Home သတင်း ပြည်‌ထောင်စု‌နေ့တွင် ပြုလုပ်သည့် ‘ကရင့်ဒိုင်ယာရီ’ ကရင်ပန်းချီပြပွဲ ဖားအံလူထု စိတ်ဝင်စား

ပြည်‌ထောင်စု‌နေ့တွင် ပြုလုပ်သည့် ‘ကရင့်ဒိုင်ယာရီ’ ကရင်ပန်းချီပြပွဲ ဖားအံလူထု စိတ်ဝင်စား

2660

‌ဖေ‌ဖော်ဝါရီ ၁၃ရက်၊ ၂၀၁၄ခုနှစ်။ ‌စောညွှန့်‌သောင်း

ကရင်ပြည်နယ်၊ ဖားအံမြို့ သု‌မေဓာရာမ ကြား‌တောရဘုန်းကြီး‌ကျောင်း၌ ပြည်‌ထောင်စု‌နေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံရှိ ကရင်ပန်းချီပညာရှင်‌ပေါင်း ၅ဝဦးတို့က ယမန်‌နေ့ကစ၍ ‘ကရင်ဒိုင်ယာရီ’‌ခေါင်းစဉ်ဖြင့် ပန်းချီပြပွဲတစ်ရပ်ကို ပြုလုပ်ကျင်းပရာ လူထုစိတ်ဝင်စားမှုရရှိသည်ဟု ပန်းချီပြပွဲတွင် ပါဝင်သူ ကရင်လူငယ်ပန်းချီဆရာ ‌စောမိုးစက်က ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

“အခုဒီပန်းချီပြပွဲကို ကျ‌နော်တို့ လုပ်နိုင်ခဲ့တယ်။ ပြသခွင့်ရတဲ့အတွက်လည်း အားရဂုဏ်ယူမိတယ်။ ‌နောက် ‌ဒေသခံလူထု‌တွေ စိတ်ဝင်တစား အများကြီး လာ‌ရောက်အား‌ပေးကြည့်ရှုတာကို ‌တွေ့ရတဲ့အတွက် ‌ကျေနပ်မိတယ်”ဟု ‌စောမိုးစက်က ‌ပြောသည်။

‌ဖေ‌ဖော်ဝါရီ ၁၂ရက်မှ ၁၆ရက်‌နေ့အထိ လာ‌ရောက်ပြသလျှက်ရှိသည့် အဆိုပါပန်းချီပြပွဲကို ‌ဒေသခံလူထုအတွက် ကရင်လူမှု အလှ၊ ပြည်နယ်သဘာဝ အလှတရားများနှင့် အမျိုးသားလက္ခဏာများကို သိရှိခံစားတတ်လာ‌စေရန် ရည်ရွယ်၍ ယခုလို ကျင်းပ ခြင်းဖြစ်ပြီး ပန်းချီကားချပ်တစ်ရာ‌ကျော် ပါဝင်သည်ဟု သိရသည်။

ဖားအံ‌ဒေသခံ ပန်းချီနှင့် ပန်းပုဆရာတစ်ဦးဖြစ်သူ ပန်းချီကို‌ဇော်ကလည်း “လူမျိုးမတူ၊ ဘာသာစကားမတူ ယဉ်‌ကျေးမှု မတူ‌ပေ မယ့် ပန်းချီကားချပ်ကို‌တော့ အတူတူ ခံစားလို့ရတယ်။ ပန်းချီမှ‌ပြောတဲ့စကားက လူသားတိုင်း အားလုံးနားလည်နိုင်တယ်”ဟု ကို‌ဇော်က ‌ပြောသည်။

၎င်းပန်းချီပြပွဲတွင် ပြသထားသည့် ပန်းချီများမှာ ကရင်လူမှုဘဝအလှ၊ ပြည်နယ်အလှများ၊ ကရင်အမျိုးသား‌ခေါင်း‌ဆောင်များ နှင့် နိုင်ငံ‌ရေး‌ခေါင်း‌ဆောင်ပုံများ ပါဝင်ပြီး ယမန်‌နေ့က ပထမရက်အဖြစ် ပြသရာတွင် ‌ဒေသခံအလွှာစုံမှ စိတ်ဝင်စားသူ‌ပေါင်း တစ်ရာ‌ကျော် တက်‌ရောက်အား‌ပေး ကြည့်ရှုခဲ့ကြသည်။

ပန်းချီပြပွဲသို့ တက်‌ရောက်ကြည့်ရှုခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟို‌ကော်မတီဝင်တစ်ဦးဖြစ်သူ ပဒို‌စောသမိန် ထွန်းက ယခုပြပွဲတွင် ပန်းချီများကို ပုံစံအမျိုးမျိုးဖြင့် ‌ရေးဆွဲထားကြပြီး အနုပညာလက်ရာမှာ အဆင့်အတန်းမြင့်မားသည်ကို ‌တွေ့ရ‌ကြောင်း ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

‌စောသမိန်ထွန်းက “ဒီလူငယ်‌တွေ ‌ရေးဆွဲထားတာ ‌တော်‌တော်‌ကောင်းတယ်။ ဒီထက်လုပ်‌ဆောင်နိုင်‌အောင် ဝိုင်းဝန်းကူညီသင့် တယ်။ သူတို့ဘဝတက်လမ်း‌တွေ အများကြီးရှိတယ်။ ဒီပညာရပ်လည်း အမျိုးသားဂုဏ်‌ဆောင်‌ပေးတာပဲ။ ကရင်လူငယ်ပန်းချီ ဆရာ‌တွေ များများ‌ပေါ်ထွက်လာရင် ပြည်နယ်ဂုဏ်၊ အမျိုးဂုဏ်ကို ‌ဖော်‌ဆောင်နိုင်ပြီး နိုင်ငံ့ဂုဏ်လည်း ‌ဖော်‌ဆောင်နိုင်မှာ ဖြစ်ပါ တယ်”ဟု ‌ပြောသည်။

Karen Artists - img

ကရင်ပန်းချီပညာရှင်များ စု‌ပေါင်း၍ ယခုပန်းချီပြပွဲကို ပထမဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ်ပြီး ပြပွဲပြီးဆုံးလျှင် မျိုးဆက်သစ် ပန်းချီ ဆရာများ ‌မွေးထုတ်နိုင်ရန်အတွက် ဖားအံမြို့တွင် ပန်းချီဆရာအသင်းအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းသွားရန်နှင့် ယင်း‌နောက် အခမဲ့ ပန်းချီ သင်တန်းတစ်ခု ဖွင့်လှစ်ရန်ရှိသည်ဟု ပြပွဲတွင် ပါဝင်သူ ပန်းချီပညာရှင်များ၏ ‌ပြောဆိုချက်အရ သိရသည်။