့သည့် ‌တောင်ဒီး‌ကျေးရွာမှ နန်းယုယုလွင်က “ဒီလူငယ်နှီး‌နှောဖလှယ် ခြင်း အစီအစဉ် ကျင်းပ‌ပေးတဲ့အတွက် လူငယ်‌တွေလည်း အမျိုးသား‌ရေးလုပ်ငန်းမှာ ညီညီညွှတ်ညွှတ်လုပ် ‌ဆောင်လာနိုင်တယ်။ ကိုယ့်လူမျိုး၊ ကိုယ့်စာ‌ပေ၊ ကိုယ့်ယဉ်‌ကျေးမှုအတွက်လည်း အ‌ထောက်အကူပြုပါ တယ်။ နိုင်ငံ‌ရေးအ‌ခြေအ‌နေလည်း သိခဲ့ရတယ်”ဟု ‌ပြောသည်။

ထို့အပြင် ဝင်း‌ရေးမြို့နယ်အတွင်းရှိ ထွိ‌မောင်ထို‌ကျေးရွာမှ ‌စောစီကလာလည်း ယခုလူငယ်နှီး‌နှောဖလှယ်ပွဲ နှင့်ပတ်သက်၍ လူငယ်များအတွက် အသိဉာဏ်၊ အ‌တွေးအမြင်များ ပွင့်လင်းလာသည့်အတွက် ‌ရှေ့ဆက် ပုံမှန် ကျင်းပသွားလို‌ကြောင်း နှီး‌နှောဖလှယ်ပွဲတွင် ‌ပြောကြားခဲ့သည်။

ကရင်ပြည်နယ်အတွင်းရှိ ဒူးပလာယာခရိုင် KYO လှုပ်ရှားနယ်‌မြေထဲတွင် ကရင်လူငယ်နှီး‌နှောဖလှယ်ပွဲကို တစ်နှစ်လျှင် တစ်ကြိမ်ဖြင့် ပြုလုပ်သွားလိုသည်ဟု နှီး‌နှောဖလှယ်ပွဲ တက်‌ရောက်သူည့် လူငယ်များက အကြံပြုထား‌ကြောင်း သိရသည်။