Home သတင်း တနိုင်ငံလုံး အပစ်ရပ်‌ရေး လက်မှတ်ထိုးရန် ‌ကေအဲန်ယူ သ‌ဘောထားရှိ

တနိုင်ငံလုံး အပစ်ရပ်‌ရေး လက်မှတ်ထိုးရန် ‌ကေအဲန်ယူ သ‌ဘောထားရှိ

1428
(Photo - KIC)

‌အောက်တိုဘာလ ၇ရက်၊ ၂၀၁၃ခုနှစ်။ ‌စောသိန်းမြင့်

မြန်မာအစိုးရ ဖိတ်‌ခေါ်ထားသည့် တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲ‌ရေးနှင့် ပတ်သက်ပြီး လက်မှတ်‌ရေးထိုးရန် သ‌ဘောထားရှိ‌ကြောင်း ကရင်အမျိုးသားအစည်းအရုံး (‌ကေအဲန်ယူ)၏ ဗဟိုအလုပ်အမှု‌ဆောင်‌ကော်မတီဝင် ပဒိုမန်းငြိမ်း‌မောင် က ‌ပြောကြားလိုက်သည်။

‌ကေအဲန်ယူ တပ်မဟာ(၇)နယ်‌မြေ၊ ‌သေ့‌ဘေ့ထစခန်းတွင် ‌အောက်တိုဘာ ၅ရက်‌နေ့က ကျင်းပပြုလုပ်သည့် (‌ကေအဲန်ယူ)၏ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှုဖြစ်စဉ်နှင့် ကရင်အမျိုးသားစည်းလုံးညီညွှတ်‌ရေး ရှင်းလင်းပွဲတွင် ‌ကေအိုင်စီ၏ ‌မေးမြန်းချက်ကို ပဒို မန်းငြိမ်း‌မောင်က ယင်းသို့ ‌ပြောဆိုလိုက်ခြင်းဖြစ်သည်။
“နိုင်ငံ‌ရေးပြဿနာ အဓိကဖြစ်တဲ့အတွက် ပထမအ‌နေနဲ့ တပြည်လုံး အပစ်အခတ်ရပ်စဲ‌ရေး လုပ်ပြီးမှသာလျှင် နိုင်ငံ‌ရေး ‌တွေ့ဆုံ ‌ဆွေး‌နွေးပွဲကို တက်လှမ်းနိုင်မှာ ဖြစ်တဲ့အတွက် Nationwide အပစ်အခတ်ရပ်‌ရေးနဲ့ ပတ်သက်ပြီး ကျ‌နော်တို့ ‌ကေအဲန်ယူက ပြင်ဆင်‌နေပါတယ်။ လက်မှတ်ထိုးဖို့လည်း သ‌ဘောထားရှိတယ်။”ဟု ၎င်းက ‌ပြောသည်။

မြန်မာအစိုးရဘက်က တိုင်းရင်းသားများအားလုံး ပါဝင်သည့် တနိုင်ငံလုံးအတိုင်းအတာ လက်မှတ်ထိုး‌ရေးကို လာမည့် နိုဝင်ဘာ လတွင် အ‌ကောင်အထည်‌ဖော်သွားမည်ဖြစ်ပြီး ထိုကာလအတွင်း လက်မှတ်မ‌ရေးထိုးနိုင်‌သေးသည့် တိုင်းရင်းသားအဖွဲ့များအ တွက် တံခါးဖွင့်ထား‌ကြောင်းလည်း ပဒိုမန်းငြိမ်း‌မောင်က ‌ပြောပြသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၈ရက်‌နေ့က ‌ကေအဲန်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီးမူတူး‌စေးဖိုး ဦး‌ဆောင်‌သော ထိပ်ပိုင်း‌ခေါင်း‌ဆောင်များ သည် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးနှင့် ပတ်သက်၍ မြန်မာအစိုးရနှင့် ‌နေပြည်‌တော်၌ သွား‌ရောက်‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့သည်။

သို့‌သော် မြန်မာအစိုးရသည် ‌ကေအဲန်ယူနှင့် သ‌ဘောတူထားသည့် ကတိကဝတ်အချို့ကို လိုက်နာ‌ဆောင်ရွက်ခြင်းမရှိ‌သေးဘဲ ယခုလို တနိုင်ငံလုံး အပစ်ရပ်‌ရေးကို လက်မှတ်‌ရေးထိုးသွားမည်ဆိုပါက တိုင်းရင်းသားများအတွက် စဉ်းစားစရာ ဖြစ်လာနိုင် ‌ကြောင်း ‌ကေအဲန်ယူ ဒုဥက္ကဌ ပဒို‌နော်စီဖိုးရာစိန်က သူမအမြင်ကို ‌ပြောသည်။
“ပြီးစီး‌အောင် လုပ်ရမှာကို မလုပ်‌ဆောင်ဘဲနဲ့ အခု ‌နောက်တစ်ခါ တနိုင်ငံလုံးအတိုင်းအတာ အပစ်အခတ် ရပ်စဲ‌ရေးအတွက် သွား ‌ရောက် လက်မှတ်‌ရေးထိုးမယ်ဆိုရင် အရင်က ကျမတို့ လက်မှတ်‌ရေးထိုးခဲ့တာက အာမခံချက် ဘယ်‌လောက်ရှိပြီးဆိုတာလည်း ကျမတို့ ‌ကေအဲန်ယူအတွက်ဖြစ်‌စေ၊ တိုင်းရင်းသား‌တွေအတွက်ဖြစ်‌စေ စဉ်းစားချက်တစ်ခု ဖြစ်လာပါတယ်။”ဟု ပဒို‌နော်စီဖိုးရာ စိန်က ‌ပြောသည်။

KNLA တပ်ရင်း(၂၄)မှ ရဲ‌ဘော်တစ်ဦးက “အခု ကျ‌နော်တို့ ‌ခေါင်း‌ဆောင်‌တွေ အပစ်အခတ်ရပ်စဲ‌ရေးလုပ်တာ တကယ်‌အောင်မြင် မယ်လို့ ကျ‌နော့်အ‌နေနဲ့ မြင်ပါတယ်။ ‌ရှေ့ဆက်လည်း တဆင့်ပြီးတဆင့် အ‌ခြေအ‌နေ ‌ကောင်းလာမယ်လို့ မြင်ပါတယ်။ ကျ‌နော်က ‌တော့ အပြည့်အဝ ‌ထောက်ခံတယ်။”ဟု ‌ပြောသည်။

‌ကေအဲန်ယူသည် မြန်မာအစိုးရနှင့် ပဏာမ အပစ်အခတ်ရပ်စဲ‌ရေးကို ၂၀၁၂ခုနှစ်၊ ဇန်နဝါရီလ ၁၂ရက်‌နေ့က ကရင်ပြည်နယ်၊ ဘားအံမြို့တွင် လက်မှတ်‌ရေးထိုးခဲ့သည်။ လက်ရှိအချိန်တွင် ‌ကေအဲန်ယူနှင့် အစိုးရ၏ ငြိမ်းချမ်း‌ရေးဖြစ်စဉ်မှာ အပစ်အခတ် ရပ်စဲ ‌ရေးဆိုင်ရာ လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများကို နှစ်ဘက်ပညာရှင်များက ‌တွေ့ဆုံ‌ဆွေး‌နွေးသည့်အဆင့်၌သာရှိ‌သေးသလို ‌ကေအဲန်ယူဘက်မှ ‌ရေးဆွဲတင်ပြထားသည့် နိုင်ငံ‌ရေးမူ‌ဘောင်ကို ပြင်ဆင်‌ရေးဆွဲ‌ရေးအဆင့်သာရှိ‌သေးသည်ဟု ‌ကေအဲန်ယူ ဘက်က ‌ပြောသည်။