Home သတင်း စီးပွား‌ရေး ရင်းနှီးမြှုပ်နှံမှု များလာခြင်း‌ကြောင့် အပစ် အခတ်ရပ်စဲ‌ရေးထိခိုက်နိုင်ဟု BNI သုံးသပ်

စီးပွား‌ရေး ရင်းနှီးမြှုပ်နှံမှု များလာခြင်း‌ကြောင့် အပစ် အခတ်ရပ်စဲ‌ရေးထိခိုက်နိုင်ဟု BNI သုံးသပ်

1806

‌အောက်တိုဘာ ၂၉ ရက်၊ ၂၀၁၃ ခုနှစ်။ ‌စောထွန်းလင်း

မြန်မာနိုင်ငံအတွင်း လက်ရှိ တိုင်းရင်းသား‌ဒေသများတွင် သယံဇာတဆိုင်ရာ စီးပွား‌ရေးရင်းနှီးမြှုပ်နှံမှု များပြား လာခြင်း‌ကြောင့် မတည်ငြိမ်‌သေးသည့် အပစ်အခတ်ရပ်စဲ‌ရေးကို ထိခိုက်မှုရှိလာ‌ကြောင်း နိုင်ငံတကာမြန်မာ့ သတင်း -BNI က သုံးသပ်‌ပြောကြားလိုက်သည်။

ယမန်‌နေ့ ‌အောက်တိုဘာ ၂၈ ရက်က ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ Myanmar Media Library ၌ ကျင်းပသည့် BNI မြန်မာ့ငြိမ်းချမ်း‌ရေး ‌စောင့်ကြည့်‌ရေးအဖွဲ့မှ ပြုစု‌သော ငြိမ်းချမ်း‌ရေးနှင့် ပဋိပက္ခစစ်ပွဲဆိုင်ရာ မြန်မာ့စီးပွား‌ရေး အ‌ခြေအ‌နေ အစီရင်ခံစာသတင်းစာရှင်းလင်းပွဲတွင် BNI တာဝန်ရှိသူများက ထိုသို့ ‌ပြောကြားခဲ့ခြင်းဖြစ်သည်။

BNI ဖွံ့ဖြိုး‌ရေးအရာရှိ နန်း‌ဖော့‌ဂေက “အခု အပစ်အခတ်ရပ်စဲ‌ရေးလုပ်တဲ့ကာလ တစ်နှစ်‌ကျော်၊ နှစ်နှစ်အတွင်း မှာ အပစ်အခတ်ရပ်စဲ‌ရေးနဲ့အတူ ယှဉ်တွဲပြီး ပါလာတဲ့ ဖွံ့ဖြိုး‌ရေးရင်းနှီးမှု‌တွေက အပစ်အခတ်ရပ်စဲတဲ့ တိုင်းရင်း သား‌ဒေသ‌တွေမှာ ပိုပြီး‌တော့ တိုးပွားလာတာ ကျမတို့ ‌လေ့လာ‌တွေ့ရတယ်။ တဆက်တည်းမှာပဲ ဒီစီးပွား‌ရေးရင်း နှီးမြှုပ်နှံမှု‌တွေက အစိုးရဘက်က ချဉ်းကပ်ပြီး ‌ရောက်လာတဲ့အခါကျ‌တော့ မတည်ငြိမ်‌သေးတဲ့ အပစ်အခတ်ရပ် စဲ‌ရေးကာလကို စိုးရိမ်မှု‌တွေရှိတယ်”ဟု ‌ပြောဆိုသည်။

ထို့အပြင် လက်ရှိတိုက်ပွဲဖြစ်‌နေသည့် ကချင်လွတ်‌မြောက်‌ရေးတပ်မ‌တော်(KIA)နှင့် အစိုးရတပ်တို့သည် တာပိန် မြစ်‌ပေါ်တွင် တည်‌ဆောက်ထားသည့် ဆန်းဂန်း ‌ရေအားလျှပ်စစ်စက်ရုံအနီး ၂၀၁၁ခုနှစ်၊ ဇွန် ၉ ရက်‌နေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့ချိန်မှ ၁၇ နှစ်ကြာတည် မြဲလာသည့် အပစ်အခတ်ရပ်စဲ‌ရေး ပျက်ပြားသွားသည်မှာ ဖွံ့ဖြိုး‌ရေးစီမံ ကိန်း‌ကြောင့်ဖြစ်သည်ဟု BNI မြန်မာ့ငြိမ်းချမ်း‌ရေး ‌စောင့်ကြည့်‌ရေးအဖွဲ့၏ အစီရင်ခံစာတွင် ‌ဖော်ပြထားသည်။

အလားတူ အစိုးရတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များဖြစ်သည့် KNU ၊ KNPP ၊ RCSS/SSA ၊ SSPP/SSA ၊ TNLA နှင့် DKBA အစရှိသည့် တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားသည်များကို ‌လေ့လာကြည့်ပါက ဆည် စီမံကိန်း၊ ‌ကျောက်မျက်သတ္တု တူး‌ဖော်‌ရေး စီမံကိန်း၊ ‌ရေအားလျှပ်စစ်စီမံကိန်း ၊ သဘာဝဓါတ်‌ငွေ့ပိုက်လိုင်းစီမံ ကိန်း စသည့် စီးပွား‌ရေးလုပ်ငန်းများစီမံကိန်းကြီးများနှင့် ဆက်စပ်‌နေသည်ကို ‌တွေ့ရ‌ကြောင်းလည်း ထိုအစီရင်ခံ စာ၌ ပါရှိသည်။

ဖွံ့ဖြိုး‌ရေးဆိုသည်မှာ လူတိုင်းလိုချင်‌ကြောင်း တိုင်းရင်းသား‌ဒေသများသည် ဖွံ့ဖြိုး‌ရေးနိမ့်ကျ‌နေသည်ကို ‌တွေ ့ ရ‌ကြောင်း၊ နှစ်‌ပေါင်း ၆ဝ ကြာလက်နက်ကိုင်တိုက်ခဲ့သည့်အတွက် မယုံကြည်မှုဆိုသည့် အ‌ခြေခံပြဿနာရှိ ‌ကြောင်း၊ နိုင်ငံ‌ရေးပြဿနာ မရှင်းနိုင်‌သေးသည့် ကြားထဲတွင် ကြားကာလစီစဉ်‌ဆောင်ရွက်ရန် မူရှိရန်လို ‌ကြောင်း KNU အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ဖဒို‌စောကွယ်ထူးဝင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ငြိမ်းချမ်း‌ရေးကို တည်‌ဆောက်တဲ့အခါ အ‌နှောင့်အယှက်ဖြစ်‌စေတဲ့ စီးပွား‌ရေးလုပ်‌ဆောင်မူ‌တွေ တိုးချဲ့လာတဲ့သ‌ဘောရှိရင် ကျ‌နော်တို့ ငြိ်မ်းချမ်း‌ရေးတည်‌ဆောက်တာကို အ‌နှောင့်အယှက်ဖြစ်‌စေတဲ့ လုပ်ရပ်‌တွေဖြစ်တယ်။ ဒါကို ကျ‌နော်တို့ သတိထားရမှာ ဖြစ်တယ်”ဟု ဖဒို‌စောကွယ်ထူးဝင်းက ‌ပြောဆိုသည်။

မြန်မာနိုင်ငံအတွင်း လက်ရှိ ဖွံ့ဖြိုး‌ရေးစီမံကိန်းသည် အများပြည်သူများအတွက် အကျိုးခံစားရမှုနည်းပါးပြီး ပွင့်လင်းမြင်သာမှုမရှိ‌သော‌ကြောင့် ဖွံ့ဖြိုး‌ရေးစီမံကိန်းကြီးများ ‌ဆောင်ရွက်မည်ဆိုလျှင် အစိုးရ၊ ‌ဒေသခံတိုင်းရင်း သားလက်နက်ကိုင်များနှင့် ပြည်သူတို့ သုံးဦးစလုံး အကျိုးရှိပြီး ပွင့်လင်းမြင်သာစွာ တာဝန်ခံမှုရှိသည့်အခါ တွင်သာ လုပ်ကိုင်သင့်‌ကြောင်း ယင်းအစီရင်ခံစားဦး‌ဆောင်ပြုစုသူ တစ်ဦးကလည်း ‌ကေအိုင်စီသို ့ ‌ပြောကြားသည်။

ငြိမ်းချမ်း‌ရေးနှင့် ပဋိပက္ခစစ်ပွဲဆိုင်ရာ မြန်မာ့စီးပွား‌ရေး အ‌ခြေအ‌နေ အစီရင်ခံစာကို တိုင်းရင်းသားသတင်းဌာန အများစုပါဝင်ဖွဲ့စည်းထားသည့် BNI ၏ မြန်မာ့ငြိမ်းချမ်း‌ရေး ‌စောင့်ကြည့်‌ရေးအဖွဲ့က ပြုစုခဲ့ခြင်းဖြစ်ပြီး ၎င်းအဖွဲ့ သည် “မြန်မာ့ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် ‌ဖော်‌ဆောင်ခြင်း အကိုးအကား ၂၀၁၃”အမည်ရှိ အစီရင်ခံစာတစ်အုပ်ကို ယခုနှစ်၊ ဧပြီလက ထုတ်‌ဝေခဲ့‌သေးသည်။