Home သတင်း အလုပ်သမားကြီးကြပ်‌ရေးရုံး ဆုံးဖြတ်ချက်ဖြင့် လုပ်အားခ အဖြတ်ခံရသည့် ‌ရွှေ့‌ပြောင်းမြန်မာ ၆၇ ဦး လစာ‌ငွေပြန်ရ

အလုပ်သမားကြီးကြပ်‌ရေးရုံး ဆုံးဖြတ်ချက်ဖြင့် လုပ်အားခ အဖြတ်ခံရသည့် ‌ရွှေ့‌ပြောင်းမြန်မာ ၆၇ ဦး လစာ‌ငွေပြန်ရ

1450

‌အောက်တိုဘာ ၂၉ ရက်၊ ၂၀၁၃ခုနှစ်။ စဖန်း‌ရှောင်း

ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့၊ ဟိုဖွိုင်ရပ်ကွက်ရှိ Tip Garment Co,ltd အထည်ချုပ်စက်ရုံမှ လုပ်အားခ ဖြတ်‌တောက်ခြင်းခံရသည့် ‌ရွှေ့‌ပြောင်းမြန်မာအလုပ်သမား ၆၇ ဦးကို လစာပြန်လည်‌ပေးရန် မဲ‌ဆောက်မြို့ အလုပ်သမားကြီးကြပ်ကာကွယ်‌ရေးရုံး(ဆဝါဒီကန်)က ယမန်‌နေ့၌ ဆုံးဖြတ်လိုက်သည်။

လုပ်အားခမရဘဲ အခိုင်းခံရသည့် ၎င်း‌ရွှေ့‌ပြောင်းမြန်မာအလုပ်သမားများသည် စက်တင်ဘာ ၂၅ ရက်‌နေ့က အလုပ်မှထုတ်ပယ်ခဲ့ပြီး‌နောက် အလုပ်သမားကြီးကြပ်‌ရေးရုံးသို့ တိုင်ကြားမှုပြုလုပ်ခဲ့ရာမှ သက်ဆိုင်ရာအာဏာ ပိုင်များ၏ ဆုံးဖြတ်ချက်ဖြင့် အလုပ်ရှင်က ထိုင်းဘတ်‌ငွေ ၂၃၂,၅၀၇ ဘတ်ကို ပြန်လည်‌ပေးအပ်ရန် သ‌ဘောတူ လိုက်ခြင်းဖြစ်သည်။

မြန်မာပြည်သားများအ‌ရေးပူးတွဲ လှုပ်ရှားမှု‌ကော်မတီ(JACBA) ဥက္ကဌ ဦးမိုးကြိုးက“ ဒီမြန်မာ အလုပ်သမား‌တွေ ကို စက်တင်ဘာလ ၁၉ ရက်‌နေ့မတိုင်ခင်ကတည်းက လုပ်အားခ ‌ပေးဖို့ ပျက်ကွက်ခဲ့တာ။ အဲဒီ‌နေ့မှာပဲ ကျ‌နော်တို့အဖွဲ့က‌နေ အလုပ်သမားကြီးကြပ်‌ရေးရုံးကို ဆက်သွယ်အ‌ကြောင်းကြားညှိနှိုင်းခဲ့တာ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုသို့ ဆက်သွယ်အ‌ကြောင်းကြားပြီး‌နောက် JACBA အပါအဝင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အလုပ်သမား သံအရာရှိ ဦး‌ကျော်‌ကျော်လွင်၊ ပညာ‌ရေးနှင့် ဖွံဖြိုးတိုးတက်‌ရေးအဖွဲ့(FED)၊ ထိုင်း‌ရှေ့‌နေများ‌ကောင်စီဥပ‌ဒေ အ‌ထောက်အကူပြုဌာန(LLC)တို့မှ ဝိုင်းဝန်း‌ဆောင်ရွက်‌ပေးခဲ့ကြခြင်းဖြစ်သည်ဟု ဦးမိုးကြိုးက ဆက်‌ပြောသည်။

အလုပ်သမားများအား ပြန်လည်‌ပေးအပ်ရမည့် ‌ငွေများကို ၄ ရစ်ခွဲကာ လာမည့် ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလ ၄ လအတွင်း အ‌ကြေ‌ပေး‌ဆောင်မည့်ဖြစ်‌ကြောင်း ‌အောက်တိုဘာလ ၂၈ ရက်‌နေ့က မဲ‌ဆောက်မြို့ အလုပ်သမားကြီးကြပ်ကာကွယ်‌ရေးရုံးတွင် အလုပ်ရှင်မှ သ‌ဘောတူလက်မှတ်‌ရေးထိုး‌ပေးခဲ့‌ကြောင်းသိရသည်။

လုပ်အားခပြန်ရမည့် မြန်မာအလုပ်သမားတစ်ဦးဖြစ်သူ ကို‌ကျော်စည်သူက “အခုလို ကိုယ်ရသင့်ရထိုက်တာကို ရသွား‌တော့ ဝမ်းသာမိတာ‌ပေါ့ဗျာ။ ကူညီတဲ့သူ‌တွေနဲ့ အဖွဲ့အစည်း‌တွေကို ‌ကျေးဇူးတင်ပါတယ်။ ‌နောက်ဆိုရင် ဒီလိုအဖြစ်မျိုး မကြုံရ‌အောင် ကျ‌နော်တို့လို အလုပ်သမား‌တွေဟာ မိမိလုပ်မယ့်အလုပ်ကိုလည်း ‌သေချာစုံစမ်း ပြီးမှ လုပ်‌စေချင်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခင်လ စက်တင်ဘာ ၁၇ ရက်‌နေ့က မဲ‌ဆောက်မြို့၊ မယ်ပ ၁ဝ ရပ်ကွက်ရှိ M-1 အထည်ချုပ်စက်ရုံမှ လုပ်အားခ ပြတ်‌တောက်ခံရသည့် မြန်မာအလုပ်သမားအမျိုးသမီး ၁၉ ဦးကို အလုပ်သမားကြီးကြပ်ကာကွယ် ‌ရေးရုံး၏ ဆုံးဖြတ်ချက်ဖြင့် အလုပ်ရှင်မှ လုပ်အားခ ပြန်လည်‌ပေးအပ်ရန် သ‌ဘောတူခဲ့သည်။