Home သတင်း GSM ဖုန်းဆင်းမ်ကဒ် ၁၆၀‌ကျော် သုံးဆူမြို့ခံများထံ မ‌ရောက်ရှိ

GSM ဖုန်းဆင်းမ်ကဒ် ၁၆၀‌ကျော် သုံးဆူမြို့ခံများထံ မ‌ရောက်ရှိ

1887
‌အောက်တိုဘာ ၄ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့နယ်ခွဲအတွက် အစိုးရက GSM ဖုန်းဆင်းမ်ကဒ်‌ပေါင်း ၈၀ဝကဒ်ကို ဇူလိုင်မှ စက်တင်ဘာလအထိ သုံးလဆက်တိုက် ခွဲတမ်းစနစ်ဖြင့် ချ‌ပေးခဲ့ရာ ၁၆၁ကဒ်မှာ မြို့ခံလူထုထံသို့ မ‌ရောက်ရှိ‌ကြောင်း အစိုးရနှင့် နီးစပ်သူတစ်ဦးက ‌ပြောသည်။

ဘုရားသုံးဆူမြို့တွင် ရပ်ကွက်‌နေ လူထုများ အပါအဝင် ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှု‌ရေးအသင်းအဖွဲ့များ၊ နိုင်ငံ‌ရေးပါတီများနှင့် ငြိမ်းချမ်း‌ရေးအဖွဲ့များအတွက် ဇူလိုင်လတွင် ၂၀ဝကဒ်၊ ဩဂုတ်လတွင် ၄၀ဝကဒ်နှင့် စက်တင်ဘာလတွင် ၂၀ဝကဒ်ကို အစိုးရက ချ‌ပေးခဲ့ရာ သက်ဆိုင်ရာ အုပ်ချုပ်‌ရေးမှူးများ၏ စီမံချက်အဆင့်ဆင့်ဖြင့် ဖုန်းဆင်းမ်ကဒ် များ ထိုသို့ ‌ပျောက်ဆုံးရခြင်းဖြစ်သည်ဟု အဆိုပါနီးစပ်သူက ‌ပြောသည်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျ‌နော် သိရသ‌လောက်က အုပ်ချုပ်‌ရေးမှူး‌တွေက သူတို့နဲ့ နီးစပ်တဲ့ စီးပွား‌ရေးလုပ်ငန်းရှင်‌တွေကို ရုံးမှာ ‌ခေါ်ယူပြီး တစ်ကဒ်စီ ‌ဝေ‌ပေး‌နေတာပါ။ တကယ်ဆိုရင် နိုင်ငံ‌တော်က ဆင်းရဲနွမ်းပါးမှုပ‌ပျောက်‌အောင် လမ်းညွှန်‌ပေးတဲ့အ‌နေနဲ့ ဒီဖုန်းဆင်းမ်ကဒ်‌တွေ ချ‌ပေးလုပ်‌ဆောင်တာကို တကယ့် ဆင်းရဲနွမ်းပါးတဲ့သူ‌တွေဆီ မ‌ရောက်တာ အများကြီး နစ်နာရပါတယ်” ဟု ၎င်းက ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

လစဉ် ခွဲတမ်းချ‌ပေးသည့် GSM ဖုန်းဆင်းမ်ကဒ်များမှာ ဘုရားသုံးဆူမြို့နယ်ခွဲရှိ သက်ဆိုင်ရာ အစိုးရဌာန ၂၂ခုကို ခွဲ‌ဝေ‌ပေးသည် မှလွဲ၍ ကျန်ကဒ်များကို ကျပ်‌ငွေ ၁၅၀ဝဖြင့် လူထုက မဲနိုက်ဝယ်ယူရခြင်းဖြစ်သည်။ ထိုသို့ မဲနိုက်ဝယ်ယူရာတွင် ဇူလိုင်လက ၄ဝ ကဒ်၊ ဩဂုတ်လက ၇၅ကဒ်နှင့် စက်တင်ဘာလက ၄၆ကဒ်မှာ ‌ပျောက်ဆုံးလျှက်ရှိသည်။

အမည်မ‌ဖော်လိုသူ ဘုရားသုံးဆူမြို့ခံတစ်ဦးက “ဖုန်းဆင်းမ်ကဒ်‌တွေကို ခွဲတမ်းနဲ့ချ‌ပေးပြီး သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်‌ရေးမှူး ရုံး‌တွေမှာ ကျ‌နော်တို့ မဲနိုက်တဲ့အခါ သတ်မှတ်ထားတဲ့ ဆင်းမ်ကဒ်အ‌ရေအတွက်အတိုင်း မပြည့်ဘူး။ တတိယအကြိမ်(စက်တင်ဘာ)တုန်းက ရပ်ကွက်(၂)မှာ ခွဲတမ်း ၂၅ကဒ်ချ‌ပေးရာမှာ ၅ကဒ်က ‌ပျောက်ဆုံးခဲ့တယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခု‌အောက်တိုဘာလ ၂၅ရက်‌နေ့တွင် ဘုရားသုံးဆူမြို့၌ GSM ဖုန်းဆင်းမ်ကဒ်များကို အစိုးရက စတုတ္ထအကြိမ်‌မြောက် ထပ်မံချ‌ပေးဦးမည်ဖြစ်‌ကြောင်း သိရသည်။