Home လူထုအသံ ပေးစာကဏ္ဍ နယ်ခြား‌စောင့်တပ်၏ ‌ပေးစာ

နယ်ခြား‌စောင့်တပ်၏ ‌ပေးစာ

3713

သို့

ကရင်သတင်းစဉ်မှတစ်ဆင့်
(မြန်မာနိုင်ငံ သမ္မတကြီးနှင့် တပ်ချုပ်ကြီးတို့ သိ‌စေရန်)

၂၀၁၃ခုနှစ် ‌အောက်တိုဘာလ ၅ရက်‌နေ့ (၁၉းဝ၀)ချိန်ခန့်၌ ဖားအံမြို့၊ ဇွဲကပင်ခမ်းမတွင် ကရင်ပြည်နယ်ဝန်ကြီးတစ်ဦးမှ (DKBA) ဗိုလ်ကြီးနှင့် (KNLA-PC) ဗိုလ်မှူးကြီးတို့အား ၂၀-၈-၂၀၁ဝခုနှစ်က (DKBA)မှ (BGF)သို့ အသွင်‌ပြောင်းသည့် နယ်ခြား‌စောင့် တပ် ၁၀၁၁ မှ ၁၀၂၂အထိ တပ်ရင်း ၁၂ရင်း ဖွဲ့စည်းခဲ့သည်မှာ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး၊ ဌာနချုပ်တပ်ခွဲမှူးတို့သည် ဗိုလ်မှူးရာ ထူးအဆင့် သူတို့‌ပေးထား‌ကြောင်း တပ်ရင်းမှူးအဆင့်သည် ဒုတိယဗိုလ်မှူးကြီးဖြစ်ပါသည်။ ဒုတိယဗိုလ်မှူးကြီးအဆင့်အထိ ‌ပေးဖို့လည်း မရှိပါ။ ခွင့်ပြုဖို့လည်း မရှိပါဟု ကရင်ပြည်နယ်ဝန်ကြီးချုပ်က ‌ပြောသွားပါသည်။

၂၀-၈-၂၀၁ဝ တွင် ၁၀၁၁ မှ ၁၀၂၂ အထိ နယ်ခြား‌စောင့်တပ် ၁၂ရင်းမှူး နိုင်ငံ‌တော် တပ်ရင်းအလိုက် ဖွဲ့စည်းပြီး‌နောက် တစ်ခြား ‌သောအချို့တို့၏ ‌သွေးခွဲမှုတို့ဖြင့် နယ်ခြား‌စောင့်တပ်မှ ပြန်တမ်းဝင်အရာရှိနှင့် ဆရာအဆင့် ရဲ‌ဘော်အဆင့်တို့သည် DKBA နှင့် KNLA-PC အဖွဲ့တို့ထံသို့ ခွဲထွက်ပြီး ပူး‌ပေါင်းသွားကြသည်။

၁၀၁၁ မှ ၁၀၂၂အထိ နယ်ခြား‌စောင့်တပ်ရင်း ၁၂ရင်းမှ တိုက်ပွဲတွင် ကျဆုံးသည့်အရာရှိ ဆရာအဆင့်နှင့် ရဲ‌ဘော်များ၊ အခြား အဖွဲ့အစည်းနှင့် သွား‌ရောက်ပူး‌ပေါင်းသည့် အရာရှိ ဆရာနှင့်ရဲ‌ဘော်များ ရှိကြပါသည်။ သို့ဖြစ်ပါ၍ ၂၀-၈-၂၀၁ဝ မှ ၂၀-၈-၂၀၁၃ အထိ သုံးနှစ်တာကာလအတွင်း တပ်ရင်းအလိုက် ဖွဲ့စည်းပုံမပြည့်‌တော့ပါ။ တပ်ရင်းအလိုက် ဖွဲ့စည်းသည့်‌နေရာတွင် လိုအပ်‌နေ သည့် အရာရှိ‌နေရာ၊ ဆရာအဆင့်‌နေရာ၊ ရဲ‌ဘော်အဆင့်‌နေရာတွင် ဖြည့်ဆည်းရန် နိုင်ငံ‌တော်မှ ခွင့်မပြုဟုလည်း သိရှိခဲ့ရပြီး ခွင့် ပြုရန်လည်း မကြားခဲ့ဘူးပါ။

၎င်းဖွဲ့စည်းထားသည့် နယ်ခြား‌စောင့် စုစု‌ပေါင်း တပ်ရင်း ၁၂ရင်းသည် အရာရှိနှင့် စစ်သည်များ တဖြည်းဖြည်း‌လျော့နည်းသွားပြီး နယ်ခြား‌စောင့်တပ် တပ်ရင်း ၁၂ရင်းသည်လည်း အင်အားများ တဖြည်ဖြည်း ‌လျော့နည်းသွားမည်ဟု ထင်မိသလို အင်အား‌လျော့ နည်း‌အောင်လည်း လုပ်‌ဆောင်သွားမည်ဟု ၎င်းမှ ‌ပြောဆိုသွားခဲ့ပါသည်။ သို့ဖြစ်ပါ၍ ကရင်ပြည်နယ်ဝန်ကြီးချုပ်မှ ‌ပြောဆို‌သော စကားသည် အမှန်တကယ်ဖြစ်ပါသလား။ အထက်ပါအ‌ကြောင်းအရာနှင့် ပတ်သက်၍ ကျွန်ုပ်တို့နယ်ခြား‌စောင့်တပ် လက်ရှိ ရင် ဆိုင်‌နေရသည့် တပ်‌ရေးတပ်ရာ ကိစ္စရပ်များကို နိုင်ငံ‌တော်သမ္မတကြီးနှင့် တပ်မ‌တော်ကာကွယ်‌ရေးဦးစီးချုပ်တို့မှ အဆင်‌ပြေစွာ ဝင်‌ရောက်ညှိနှိုင်း ‌ဆောင်ရွက်‌ပေးပါရန် ကရင်သတင်းစဉ်မှတဆင့် အသိ‌ပေး တင်ပြအပ်ပါသည်။

နယ်ခြား‌စောင့်တပ် တပ်မှူးတစ်ဦး