Home သတင်း စစ်‌တောင်းမြစ်‌ရေလျှံ၍ ‌တောင်ငူမြို့ ဝန်းကျင်တွင် ‌ရေကြီး

စစ်‌တောင်းမြစ်‌ရေလျှံ၍ ‌တောင်ငူမြို့ ဝန်းကျင်တွင် ‌ရေကြီး

1896

‌အောက်တိုဘာ ၃ဝ ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား

ပဲခူးတိုင်းအတွင်း ကရင်တိုင်းရင်းသားအများဆုံး‌နေထိုင်ရာ‌ဒေသ ‌တောင်ငူ မြို့ အ‌ရှေ့ဘက်ခြမ်းဝန်းကျင်၌ စစ်‌တောင်းမြစ်‌ရေလျှံ‌သော‌ကြောင့် ယမန်‌နေ့ ‌အောက်တိုဘာ ၂၉ရက်‌နေ့က ကမ်းနံ‌ဘေးရှိ မြို့‌နေရပ်ကွက် အချို့နှင့် ရွာအချို့တွင် ‌ရေများတက်လာလျှက်ရှိသည်။

ထို‌ဒေသအတွင်းရှိ စစ်‌တောင်းမြစ်‌ရေလျှံမှု မဖြစ်ပွားမီ ရက်ပိုင်းအတွင်း၌ မိုးရွာသွန်းမှုများရှိခဲ့‌သော်လည်း မိုးမရွာဘဲ မြစ်‌ရေလျှံမှုဖြစ်ပွားသည့် ယမန်‌နေ့နှင့် ယ‌နေ့တွင် ‌ရေများတဖြည်းဖြည်းတက်လာကာ ‌တောင်ငူမြို့၏ ရပ်ကွက် (၁၉)၊ (၂၀)နှင့် စစ်‌တောင်းမြစ် အ‌ရှေ့ဘက်ကမ်းရှိ မိုး‌ကောင်း၊ အင်းဝိုင်း၊ သာယာကုန်း၊ အစ္စတု၊ ကသဲစု အပါအဝင် အခြား‌ကျေးရွာအချို့ ‌ရေကြီးမှုဖြစ်ပွား‌နေခြင်းဖြစ်သည်။

‌တောင်ငူမြို့ ရပ်ကွက်(၁၉)မှ ‌ကျောင်းဆရာတစ်ဦးဖြစ်သူ ‌စောဒို့ထူးက “စစ်‌တောင်းမြစ်‌ရေလျှံတာဟာ အထက် က ဆည်‌တွေ‌ရေ‌ဖောက်ချလို့ ကျ‌နော်တို့ ကြားတယ်။ ကျ‌နော်တို့‌နေတဲ့ ရပ်ကွက်က မြစ်နဲ့ နီး‌တော့ အခုမြစ်‌ရေ လျှံလို့ ရပ်ကွက်ထဲ ‌ရေဝင်တာ ‌မြေအနိမ့်အမြင့်‌ပေါ်မူတည်ပြီး တစ်‌တောင်က‌နေ သုံး‌တောင်‌ကျော်အထိ ရှိတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌တောင်ငူမြို့အနီးရှိ စစ်‌တောင်းမြစ်အထက်တွင် မြန်မာအစိုးရနှင့် စီးပွား‌ရေးကုမ္ပဏီများပူး‌ပေါင်း၍ ‌ဒေသဖွံ့ဖြိုး ‌ရေးအတွက် လျှပ်စစ်မီးရရှိရန်ရည်ရွယ်၍ ‌သောက်‌ရေခပ်၊ ‌ပေါင်း‌လောင်း၊ ဆွာ‌ချောင်းနှင့် ပတိ စသည့် ဆည်များ တည်‌ဆောက်ထားလျှက်ရှိသည်။

လက်ရှိ ‌တောင်ငူမြို့ဝန်းကျင် ‌ရေကြီးသည့်‌နေရာများတွင် ‌နေထိုင်သည့် ‌ဒေသခံများသည် ‌နေအိမ်စွန့်၍ တိမ်း‌ရှောင်‌နေရသည့် အ‌ခြေအ‌နေထိ မရှိ‌သော်လည်း ၎င်းတို့‌မွေးမြူသည့် ကျွဲ၊ နွား၊ ဝက်၊ ကြက်၊ ဘဲ စသည့် တိရစ္ဆာန်များကို ကုန်းမြင့်ပိုင်းသို့ သယ်ယူ‌ခေါ်‌ဆောင်‌နေကြရသည်ဟု သိရသည်။

‌တောင်ငူမြို့ရှိ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ‌စောဆဲဆဲက “ဒီမိုးရာသီအကုန်မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အခါလွန် မိုးရွာတာရှိတယ်။ မြစ်‌ရေလျှံလို့ မ‌နေ့က စတက်လာတဲ့‌ရေ‌တွေဟာ က‌နေ့အထိ တဖြည်းဖြည်းနဲ့ ထပ်တက်လာ တုန်းပဲ။ ‌ရေက မြန်မြန်တက်လာတာ မဟုတ်‌တော့ လူ‌တွေက မ‌ပြောင်း‌ရွှေ့ကြ‌သေးဘဲ အ‌ခြေအ‌နေ‌စောင့်ကြည့် ‌နေကြတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

စစ်‌တောင်းမြစ်‌ရေလျှံ၍ ရွာအချို့နှင့် ‌တောင်ငူမြို့‌နေရပ်ကွက်အချို့အတွင်းသို့ ‌ရေတက်လာခြင်းအ‌ခြေအ‌နေနှင့် ပတ်သက်၍ ‌တောင်ငူမြို့ရှိ အစိုးရအာဏာပိုင်များက တစုံတရာထုတ်‌ဖော်‌ပြောဆိုမှုများ မရှိ‌သေး‌ကြောင်း သိရသည်။

ယခုနှစ် မိုးရာသီအတွင်း ‌တောင်ငူမြို့တွင် ‌ရေကြီးမှုများမရှိဘဲ ယခုလို မိုးရာသီကုန်ပိုင်းမှသာ စစ်‌တောင်းမြစ်‌ရေ လျှံ၍ ‌ရေကြီးမှုဖြစ်‌ပေါ်‌နေခြင်းဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၂ခုနှစ်၊ ဇူလိုင်လနှင့် ဩဂုတ်လ မိုးရာသီအတွင်း၌ လည်း ‌တောင်ငူမြို့နှင့် အနီးအနားဝန်းကျင်ရွာများတွင် စစ်‌တောင်းမြစ်‌ရေလျှံ၍ ယခုထက် ကြီးမားသည့် ‌ရေကြီး မှုဖြစ်‌ပေါ်ခဲ့‌သေးသည်။