Home သတင်း နယ်စပ်ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှု ပိုအား‌ကောင်းရန် ‌ကော့မူးရာ လူငယ်ကြိုးပမ်း

နယ်စပ်ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှု ပိုအား‌ကောင်းရန် ‌ကော့မူးရာ လူငယ်ကြိုးပမ်း

1930
‌အောက်တိုဘာ ၃ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား

ထိုင်းနိုင်ငံနှင့် ထိစပ်‌နေသည့် ကရင်ပြည်နယ်စပ်ဘက်ခြမ်းရှိ ‌ကျေးလက်‌ဒေသများတွင် ကရင်လူငယ်အစည်းအရုံး (‌ကော့မူးရာ အထူး‌ဒေသ)၏ ‌ဆေးသင်တန်းဆင်းသူများက ကျန်းမာ‌ရေးပြုစု‌စောင့်‌ရှောက်မှုများကို လက်‌တွေ့လုပ်‌ဆောင်‌နေပြီဖြစ်သည်ဟု သိရသည်။

အပစ်အခတ်ရပ်စဲပြီး‌နောက်ပိုင်း နယ်စပ်‌ဒေသရှိ ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှုများ ပိုမိုအား‌ကောင်းလာ‌စေရန် ရည်ရွယ်၍ မတ်လ ၃ရက်မှစက်တင်ဘာ ၂၁ရက်‌နေ့အထိ မြဝတီမြို့နယ်၊ နဒီရံလင်းမြိုင်ရွာတွင် ‌ကော့မူးရာလူငယ်အဖွဲ့က ပြည်သူ့ကျန်းမာ‌ရေးလုပ် သားသင်တန်း(Community Health Worker)ကို ‌ခြောက်လကြာ ပြုလုပ်ခဲ့အပြီး စက်တင်ဘာလကုန်ပိုင်းမှစ၍ လက်‌တွေ့ လုပ် ‌ဆောင်ခဲ့ကြခြင်း ဖြစ်သည်။

ကရင်လူငယ်အစည်းအရုံး(‌ကော့မူးရာအထူး‌ဒေသ)၏ ဒုဥက္ကဌ ‌စော‌နေဦးက “အပစ်ရပ်ကာလအတွင်း ပထမအကြိမ် ဖွင့်တဲ့ ‌ဆေးသင်တန်းဆင်းလူငယ်‌တွေပါ။ အခုဆို သင်တန်းပြီးလို့ ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှု အားနည်း‌နေတဲ့ လူထု‌တွေကြားမှာ အများကြီး အ‌ထောက်အကူပြုလိမ့်မယ်လို့ ကျ‌နော် ‌မျှော်လင့်တယ်။”ဟု ‌ကေအိုင်စီ သို့ ‌ပြောသည်။

၎င်းကျန်းမာ‌ရေးသင်တန်းသို့ မြဝတီနှင့် နဘူးမြို့နယ်အတွင်းရှိ ထီးမယ်ဝါးခီး၊ ‌ချောင်းဆုံ၊ နဒီရံလင်းမြိုင်၊ လို‌ဘော၊ ဖားကလူး၊ မဲ့ကနဲ၊ နို့ဖိုး၊ ထီးမူးထာ့၊ ထီးချားရာ အပါအဝင် ‌ကျေးရွာ‌ပေါင်း ၂၃ရွာမှ သင်တန်းသူ သင်တန်းသား ၆၁ဦး တက်‌ရောက်ခဲ့ကြပြီး စက်တင်ဘာလ ‌နောက်ဆုံးအပတ်မှစ၍ ၎င်းတို့‌ဒေသရှိ ‌ကျေးရွာများနှင့် ‌ဆေးရုံ၊ ‌ဆေးခန်း ‌ဝေးကွာ‌သော‌ဒေသများ၌ လက်‌တွေ့ ဆင်းကာ လုပ်‌ဆောင်‌နေကြ‌ကြောင်း ‌စော‌နေဦးက ဆက်‌ပြောသည်။

kawmura1
၎င်းသင်တန်းတွင် မဲ‌ဆောက်အ‌ခြေစိုက် ‌ဒေါက်တာစင်သီယာ‌မောင်၏ မယ်‌တော်‌ဆေးခန်းမှ ဆရာ၊ ဆရာမ ၁၁ဦးက နယ်စပ်‌ဒေ သ၌ အဖြစ်များ‌သော ငှက်ဖျား၊ တုပ်‌ကွေး၊ ဝမ်းကိုက်၊ ဝမ်း‌လျှော အပါအဝင် ‌ရောဂါဆယ်မျိုးကို ကုသရမည့် ‌ဆေးအတတ်ပညာ များ သင်ကြား‌ပေးခဲ့ပြီး ‌ကော်သူး‌လေ ကျန်းမာ‌ရေးနှင့် ကယ်ဆယ်‌ရေးအဖွဲ့ (Kawthoolei Department of Health and Welfare – KDHW)ကလည်း သင်တန်းအတွက် အခြားလိုအပ်မှုများကို ပံ့ပိုး‌ပေးခဲ့သည်ဟု သိရသည်။

မြဝတီမြို့နယ်၊ သဲပုံ‌ကျေးရွာတွင် လက်‌တွေ့ဆင်း‌နေသည့် သင်တန်းသူ ‌နော်ဘွဲထူးက “သင်တန်းမှာ သင်ကြားခဲ့တဲ့ ‌ဆေးပညာ ‌တွေ အခု လက်‌တွေ့မှာ ပြန်လုပ်ရတာ အဆင်‌ပြေပါတယ်။ အခု စလုပ်တာ ၈ရက်အတွင်း လူနာ ၄၂ဦး‌ရောက်လာတယ်။ ‌နောက် ဆက်တွဲ ‌ဆေးသင်တန်း‌တွေရှိရင် ထပ်တက်ခွင့်ရဖို့ ‌မျှော်လင့်တယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

သင်တန်းဆင်းသူများသည် ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှု လိုအပ်‌နေသည့် ‌ကျေးလက်‌ဒေသများတွင် အနည်းဆုံး ၃နှစ် လုပ်ကိုင်ရ မည်ဖြစ်သလို လက်‌တွေ့ကာလအတွင်း ဆက်လက် ဖွင့်လှစ်မည့် မွမ်းမံ‌ဆေးသင်တန်းများကိုလည်း တက်‌ရောက်ခွင့်ရရှိမည်ဟု ကရင်လူငယ်အစည်းအရုံး(‌ကော့မူးရာအထူး‌ဒေသ)က ဆိုသည်။

ယခုပြုလုပ်ပြီးစီးခဲ့‌သော ပြည်သူ့ကျန်းမာ‌ရေးလုပ်သားသင်တန်းကဲ့သို့ အလားတူသင်တန်းကို အပတ်စဉ်(၂)အဖြစ် ယခု ‌အောက် တိုဘာ ၁၅ရက်‌နေ့တွင် ထပ်မံ ဖွင့်လှစ်ရန်ရှိ‌သေး‌ကြောင်း ‌စော‌နေဦးက ဖြည့်စွက်‌ပြောဆိုသည်။