Home သတင်း မြန်မာအစိုးရစစ်တပ်က ဖမ်းဆီးထားသည့် KNLA တပ်သား ၂ဦး ပြန်မလွှတ်‌သေး

မြန်မာအစိုးရစစ်တပ်က ဖမ်းဆီးထားသည့် KNLA တပ်သား ၂ဦး ပြန်မလွှတ်‌သေး

2330
KNLA Soldiers (Photo-KIC)

‌အောက်တိုဘာ ၆ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား

မြန်မာအစိုးရစစ်တပ်သည် ‌တောင်ငူခရိုင်၊ သံ‌တောင်မြို့နယ်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU)၏ တပ်သား ၂ဦးကို ‌အောက်တိုဘာ ၁ရက်‌နေ့က ဖမ်းဆီး‌ခေါ်‌ဆောင်သွားရာ ယခုအချိန်ထိ ပြန်မလွှတ်‌သေး‌ကြောင်း KNU ‌တောင်ငူခရိုင်မှ တာဝန်ရှိ သူများက ‌ပြောသည်။

၎င်း‌ဒေသရှိ အစိုးရတပ် ‌တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်‌အောက်ခံ ‌ခြေမြန်တပ်ရင်း(ခမရ-၄၄၀)၏ ဒုရင်းမှူးရဲထွန်း ဦး‌ဆောင် ‌သော စစ်‌ကြောင်းသည် KNU လက်‌အောက်ခံ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်-KNLA တပ်ရင်း(၅)မှ တပ်သား ‌စော‌အောင်ကိုလတ်နှင့် ‌စော‌နေမူးတို့ကို သံ‌တောင်မြို့နယ်၊ သံမိုး‌တောင်လမ်းခွတွင် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

‌ကေအဲန်ယူ ‌တောင်ငူခရိုင် ဥက္ကဌ ပဒို‌စောအယ်ဝါးက “သူတို့နှစ်‌ယောက်ဟာ အထက်ကညွှန်ကြားချက်၊ ခွင့်ပြုချက်နဲ့ အခွန် ‌ကောက်ဖို့ လမ်းမှာ ယာယီဂိတ်ဖွင့်ထားတယ်။ ဂိတ်ဆိုတာက လူနဲ့ပဲလမ်းမှာ‌စောင့်ပြီး ဖာလာ‌ရောင်းဝယ်သူ‌တွေထံက အခွန် ‌ကောက်တာ‌ပေါ့။ အဲဒါကို အစိုးရတပ်ဘက်က သွားဖမ်းပြီး ‌တောင်ငူအမှတ်(၃) ရဲစခန်းကို သွားအပ်လိုက်တယ်။”ဟု ‌ကေအိုင်စီ သို့ ‌ပြောသည်။

အစိုးရတပ်အ‌နေဖြင့် မည်သည့်အ‌ကြောင်း‌ကြောင့် ဖမ်းဆီးသည်ကိုမသိရှိ‌ကြောင်းနှင့် KNU အ‌နေဖြင့် တပ်တွင်းလိုအပ်ချက်များ ဖြည့်ဆည်း‌ပေးနိုင်ရန် မူ‌ပေါ်လစီအရ လုပ်‌ဆောင်ခြင်းဖြစ်‌ကြောင်း KNU တပ်မဟာ(၂) စစ်ဆင်‌ရေးမှူးက ‌တောင်ပိုင်းတိုင်းစစ်ဌာ နချုပ်၊ သစ်‌တောဌာနနှင့် သက်ဆိုင်ရာ အုပ်ချုပ်‌ရေးဌာနထံ ပြီးခဲ့သည့် ဩဂုတ်လက ကြိုတင်အ‌ကြောင်းကြားထားခဲ့သည်။

ဖမ်းဆီးခံရသည့် KNLA တပ်သားနှစ်ဦးကို ၎င်းတို့၏ ‌ဆွေမျိုးသားချင်းများနှင့် သက်ဆိုင်ရာ KNU တာဝန်ရှိသူများက ‌တောင်ငူအ မှတ်(၃) ရဲစခန်းသို့ သွား‌ရောက်‌မေးမြန်းစုံစမ်းရာ တာဝန်ရှိရဲများက ‌တောင်ငူ‌ထောင်သို့ ပို့လိုက်ပြီဖြစ်‌ကြောင်း ‌ပြောဆိုခဲ့သဖြင့် ယင်းကိစ္စကို KNU ဗဟိုသို့ ‌အောက်တိုဘာ ၂ရက်‌နေ့က အ‌ကြောင်းကြားထားပြီးဖြစ်‌ကြောင်း ပဒို‌စောအယ်ဝါးက ‌ပြောသည်။

‌တောင်ငူခရိုင်၌ လက်ရှိ ဖာလာ‌ပေါက်‌ဈေး တစ်ပိဿာ ‌ငွေကျပ်နှစ်‌သောင်းကို ကျပ်နှစ်ရာနှုန်းဖြင့် ‌ကေအဲန်ယူမှ အခွန်‌ကောက်ခံ ပြီး မ‌ကောက်ခံမှီ စာရွက်စာတမ်းများနှင့်တကွ ရှင်းပြထားသည်ဟုလည်း ပဒို‌စောအယ်ဝါးက ‌ပြောဆိုသည်။ ထို‌ဒေသတွင် KNU အ‌နေဖြင့် အခွန်ဂိတ်ကြီး သို့မဟုတ် အခွန်‌ပေး‌ဆောင်ရသည့် ‌နေရာတစ်ခုခုကို သတ်မှတ်လိုက်ပါက အခွန်သွား‌ရောက်‌ပေး ‌ဆောင်ရန် အဆင်မ‌ပြေသဖြင့် လမ်းများတွင် ယာယီဂိတ်ဖွင့်၍ အခွန်‌ကောက်ခံမှုကို ဖာလာကုန်သည်နှင့် ပွဲစားများက ‌ကျေနပ်မှု ရှိ‌ကြောင်း ‌ဒေသခံလူထု၏ ‌ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၆ရက်‌နေ့ကလည်း ကရင်ပြည်နယ် ဘုရားသုံးဆူမြို့ရှိ ဒီမိုက‌ရေစီကရင်အကျိုးပြုတပ်မ‌တော်(ဒီ‌ကေဘီ ‌အေ) ဌာနချုပ် လက်‌အောက်ခံ အထူးစစ်‌ကြောင်းတပ်ဖွဲ့မှ ဒုဗိုလ်အဆင့်ရှိသူတစ်ဦးကို မြန်မာအစိုးရတပ်က ဖမ်းဆီးခဲ့ပြီး ယခုထိ ပြန်လွှတ်‌ပေးခြင်း မရှိ‌သေး‌ပေ။