ဖေဖေါ်ဝါရီ ၁၉ရက်၊ ၂၀၁၄ခုနှစ်။ စောထွန်းလင်း
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်ရှိ စာသင်ကျောင်း ၂၆ကျောင်းတွင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်၏ စကောကရင်ဘာ သာရပ် အတန်းတင်စာမေးပွဲကို မတ်လ ၁ရက်နေ့၌ တစ်ပြိုင်နက် စစ်ဆေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဆရာမကြီး နော်ချစ်မေက ကေအိုင်စီသို့ ပြောသည်။
ယခုအချိန်တွင် စကောကရင်ဘာသာရပ် မေးခွန်းပုံစံ ပြုစုလျှက်ရှိပြီး စာမေးပွဲကို မြို့နယ်အဆင့် ပြုလုပ်သော စာမေးပွဲအဖြစ် လုပ်ဆောင်သွားမည်ဖြစ်သည်။ ထို့အပြင် မေးခွန်းတစ်စုံတည်းကို စကောကရင်ဘာသာရပ် သင်ကြားပေးနေသည့် စာသင် ကျောင်းများရှိ ကျောင်းသူကျောင်းသားများက ဖြေဆိုရန်ဖြစ်ပြီး စာမေးပွဲအောင်စာရင်းကို ပုံမှန်ကြေညာနေကျ သကြင်္န်အပြီးကာ လတွင် ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း သိရသည်။
ဆရာမကြီးနော်ချစ်မေက “ညောင်လေးပင်မှာ ဒီနှစ်မှ စကောကရင်ဘာသာရပ်ကိုစသင်တာဆိုတော့၊ သူငယ်တန်းအဆင့် ဖတ် စာအုပ်ကို သင်တာပဲရှိသေးတယ်။ စာမေးပွဲအောင်တဲ့သူတွေက စကောကရင် ပထမတန်းတက်ခွင့်ရမယ်။ ကျရှုံးသူတွေကိုတော့ သူငယ်တန်းအဆင့် ပြန်သင်ရမယ်။ မြို့နယ်စစ် မေးခွန်းပါ”ဟု ပြောဆိုသည်။
ညောင်လေးပင်မြို့နယ်ရှိ အစိုးရကျောင်းများတွင် စကောကရင်စာပေကို ယခုပညာသင်နှစ်၌ ကိုယ်ထူကိုယ်ထစနစ်ဖြင့် စတင် သင်ကြားခဲ့ပြီး လက်ရှိ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမျိုးမြင့်က ပြီးခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းက ကရင်စာသင် ကြားနေမှု အခြေအနေကို လာရောက်ကြည့်ရှုခဲ့ကာ ပုံနှိပ်စာအုပ်နှင့် သင်ကြားပေးသည့် ဆရာဆရာမများကို ဝန်ကြီးဌာနက တရားဝင် သတ်မှတ်ထားသည့် ထောက်ပံ့ငွေများရရှိရန် လုပ်ဆောင်ပေးသွားမည်ဟု ပြောကြားခဲ့ကြောင်း ၎င်းနယ်၏ စကော ကရင်စာပေသင်ကြားရေး ကော်မတီနာယက ညောင်လေးပင်မြို့နယ်အမှတ်(၁) မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် စောလင်း အောင်က တဆင့် ပြန်လည်ရှင်းပြသည်။
ယခုကဲ့သို့ တစ်နိုင်ငံလုံး စံပြအဖြစ် အဆိုပါမြို့နယ်၌ စကောကရင်ဘာသာရပ်ကို သင်ကြားပေးရာတွင် ကျောင်းသူကျောင်းသား များ စာမေးပွဲအောင်ခြင်း၊ ကျခြင်းထက် စာတတ်မြောက်ရေးသာ အဓိကကျကြောင်း ဒေသခံကျောင်းသားမိဘတစ်ဦးဖြစ်သူ စောရက်စ်မိုးက ပြောသည်။
ယခုပညာသင်နှစ်တွင် စကောကရင်ဘာသာရပ်ကို အခြေခံပညာသူငယ်တန်းမှ ဆယ်တန်းအထိ ကျောင်းသားကျောင်းသူများ သင်ယူ လျှက်ရှိကြောင်း၊ တစ်မြို့နယ်လုံးရှိ စာသင်ကျောင်း ၂၆ကျောင်းမှ ကျောင်းသူကျောင်းသားပေါင်း ၁၂၄၃ဦး စာမေးပွဲ ဝင် ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးက ပြုစုထားသည့်စာရင်းများအရ သိရသည်။