Home သတင်း အုန်းဖျန်ဒုက္ခသည်စခန်း ‌နေအိမ်(၁၁)လုံး မီး‌လောင်ပျက်စီး

အုန်းဖျန်ဒုက္ခသည်စခန်း ‌နေအိမ်(၁၁)လုံး မီး‌လောင်ပျက်စီး

1367

‌ဖေ‌ဖော်ဝါရီ ၃ရက်၊ ၂၀၁၄ခုနှစ်။ စအိုင်စူး

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ်ရှိ အုန်းဖျန်ဒုက္ခသည်စခန်း ရပ်ကွက်(၅)တွင် ယ‌နေ့မွန်းလွဲ ၁နာရီ ‌ကျော်အချိန်၌ မီးစတင်‌လောင်ကျွမ်းခဲ့ရာ လူ‌နေအိမ် ၁၁လုံး မီးထဲပါသွားပြီး ‌နေအိမ်အလုံး ၅ဝခန့်မှာ အိမ်‌ခေါင်မိုး များ ဖြိုဖျက်ခဲ့ရသည်ဟု အုန်းဖျန်စခန်းဥက္ကဌ ‌စောဝါးထီးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“က‌လေးငယ်တစ်ဦးရဲ့ မီး‌ဆော့ကစားရာက‌နေ မီးစ‌လောင်တာလို့ ကျ‌နော်တို့ သိရတယ်။ မီး‌လောင်‌တော့ ကျ‌နော်တို့ စခန်းထဲကလူ‌တွေ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြတာ တစ်နာရီ‌လောက် ကြာမယ်။ ည‌နေ ၂နှစ်နာရီ‌လောက်မှ မီးငြိမ်းသွား တယ်။ ထိခိုက်ဒဏ်ရာရတဲ့ သူ‌တော့ မရှိဘူး”ဟု ‌စောဝါးထီးက ‌ပြောဆိုသည်။

အဆိုပါ မီး‌လောင်မှုတွင် အိုးမဲ့အိမ်မဲ့ဖြစ်သွားသည့် မိသားစုဦး‌ရေ (၆၀)ခန့်နှင့် ‌နေအိမ်ဖြိုဖျက်ခဲ့ရသည့် မိသားစုဦး‌ရေ (၂၅၃)ဦးရှိရာ လက်ရှိတွင် နီးစပ်ရာ ‌ဆွေမျိုးများနှင့် အသိမိတ်‌ဆွေအိမ်များတွင် ‌ခေတ္တ ‌နေထိုင်‌နေကြရသည်ဟု သူက ဆက်‌ပြောသည်။

ယခုလို မီး‌လောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည့်အ‌ပေါ် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ရှိ ဖုတ်ဖရမြို့နယ်မှူး အပါအဝင် သက်ဆိုင်ရာ စခန်းတာဝန်ရှိသူများ၊ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)နှင့် အစိုးရမဟုတ်‌သောအဖွဲ့အစည်း (NGOs) များက ယ‌နေ့ည‌နေတွင် အစည်းအ‌ဝေးပြုလုပ်ပြီး မီး‌ဘေးသင့် အုန်းဖျန်ဒုက္ခသည်များအတွက် လိုအပ်သည့် ကူညီ ‌ထောက်ပံ့မှုများကို ‌နောက်တ‌နေ့ ‌ဖေ‌ဖော်ဝါရီ ၄ရက်‌နေ့တွင် စတင်စီစဉ်သွားမည်ဟု သိရသည်။

မီး‌လောင်မှုနှင့်ပတ်သက်၍ အုန်းဖျန်စခန်း ရပ်ကွက်(၁၄)မှူး ‌စောထူးကပျာကလည်း “အခု မီး‌လောင်မှုမှာ ‌ဈေးဆိုင် ငယ်တစ်ဆိုင်နဲ့ ‌မွေးမြူ‌ရေးဝက်နှစ်‌ကောင်ထက်မနည်း မီးထဲပါသွားတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အုန်းဖျန်ဒုက္ခသည်စခန်း၌ မီး‌ဘေးအန္တရာယ် ကာကွယ်‌ရေးနိုး‌ဆော်ချက်ကို တစ်ရက်လျှင် သုံးကြိမ် ပုံမှန် အသိ‌ပေး ‌ကြေညာသည့်ကြားက ယခုလို မီး‌လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။ လက်ရှိ မီး‌လောင်မှုဖြစ်ပွားသည့် ရပ် ကွက် (၅)‌နေရာမှာ ‌တောင်ကုန်း‌ပေါ်တွင်ဖြစ်ပြီး ‌နေပူကာ ‌လေတိုက်ပြင်းသဖြင့် မီး‌လောင်ကျွမ်းရ လွယ်ကူနိုင်သည် ဟု စခန်းဥက္ကဌက ဖြည့်စွက်‌ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၁၂ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီ ၂၃ရက်‌နေ့ကလည်း အုန်းဖျန်ဒုက္ခသည်စခန်းတွင် အလားတူ မီး‌လောင်ကျွမ်းမှု တစ်ကြိမ် ဖြစ်ပွားခဲ့ပြီး အိမ်‌ခြေ ၅၆၆လုံးနှင့် မူကြို‌ကျောင်း ၂‌ကျောင်း မီး‌လောင်ကျွမ်းကာ မီးကူးစက်မည်စိုး၍ အိမ် ‌ခြေ ၅၁၅လုံး ဖျက်ဆီးပစ်ခဲ့ရသည်။