Home သတင်း ပဒိုမန်းရှာလားဖန်း ‌အောက်‌မေ့ဖွယ်ဆု‌တောင်းပွဲ ရန်ကုန်တွင် ပထမဦးဆုံးအကြိမ် ကျင်းပ

ပဒိုမန်းရှာလားဖန်း ‌အောက်‌မေ့ဖွယ်ဆု‌တောင်းပွဲ ရန်ကုန်တွင် ပထမဦးဆုံးအကြိမ် ကျင်းပ

1478

‌ဖေ‌ဖေါ်ဝါရီ ၁၄ရက်၊ ၂၀၁၄ခုနှစ်။ ‌စောထွန်းလင်း

ယ‌နေ့ ‌ဖေ‌ဖေါ်ဝါရီ၁၄ရက်‌နေ့တွင် ကျ‌ရောက်‌သော ကရင်အမျိုးသားအစည်းအရုံး(KNU)၏ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူးချုပ် ‌ဟောင်း ပဒိုမန်းရှာလားဖန်း လုပ်ကြံခံရခြင်း (၆)နှစ်ပြည့် ‌အောက်‌မေ့ဖွယ်ဆု‌တောင်းပွဲတစ်ရပ်ကို ကရင်လူငယ်များစုစည်း၍ ရန်ကုန်မြို့၊ သမိုင်းလမ်းဆုံအနီးတွင် ပထမဦးဆုံးအကြိမ်အဖြစ် ကျင်းပခဲ့သည်။

အဆိုပါဆု‌တောင်းပွဲတွင် ကရင်အမျိုးသား ‌ခေါင်း‌ဆောင်ကြီးများအ‌ကြောင်းနှင့် ပတ်သက်၍ ကရင်လူငယ်များသိရှိပြီး ‌လေးစား အတုယူ‌စေရန်နှင့် ပဒိုမန်းရှာ၏အမျိုးသား‌ရေးအတွက် အနစ်နာခံလုပ်‌ဆောင်ခဲ့သည့်များကို ဂုဏ်ယူ‌အောက်‌မေ့ သတိရသည့်အ ‌နေဖြင့် ပြုလုပ်ကျင်းပရခြင်းဖြစ်သည်ဟု ပွဲစီစဉ်သူတစ်ဦးဖြစ်သည့် ‌စောထွန်းထွန်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

“အဖူးမန်းရှာလို ‌ခေါင်း‌ဆောင်‌တွေကို သူရဲ့အမျိုးသား‌ရေးအတွက် အနစ်နာခံတာကို လူငယ်‌တွေသိပြီး အတုယူတတ်‌အောင် ဒီအခမ်းအနားကို ကျ‌နော်တို့လုပ်တာပါ”ဟု ‌စောထွန်းထွန်းက ‌ပြောဆိုသည်။

ယ‌နေ့ကျင်းပသည့် ဆု‌တောင်းပွဲသို့ ကရင်လူငယ်များ၊ ကရင်နိုင်ငံ‌ရေးသမားအချို့နှင့် ‌ကေအဲန်ယူ မြဝတီဆက်ဆံ‌ရေးရုံးမှ တာဝန် ရှိသူများ အပါအဝင် စုစု‌ပေါင်း(၄၀)ခန့် တက်‌ရောက်ခဲ့ပြီး အစိုးရဘက်မှ နယ်‌မြေတာဝန်ရှိသူများက တစုံတရာ ‌နှောက်ယှက်မှု များ မရှိခဲ့‌ကြောင်း ဦး‌ဆောင်စီစဉ်သူများ၏ ‌ပြောပြချက်အရ သိရသည်။

အခမ်းအနားတက်‌ရောက်ခဲ့သူ နိုင်ငံ‌ရေးအကျဉ်းသူ‌ဟောင်း ‌နော်အုန်းလှက “အခုလို အတီးမန်းရှာ‌အောက်‌မေ့ဖွယ် အခမ်းအနား ကို လူငယ်‌တွေဦး‌ဆောင်ပြီး ပထမဦးဆုံးလုပ်တာ ‌တွေ့ရ‌တော့ဝမ်းသာတယ်။ သူ့လို‌ခေါင်း‌ဆောင်မျိုးကို လူငယ်‌တွေကို အတုယူ အားကျ‌စေချင်တယ်။ တချို့ဆို သူ့အ‌ကြောင်း‌ပြောပြချိန်မှာ ဝမ်းနည်းမျက်ရည်ကျတာ‌တောင် ‌တွေ့ရတယ်။ ‌နောင်နှစ်‌တွေမှာ ‌တော့ ဒီထက်ကြီးကျယ်တဲ့ ‌အောက်‌မေ့ဖွယ် အခမ်းအနားမျိုး လုပ်နိုင်ဖို ့ကြိုးစားသွားမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်းအခမ်းအနားကို နံနက် ၇နာရီဝန်းကျင်တွင် စတင်ကာ ခရစ်ယာန်၊ ဗုဒ္ဓဘာသာတို့ဖြင့် မိမိယုံကြည်ရာ ဆု‌တောင်း‌ပေးခြင်း၊ ကျဆုံး‌လေပြီး‌သော ‌တော်လှန်‌ရေးသမားများနှင့် ပဒိုမန်းရှာအား အ‌လေးပြုခြင်း၊ အတ္ထုပ္ပတိ ဖတ်ကြားခြင်း၊ ဂုဏ်ပြုကဗျာရွတ်ဆို ခြင်း၊ အ‌တွေ့အကြုံများ ပြန်လည်‌ပြောပြခြင်းနှင့် အမျိုးသား‌ရေး‌အောင်မြင်ရန် ‌မျှော်မှန်းချက်များနှင့် ရုန်းကန်လှုပ်ရှားမှုများကို စကားဝိုင်းအဖြစ် ‌ဆွေး‌နွေးခဲ့ကြသည်။

ပဒိုမန်းရှာလားဖန်းကို ပြီးခဲ့သည့် ၂၀၀၈ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၁၄ရက်‌နေ့ မွန်းလွဲ ၃နာရီခွဲခန့်တွင် အမည်မသိ ‌သေနတ်သမား ၂ဦးက ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့ရှိ ၎င်း‌နေထိုင်သည့်အိမ်တွင် သွား‌ရောက်လုပ်ကြံ ပစ်သတ်ခဲ့ခြင်းဖြစ်သည်။ ထို‌နေ့တွင်ပင် ပဒို မန်းရှာ၏ သားသမီး‌လေးဦးက ကွယ်လွန်သူမိဘနှစ်ပါးကို ရည်စူး၍ ဖန်း‌ဖောင်‌ဒေးရှင်းကို စတင် တည်‌ထောင်ခဲ့ကြပြီး နှစ်စဉ် ပဒိုမန်းရှာလူငယ်‌ခေါင်း‌ဆောင်ဆုကို ကရင်လူငယ်များအား ဆုချီးမြှင့်လာခဲ့သည်။

အလားတူ ပဒိုမန်းရှာအတွက် ၆နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့၌ မဟာမိတ်‌ခေါင်း‌ဆောင်များနှင့် ကရင်လူမှုအသိုင်းအဝိုင်းတို့ စု‌ပေါင်းလုပ်‌ဆောင်ခဲ့ကြသကဲ့သို့ ‌ကေအဲန်ယူ စစ်ဌာနချုပ်နယ်‌မြေရှိ ပဒိုမန်းရှာအုတ်ဂူ‌နေရာ၌လည်း မီးထွန်းဆု‌တောင်းပွဲများ ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။