Home သတင်း မယ်ရာမိုနှင့် မယ်လအူးစခန်းများတွင် MFLF က ဒုက္ခသည်များထံမှ စစ်တမ်း‌ကောက်ယူ‌နေ

မယ်ရာမိုနှင့် မယ်လအူးစခန်းများတွင် MFLF က ဒုက္ခသည်များထံမှ စစ်တမ်း‌ကောက်ယူ‌နေ

1564

‌နေရပ်ပြန်‌ရေး စစ်တမ်း‌ကောက်ယူသည့် သင်တန်းပို့ချစဉ်

‌ဖေ‌ဖော်ဝါရီ ၁၇ရက်၊ ၂၀၁၄ခုနှစ်။ ‌စောခါးစူးညား

ထိုင်းဘုရင်မျိုးနွယ်နှင့်သက်ဆိုင်‌သော ‌ထောက်ပံ့မှုအဖွဲ့အစည်းဖြစ်သည့် Mae Fah Laung foundation-MFLF (မက်ဖါးလွန်)သည် ထိုင်း-မြန် မာနယ်စပ် မယ်‌ဟောင်‌ဆောင်အတွင်းရှိ မယ်ရာမိုနှင့် မယ်လအူးဒုက္ခသည်စခန်းများတွင် ဒုက္ခသည်များ ‌နေရပ်ပြန်လည် အ‌ခြေချ‌ရေးဆိုင်ရာ စစ်တမ်း‌ကောက် ယူမှုကို ‌ဖေ‌ဖော်ဝါရီ ၃ရက်‌နေ့မှစ၍ ပြုလုပ်လျှက်ရှိသည်။

အဆိုပါဒုက္ခသည်စခန်းနှစ်ခုမှ ဒုက္ခသည် ၇ဝဦး‌ကျော်ကို MFLF အဖွဲ့ဝင် ၃ဝခန့်က မယ်ရာမိုစခန်း၊ ရပ်ကွက်(၅)တွင် တစ်ပတ်ကြာ သင်တန်း‌ပေးပြီး‌နောက် တစ်လကြာ စီမံချက်ဖြင့် စစ်တမ်း‌ကောက်ယူမှု လိုက်လံ‌ဆောင်ရွက်‌နေခြင်းဖြစ်သည်။ ၎င်း‌နောက် သင်တန်းတက်ထားသူ ဒုက္ခသည်များမှတဆင့် ကျန်ဒုက္ခသည်များအား အဓိကအချက် ၃ချက်အ‌ပေါ် အ‌ခြေခံ၍ ‌တွေ့ဆုံ‌မေးမြန်းကာ စစ်တမ်း‌ကောက်ယူ‌စေခြင်းဖြစ်‌ကြောင်း သင်တန်းတက်‌ရောက်ခဲ့သူ မယ်ရာမိုစခန်းမှ ‌စောရိန်းက ‌ပြောသည်။

“ဒီသင်တန်း တက်‌ရောက်ခဲ့သူ‌တွေဟာ သူတို့စခန်းအတွင်းက လူ‌တွေကို ‌မေးမြန်းရမယ်။ အထူးသဖြင့်‌တော့ စခန်းတွင်းက ‌နေထိုင်သူ‌တွေ ဟာ မြန်မာနိုင်ငံက သူတို့‌နေရပ်ကို ပြန်မလား။ ထိုင်းနိုင်ငံမှာ ဆက်‌နေမလား။ ‌နောက် တတိယနိုင်ငံသွား မလား ‌ပေါ့”ဟု ‌စောရိန်း က ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

ယင်းသို့ စစ်တမ်း‌မေးမြန်းခံရသူ ဒုက္ခသည်များမှာ အသက် ၁၅နှင့်အထက် အသက်အရွယ်ရှိသူများဖြစ်ပြီး ‌နေအိမ် ၆လုံး လိုက် လံ‌မေးမြန်းပြီးစီးသူအား MFLF က လုပ်အားခအဖြစ် ဘတ်‌ငွေ ၂၀ဝ ‌ပေးသည်ဟု သိရသည်။

မက်ဖါးလွန်အဖွဲ့သည် ဒုက္ခသည်များအား စစ်တမ်း‌ကောက်ယူရာတွင် လက်ရှိ စခန်းအတွင်းရှိ ဒုက္ခသည်များ၏ အသက်‌မွေးဝမ်း ‌ကျောင်းနှင့် တတ်ကျွမ်းထားမှုများ စသည်တို့ကို ‌မေးမြန်းကာ ရရှိသည့် အချက်အလက်များကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင် ရာ မဟာမင်းကြီးရုံး(UNHCR)သို့ တင်ပြသွားခြင်းဖြစ်သည်ဟု ကရင်ဒုက္ခသည်‌ကော်မတီ(KRC) ‌မြောက်ပိုင်းတာဝန်ခံ ‌စောတူး တူးက ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

‌စောတူးတူးက “မက်ဖါးလွန်အဖွဲ့ရဲ့ ‌ရေးဆွဲထားတဲ့ အစီအစဉ်အရ ဒီ‌ဖေ ‌ဖော်ဝါရီအကုန်မှာ မယ်ရာမိုနဲ့ မယ်လအူးစခန်းကို အပြီး စစ်တမ်း‌ကောက်ယူသွားမယ်။ ဒါ‌ပေမယ့် ဒုက္ခသည်‌တွေ လိုအပ်တဲ့ဟာ‌တော့ လုပ်‌ပေးဖို့ သူတို့တာဝန်မယူဘူး‌ပေါ့။ ဒီစခန်း‌တွေ ပြီးရင် ကျန်တဲ့ဒုက္ခသည်စခန်း‌တွေကို ဆက်လုပ်ဖို့ ရှိတယ်”ဟု ‌ပြောသည်။

MFLF အဖွဲ့သည် ၂၀၁၃ခုနှစ်၊ ‌အောက်တိုဘာက ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်းရှိ မယ်လနှင့် အုန်းဖျန်ဒုက္ခသည်စခန်းများတွင် အလားတူ အ‌ခြေချ‌နေထိုင်‌ရေးဆိုင်ရာ စစ်တမ်း‌ကောက်ယူမှုများ ပြုလုပ်ခဲ့ပြီး ထို‌ကောက်ယူမှုအနက် မယ်လစခန်းတွင် ‌ကောက် ခံရရှိသည့် စစ်တမ်းအ‌ဖြေအချို့အရ ‌နေရပ်ပြန်လိုသူများ ၂ရာခိုင်နှုန်း၊ တတိယနိုင်ငံထွက်ခွာလိုသူများ ၆ဝရာခိုင်နှုန်းနှင့် လတ်တ ‌လောအ‌ခြေအ‌နေကို ‌စောင့်ကြည့်လိုသူများမှာ ၃၈ရာခိုင်နှုန်းရှိ‌ကြောင်း သိရသည်။

မယ်လစခန်း ဥက္ကဌ ‌စော‌အောနက်စ်က “မြန်မာနိုင်ငံမှာ လက်ရှိ နိုင်ငံ‌ရေးအ‌ခြေအ‌နေက ခန့်မှန်းရခက်‌နေ‌သေးတဲ့ အ‌ခြေအ‌နေ မျိုးမှာ ကျ‌နော်တို့ စခန်းက ဒုက္ခသည်‌တွေက‌တော့ အများဆုံး တတိယနိုင်ငံ ထွက်လိုကြတယ်။ ဒုတိယက‌တော့ အ‌ခြေအ‌နေ ‌စောင့်ကြည့်ပြီး ဒီထိုင်းမှာပဲ ဆက်‌နေလိုကြတယ်”ဟု ဆိုသည်။

MFLF အဖွဲ့သည် ပြီးခဲ့သည့် ၁ဝနှစ်ဝန်းကျင်က ထိုင်းနိုင်ငံအတွင်းရှိ ဘိန်းစိုက်ပျိုးမှု ပ‌ပျောက်ရန်နှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်၍ ထိုင်းဘုရင်၏ မယ်‌တော်မှ ဖွဲ့စည်းထားသည့် အစိုးရမဟုတ်‌သောအဖွဲ့တစ်ခုဖြစ်ပြီး လက်ရှိ ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များ၏ အ‌ခြေချ‌နေထိုင်‌ရေးဆိုင်ရာ စစ်တမ်း‌ကောက်ယူမှုတွင် UNHCR ကို ကူညီ‌ပေး‌နေခြင်းဖြစ်သည်။