Home သတင်း ကယားပြည်နယ် အရပ်ဖက်လူမှုအဖွဲ့အစည်းများ ‌မြေမြုပ်မိုင်းပညာ‌ပေး‌ရေးလုပ်‌ဆောင်မည်

ကယားပြည်နယ် အရပ်ဖက်လူမှုအဖွဲ့အစည်းများ ‌မြေမြုပ်မိုင်းပညာ‌ပေး‌ရေးလုပ်‌ဆောင်မည်

1269

မတ်လ ၂ဝရက်၊ ၂၀၁၄ခုနှစ်။ စဖန်း‌ရှောင်း

ကယား(ကရင်နီ)ပြည်နယ်အတွင်း ‌မြေမြှုပ်မိုင်း အသိပညာ‌ပေး‌ရေး လုပ်ငန်းများကို အ‌မေရိကန်အစိုးရက ‌ပေးအပ်မည့် အကူအ ညီဖြင့် ကယား အရပ်ဖက်လူမှုအဖွဲ့အစည်းများက ကျယ်ကျယ်ပြန့်ပြန့် လုပ်‌ဆောင်သွားမည်ဖြစ်‌ကြောင်း သိရသည်။

ကယားလူမှုအဖွဲ့အစည်း (၆)ဖွဲ့က ‌ဆောင်ရွက်မည့် မိုင်းအန္တရာယ် အသိ‌ပေးခြင်းလုပ်ငန်းများကို ပြည်နယ်အတွင်း နယ်‌မြေအ လိုက် လုပ်‌ဆောင်သွားမည်ဖြစ်‌ကြောင်း ကယားဖူး ခရစ်ယာန်လူမှုဝန်ထမ်း‌စောင့်‌ရှောက်‌ရေးဌာန တွဲဖက်တာဝန်ခံ ခူးက‌လော် ရယ်က ‌ပြောဆိုသည်။

“အခု ‌လော‌လောဆယ် ကယားဖူးအ‌နေနဲ့‌တော့ မိုင်းအသိပညာ‌ပေး‌ရေးကို ပိုမိုလုပ်ဖြစ်မယ်။ အဲဒီက‌နေ ရွာလူထု‌ခေါင်း‌ဆောင် ‌တွေ၊ လူငယ်‌ခေါင်း‌ဆောင်‌တွေနဲ့ ‌တွေ့ဆုံပြီးဆက်လုပ်သွားမယ်။ လွိုင်‌ကော်မြို့နယ်ထဲက ၅ရွာ၊ ရှား‌တောမြို့နယ်ထဲက ၃ရွာကို ကျ‌နော်တို့အဖွဲ့က သတ်မှတ်ထားတယ်။ အခြားအဖွဲ့‌တွေလည်း သူတို့လုပ်ဖို့ သတ်မှတ်ထားတဲ့‌နေရာ‌တွေ ရှိတယ်”ဟု ခူးက‌လော် ရယ်က ‌ပြောသည်။

၎င်းအပြင် မိုင်းအသိပညာ‌ပေးလုပ်ငန်းများကို ကယားပြည်နယ်အစိုးရအဖွဲ့၊ ကရင်နီအမျိုးသားတိုးတက်‌ရေးပါတီ(KNPP)တို့နှင့်အ တူ ညှိနှိုင်းကာ ဆက်လက် ပူး‌ပေါင်းလုပ်‌ဆောင်သွားမည်ဖြစ်‌ကြောင်း ခူးက‌လော်ရယ်က ဆက်လက် ‌ပြောဆိုသည်။

ကယားပြည်နယ်အတွင်း ယခုအစီအစဉ်အတွက် ကယားလူမှုအဖွဲ့အစည်းများဖြစ်သည့် ကယားဖူး၊ YLFC၊ ‌ပေးဆပ်အလင်းတန်း၊ Union Karenni State Youth-UKSY၊ ကယန်းမျိုးဆက်သစ်လူငယ်(Kayar new Generation Youth-KNGY) နှင့် Community youth Center တို့မှ လုပ်‌ဆောင်သွားမည်ဖြစ်‌ကြောင်း သိရသည်။

အဆိုပါအဖွဲ့အစည်းများအ‌နေဖြင့် မိုင်းအန္တရာယ်အသိပညာ‌ပေးခြင်းများအပြင် ‌ခေါင်း‌ဆောင်မှုသင်တန်းများ၊ အသက်‌မွေးဝမ်း ‌ကြောင်းဆိုင်ရာ သင်တန်း‌ပေးခြင်းများကို လုပ်‌ဆောင်‌ပေးသွားမည်ဖြစ်‌ကြောင်း အ‌မေရိကန်သံရုံး၏ ထုတ်ပြန်ချက်တွင် ‌ဖော်ပြ ထားသည်။

ထိုသို့လုပ်‌ဆောင်နိုင်ရန် အ‌မေရိကန်အစိုးရက အ‌မေရိကန်‌ဒေါ်လာ တစ်သိန်းတစ်‌သောင်းကို ‌ဒေသခံ ကယားလူမှုအဖွဲအစည်း များထံသို့ ‌ပေးအပ်သွားမည်ဟု သံရုံးက ထုတ်ပြန်ထားသည်။

ကယားပြည်နယ်အတွင်း မြို့နယ် ၇မြို့နယ် အပါအဝင် ကရင်ပြည်နယ်၊ ပဲခူးတိုင်း‌ဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ တနသင်္ာရီတိုင်း‌ဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ် စသည့်ပြည်နယ်နှင့် တိုင်း‌ဒေသကြီး ၉ခုရှိ မြို့နယ် ၄၉မြို့ နယ်များတွင် ‌မြေမြုပ်မိုင်းအန္တရာယ် အများဆုံးကြုံ‌တွေ့‌နေရ‌ကြောင်း နိုင်ငံတကာ‌မြေမြုပ်မိုင်းအသုံးပြုမှု ‌စောင့်ကြည့်‌လေ့လာ‌ရေး အဖွဲ့ (ICBL)၏ ၂၀၁၃ခုနှစ် အစီရင်ခံစာအရ သိရသည်။