Home သတင်း DKBA ‌ခေါင်း‌ဆောင် ဗိုလ်ချုပ်ကြီး‌စောလားပွယ် ‌ဆေးကုသမှု ‌လေးကြိမ်ပြုလုပ်ရန် လိုအပ်

DKBA ‌ခေါင်း‌ဆောင် ဗိုလ်ချုပ်ကြီး‌စောလားပွယ် ‌ဆေးကုသမှု ‌လေးကြိမ်ပြုလုပ်ရန် လိုအပ်

1922

‌ဖေ‌ဖော်ဝါရီ ၁ဝရက်၊ ၂၀၁၄ခုနှစ်။ စဖန်း‌ရှောင်း

လည်‌ချောင်း‌ရောဂါ‌ဝေဒနာ‌ကြောင့် စကင်္ာပူနိုင်ငံသို့ သွား‌ရောက်‌ဆေးကုသမှုခံယူလျက်ရှိ‌သော ဒီမိုက‌ရေစီအကျိုးပြုကရင့်တပ်မ ‌တော် (DKBA)၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး‌စောလားပွယ်၏ ကျန်းမာ‌ရေးအ‌ခြေအ‌နေမှာ ပြန်လည်‌ကောင်းမွန်လာလျက်ရှိပြီး ‌ဆေးကုသမှု‌လေးကြိမ် ခံယူရမည်ဖြစ်‌ကြောင်း သိရသည်။

DKBA ဗျူဟာမှူး ဗိုလ်မှူးကြီး‌စောဆန်း‌အောင်က “ဆရာဝန်‌တွေရဲ့ ‌ပြောပြချက်အရ ပြန်ကြားရတာ ၇၅ရာခိုင်နှုန်း‌လောက် ပြန် ‌ကောင်းလာတယ်လို့‌ပြောတယ်။ အခုလာမဲ့ သီတင်းပတ်ထဲမှာ‌တော့ ‌နောက်တစ်‌ခေါက်ပြန်ပြီး ပြသဖို့ရှိတယ်လို့ သိရတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလဆန်းပိုင်းက စကင်္ာပူနိုင်ငံရှိ Glen Eagle ‌ဆေးရုံတွင် ပထမဆုံးအကြိမ် ကုသမှုအဖြစ် တစ်လကြာမျှ ‌ဆေး ကုသမှုခံယူခဲ့ပြီး‌နောက်ပိုင်း ကျန်းမာ‌ရေးအ‌ခြေအ‌နေမှာ တိုးတက်လာသည့်အတွက် ‌ဖေ‌ဖော်ဝါရီလ ၁ရက်‌နေ့က မြန်မာနိုင်ငံသို့ ပြန်လည်‌ရောက်ရှိလာခဲ့ပြီး ရန်ကုန်မြို့တွင် အနားယူလျက်ရှိ‌ကြောင်းလည်း ဗိုလ်မှူးကြီးဆန်း‌အောင်က ဆက်‌ပြောသည်။

ဗိုလ်ချုပ်ကြီး၏ ကျန်းမာ‌ရေးအ‌ခြေအ‌နေအရ အစာ‌ရေစာများကို လည်‌ချောင်းမှတဆင့် ပြွန်ဖြင့်ဆက်ထားရပြီး လက်ရှိ ကျန်းမာ ‌ရေး‌ကောင်းမွန်သည့် အ‌နေအထားမျိုးကို မြင်‌တွေ့ရ‌ကြောင်း မြန်မာ့ငြိမ်းချမ်း‌ရေးစင်တာ(MPC) အဖွဲ့ဝင် ဦးညိုအုန်းမြင့်က ယခုလို ‌ပြောသည်။

“အရင်က စကင်္ာပူမသွားခင်ထက်စာရင် ‌တော်‌တော်ပြန်‌ကောင်းလာတာ ‌တွေ့ရပါတယ်။ ဗိုလ်ချုပ်ကြီးက‌တော့ အခုစကားလည်း ပြန်‌ပြောလာနိုင်ပါပြီ။ ကျ‌နော်တို့နဲ့ တစ်နာရီခွဲ‌ကျော်‌လောက် လက်ခံစကား‌ပြောနိုင်တယ်။ ကျန်းမာ‌ရေးအ‌ခြေအ‌နေက‌တော့ စိုးရိမ်စရာ အ‌နေအထား မရှိ‌တော့ဘူးလို့ ‌ပြောလို့ရပါတယ်”ဟု ဦးညိုအုန်းမြင့်က ‌ကေအိုင်စီသို့ ‌ပြောသည်။

အလားတူ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေး ‌ကော်မတီ၏ ဒုဥက္ကဌ ပြည်‌ထောင်စုဝန်ကြီးဦး‌အောင်မင်းနှင့် အဖွဲ့ဝင်များကလည်း သွား ‌ရောက်‌တွေ့ဆုံကာ အား‌ပေးစကား ‌ပြောကြားခဲ့ပြီး ပြည်ပသို့သွား‌ရောက်‌ဆေးကုသမှုခံယူနိုင်ရန် နိုင်ငံသားကဒ်များ၊ နိုင်ငံကူး လက်မှတ်များရရှိ‌ရေးအတွက်လည်း MPC အ‌နေဖြင့် ကူညီ‌ဆောင်ရွက်‌ပေးခဲ့‌ကြောင်း သိရသည်။

ဗိုလ်ချုပ်ကြီး‌စောလားပွယ်သည် လည်‌ချောင်းဘယ်ဖက်တွင် လ‌ပေါင်းများစွာကြာ အကြိတ်ဖြစ်ပွားရာမှ ရန်ကုန်မြို့ရှိ ပင်လုံ‌ဆေးရုံ ကြီးသို့ ဒီဇင်ဘာ ၂၃ရက်‌နေ့မှစ၍ ‌ဆေးကုသမှုခံယူခဲ့ပြီး‌နောက် ဆရာဝန်ကြီးများ၏ လမ်းညွန်မှုဖြင့် စကင်္ာပူနိုင်ငံသို့ သွား‌ရောက် ‌ဆေးကုသခဲ့ခြင်းဖြစ်သည်။