Home သတင်း ‌ဂေဘားမျိုးနွယ်စုကို ကရင်လူမျိုးစုတွင် ပြန်လည်ထည့်သွင်းရန် ‌တောင်းဆို

‌ဂေဘားမျိုးနွယ်စုကို ကရင်လူမျိုးစုတွင် ပြန်လည်ထည့်သွင်းရန် ‌တောင်းဆို

2481

‌ဖေ‌ဖော်ဝါရီ ၁ဝရက်၊ ၂၀၁၄ခုနှစ်။ ‌စောထွန်းလင်း၊ နန်း‌ဝေဖြိုးဇာ

တိုင်းရင်းသားမျိုးနွယ်စု သတ်မှတ်‌ခေါ်‌ဝေါ်ရာတွင် ‌ဂေဘားမျိုးနွယ်စုကို ကယားလူမျိုးစုစာရင်းတွင် ထည့်သွင်းထားခြင်းမှ ကရင် လူမျိုးစုစာရင်းတွင် မှန်ကန်စွာ ပြန်လည်ထည့်သွင်း‌ဖော်ပြ‌ပေးရန် ‌ဂေဘားမျိုးနွယ်စုများက ကရင်ပြည်နယ် သံ‌တောင်ကြီးမြို့နယ်၊ လိပ်သိုမြို့နယ်ခွဲ မြသာကုန်း‌ကျေးရွာရှိ ‌ဝေထူးနှစ်ခြင်းအသင်း‌တော်ခမ်းမတွင် ‌ဖေ‌ဖော်ဝါရီလ ၇ရက်‌နေ့က ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲကို ကျင်းပခဲ့ပြီး သ‌ဘောထားထုတ်ပြန် ‌တောင်းဆိုလိုက်သည်။

ထို‌ဆွေး‌နွေးပွဲသို့ အမျိုးသားလွှတ်‌တော် တိုင်းရင်းသား‌ရေးရာ ‌ကော်မတီဥက္ကဌ ဆိုင်း‌ပေါင်းနပ်နှင့်အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်‌တော် ကိုယ်စားလှယ်များ၊ ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ‌တောင်ငူခရိုင် ဥက္ကဌ ပဒို‌စောအယ်ဝါးနှင့်အဖွဲ့ဝင်များ၊ အစိုးရတာ ဝန်ရှိသူများနှင့် ‌ဂေဘားမျိုးနွယ်စုများ ‌နေထိုင်သည့် ‌ကျေးရွာ ၁၀၀‌ကျော်မှ ကိုယ်စားလှယ် ၅၆၆ဦး တက်‌ရောက်ခဲ့ကြပြီး ကရင်လူ မျိုးစုအဖြစ် ပြန်လည်သတ်မှတ်ရန် ကိုယ်စားလှယ်အားလုံးက သ‌ဘောတူ ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

‌ဂေဘားလူမျိုး‌ရေးရာ‌ကော်မတီ ဥက္ကဌ ‌စောဂျူးနစ်က “သမိုင်းကို ရှင်းလင်းပြတ်သားစွာ သိရှိမှ ကျ‌နော်တို့ရဲ့ အနာဂတ်ကို ရှင်း လင်းပြတ်သားစွာ သိရှိမှာဖြစ်ပါတယ်။ ဒါ‌ကြောင့် ကျ‌နော်တို့ ဒီအစီအစဉ်ကို လုပ်တာပါ။ ကျ‌နော်တို့ သမိုင်းဟာ ဇ‌ဝေဇဝါဖြစ်‌နေ တယ်ဆိုရင် ကျ‌နော်တို့ရဲ့ အနာဂတ်ခရီးဟာလည်း ဇ‌ဝေဇဝါဖြစ်သွားနိုင်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

‌ဂေဘားမျိုးနွယ်စုများ၏ သ‌ဘောထားထုတ်ပြန်ချက်တွင် ၂၀၁၄ခုနှစ်၊ သန်း‌ခေါင်စာရင်း‌ကောက်ယူရာ၌ အသုံးပြုမည့် တိုင်းရင်း သားမျိုးနွယ်စုများ အမည်သတ်မှတ်ချက် ဂဏန်းသ‌ကေင်္တ(Code Number)စာရင်းတွင် ၎င်းတို့မျိုးနွယ်စု၏ ဂဏန်းသ‌ကေင်္တကို ကရင်လူမျိုးစု၏ ဂဏန်းသ‌ကေင်္တစာရင်းဝင်အဖြစ် ပြန်လည် သတ်မှတ်‌ဖော်ပြ‌ပေးရန် နိုင်ငံ‌တော်အစိုးရ၊ လွှတ်‌တော်အသီးသီး နှင့် ဗဟိုသန်း‌ခေါင်စာရင်း‌ကော်မရှင်တို့အား ‌တောင်းဆိုထားသည်။

‌ဂေဘားမျိုးနွယ်စုတို့၏ ၁၉၅ဝ မတိုင်မီ သမိုင်းအ‌ထောက်အထားအရ ၎င်းတို့သည် ကရင်လူမျိုးနွယ်စုဝင်ဟု သတ်မှတ်ထား‌သော် လည်း ၁၉၅၁ခုနှစ်၌ တိုင်းရင်းသား‌ရေးရာ စစ်‌ဆေး‌ရေး‌ကော်မတီက ‌ဂေဘားမျိုးနွယ်စု အများဆုံး‌နေထိုင်ရာ‌ဒေသသို့ ကွင်းဆင်း ၍ စာရင်း‌ကောက်ယူချိန်က ‌ကော်သူး‌လေလက်နက်ကိုင်လှုပ်ရှားမှုရှိ‌နေသည့်အတွက် သွား‌ရောက်နိုင်ခြင်းမရှိဘဲ လွိုင်‌ကော်မြို့ရှိ ‌ဂေဘားလူမျိုးအချို့နှင့် ‌တွေ့ဆုံကာ ‌ဂေဘားလူမျိုးကို ကယားလူမျိုးစု‌အောက်၌ ထည့်သွင်းခဲ့ခြင်းဖြစ်‌ကြောင်း ‌စောဂျူးနစ်က ဆက်‌ပြောသည်။

အဆိုပါ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲသို့ တက်‌ရောက်ခဲ့သူ ‌ကေအဲန်ယူ၊ ‌တောင်ငူခရိုင်မှ ဗိုလ်မှူး‌စောလှ‌ငွေက ‌ကေအဲန်ယူအ‌နေဖြင့် သမိုင်းဆိုင်ရာ အချက်အလက်အရ‌သော်လည်း‌ကောင်း၊ လက်ရှိ ပတ်သက်ဆက်စပ်‌နေမှုအရ‌သော်လည်း‌ကောင်း ‌ဂေဘားလူမျိုးစုကို ကရင်မျိုးနွယ်စုဝင်အဖြစ် သတ်မှတ်ထားပြီးဖြစ်‌ကြောင်း ရှင်းလင်း‌ပြောဆိုသည်။

အလားတူ ဇန်နဝါရီ ၅ရက်‌နေ့က ကရင်အမျိုးသား စည်းလုံး‌ရေးနှင့် ငြိမ်းချမ်း‌ရေး‌ကော်မတီမှ ဦးစီး၍ ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည့် အ‌ရေး‌ပေါ် အစည်းအ‌ဝေးတွင် ‌ဂေဘားမျိုးနွယ်စုကို ကရင်လူမျိုးစုအဖြစ် အတည်ပြုထား‌ကြောင်း ‌ကော်မတီနာယကဖြစ်သူ ‌ကေအဲန်ယူမှ ဗိုလ်မှူးကြီး‌စော‌ဖောဒိုက “‌ဂေဘားလူမျိုးဟာ ကရင်မျိုးနွယ်စုအဖြစ် ကန့်ကွက်သူမရှိ အတည်ပြုထားတယ်။ ‌ဂေဘားလူမျိုး‌ရေးရာ‌ကော်မတီကလည်း သက်ဆိုင်ရာကို ဆက်လက် တင်ပြ‌တောင်းဆိုဖို့ ကျ‌နော်တို့ ‌ထောက်ခံပါတယ်”ဟု ‌ပြောဆိုသည်။

‌ဂေဘားမျိုးနွယ်စုသည် ကရင်ပြည်နယ်တွင် အများဆုံး‌နေထိုင်သည်ကို‌တွေ့ရသဖြင့် ယင်းကိစ္စမှာ အမျိုးသားလွှတ်‌တော်တိုင်းရင်းသား‌ရေးရာ‌ကော်မတီသို့ တင်ပြကာ အ‌လေးအနက်ထား ‌ဆောင်ရွက်ရမည့်ကိစ္စဟု ဆုံးဖြတ်ထားပြီးဖြစ်‌ကြောင်း ၎င်း‌ကော်မတီ ဥက္ကဌ အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ် ဆိုင်း‌ပေါင်းနပ်က ‌တွေ့ဆုံပွဲတွင် ‌ပြောကြားခဲ့သည်။

ထိုလူထု‌တွေ့ဆုံပွဲသို့ ကရင်ပြည်နယ်၊ လူဝင်မှုကြီးကြပ်‌ရေးဦးစီးဌာနမှ အရာရှိများသွား‌ရောက်ခဲ့ကြ‌သော်လည်း တစုံတရာ မှတ်ချက်‌ပေး ‌ပြောဆိုခြင်းမရှိ‌ပေ။ လက်ရှိအချိန်တွင် အစိုးရ၏ လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်သည့် လူမျိုးစုများ သ‌ကေင်္တစာရင်းအရ ‌ဂေဘားမျိုးနွယ်စုကို ကယားလူမျိုးစု၏ CODE No. 205 အဖြစ် ‌ဖော်ပြထားသည်။