Home သတင်း အပစ်ရပ်စဉ် နယ်‌မြေသတ်မှတ်သင့်‌ကြောင်း ဖမ်းဆီးခံခဲ့ရသူ KNLA တပ်သား ၂ဦး ‌ပြောဆို

အပစ်ရပ်စဉ် နယ်‌မြေသတ်မှတ်သင့်‌ကြောင်း ဖမ်းဆီးခံခဲ့ရသူ KNLA တပ်သား ၂ဦး ‌ပြောဆို

1865

‌အောက်တိုဘာ ၁၇ရက်၊ ၂၀၁၃ခုနှစ်။ (‌ကေအိုင်စီ)

အပစ်အခတ် ရပ်စဲချိန်အတွင်း နယ်‌မြေပိုင်းခြား သတ်မှတ်ထားသင့်‌ကြောင်း အစိုးရစစ်တပ်၏ ဖမ်းဆီးခြင်းမှ ပြန်လည်လွတ် ‌မြောက်လာခဲ့သူ ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ‌တောင်ငူခရိုင်၊ တပ်မဟာ(၂)မှ တပ်သားနှစ်ဦးက ‌ပြောဆိုလိုက် သည်။

ဖမ်းဆီးခံရခြင်းမှ ပြန်လည် လွတ်‌မြောက်လာသူ ‌စော‌နေဘလုက “အခုလို အပစ်ခတ်ရပ်ထားချိန်မှာ တိကျတဲ့နယ်‌မြေ ပိုင်းခြား သတ်မှတ်‌ပေးပြီး ကျ‌နော်တို့နယ်‌မြေထဲမှာ အုပ်ချုပ်‌ရေးလုပ်ငန်း‌တွေ အစိုးရဘက်က ဝင်‌ရောက်‌နှောက်ယှက်တာ မလုပ်ဖို့ ကျ‌နော်တို့ ‌ခေါင်း‌ဆောင်‌တွေကို အ‌လေးထား ‌ဆွေး‌နွေး‌စေချင်ပါတယ်။”ဟု ‌ပြောသည်။

‌အောက်တိုဘာ ၁ရက်‌နေ့က သံ‌တောင်မြို့နယ် KNU ထိန်းချုပ်နယ်‌မြေ၏ ယာယီ အခွန်‌ကောက်ဂိတ် ထားရှိသည့်‌နေရာတွင် တာဝန်ယူ‌နေသူ KNLA တပ်မဟာ(၂)၊ တပ်ရင်း(၅)မှ တပ်သား ‌စော‌အောင်ကိုလတ်နှင့် ‌စော‌နေဘလူးတို့ကို မြန်မာအစိုးရ၏ ‌တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်‌အောက်ခံ ‌ခြေမြန်တပ်ရင်း(ခမရ-၄၄၀) စစ်‌ကြောင်းမှ ဖမ်းဆီးကာ ‌တောင်ငူမြို့ အမှတ်(၃) ရဲခစန်းသို့ ပို့‌ဆောင်ခဲ့သည်။

၎င်းတို့နှစ်ဦး ‌တောင်ငူ အမှတ်(၃)ရဲစခန်းသို့ ပို့‌ဆောင်ခံရချိန်တွင် ‌တောင်ပိုင်းတိုင်း စစ်ဌာနချုပ်(တပခ) စစ်ဗျူဟာ လိပ်သိုအ‌ခြေ စိုက်စခန်းရှိ ဗိုလ်ကြီးခိုင်သင်းထွန်းမှ တရားလိုပြုလုပ်ကာ လုယက်မှု၊ ဓါးပြမှုနှင့် စပ်လျဉ်းသည့် ပြစ်မှုဆိုင်ရာ ပုဒ်မ-၃၈၂ဖြင့် အမှု ဖွင့် တိုင်ကြားခဲ့သည်ဟု သိရသည်။ ယင်းသို့ ဖမ်းဆီးခံရပြီး ‌နောက်တစ်ရက်တွင် KNU တပ်မဟာ(၂)က ၎င်းတို့၏စစ်ဦးစီးချုပ်ထံ အ‌ကြောင်းကြားခဲ့ပြီး‌နောက် ၉ရက်ကြာ ‌အောက်တိုဘာ ၁ဝရက်‌နေ့တွင် ချုပ်‌နှောင်ခံရခြင်းမှ ပြန်လည်လွတ်‌မြောက်လာခဲ့သည်။

ဖမ်းဆီးခံရသူများကို KNU သံ‌တောင်မြို့နယ် ဥက္ကဌ ပဒို‌စောသဲဒယ်ထံ ပြန်လည်လွဲ‌ပြောင်းအပ်နှံခဲ့ရာတွင် မြန်မာစစ်တပ်မှ ပူးတွဲ ‌ပေးပို့လာသည့် တရားခံ လွှဲ‌ပြောင်းလက်ခံ‌ဆောင်ရွက်ခြင်းစာအရ သံ‌တောင်ကြီးမြို့နယ်၊ လိပ်သိုမြို့နယ်ခွဲ၊ သာမိုး‌တောင်‌ကျေးရွာ အုပ်စု၊ မီးခတ်‌ချောင်းတံတားထိပ်တွင် ‌မော်‌တော်ယာဉ်၊ ‌မော်‌တော်ဆိုင်ကယ်များကို ဝါး‌မောင်းတံဖြင့် တားဆီးပြီး ‌ခြောက်လှန့်‌ငွေ ‌တောင်းခံ‌နေသည်ဟု ‌ဖော်ပြထားသည်။

ထိုကိစ္စနှင့် ပတ်သက်၍ ‌စော‌အောင်ကိုလတ်က “ကျ‌နော်တို့က အဖွဲ့အစည်းရဲ့ အုပ်ချုပ်‌ရေးဆိုင်ရာ လုပ်ငန်း‌တွေကို လုပ်‌ပေးတာ ပါ။ ဒီအတွက် ဂိတ်‌ဆောက်ပြီး ‌ဒေသတွင်းက ထွက်ကုန်‌တွေအတွက် အခွန်‌ကောက်ဖို့ပါ။ ‌နောက်ပြီး ‌ဒေသတွင်း မူးယစ်‌ဆေးဝါး ‌တွေ မဝင်လာ‌ရေး ကြိုတင်ကာကွယ်ဖို့ အစီအစဉ်လုပ်ပြီး ရှာ‌ဖွေသွားဖို့ ကျ‌နော်တို့ မြို့နယ်၊ ခရိုင်ရဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်တာပါ။” ဟု ဆိုသည်။

အစိုးရ၏ လွဲ‌ပြောင်းစာပါ အ‌ကြောင်းအရာများအ‌ပေါ် KNU ‌တောင်ငူခရိုင် ဥက္ကဌ ပဒို‌စောအယ်ဝါးက ၎င်းတို့အဖွဲ့အတွင်း လိုအပ် ချက်များ ဖြည့်ဆည်း‌ပေးနိုင်‌ရေးအတွက် KNU ၏ အခွန်‌ပေါ်လစီအရ ‌ငွေ‌ကောက်ခံခြင်း မပြုလုပ်မီ တပ်မဟာ(၂) စစ်ဆင်‌ရေးမှူး က အစိုးရ၏ ‌တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ သစ်‌တောဌာနနှင့် သက်ဆိုင်ရာ အုပ်ချုပ်‌ရေးဌာနများထံသို့ ဩဂုတ်လက ကြိုတင်အ ‌ကြောင်းကြားခဲ့‌ကြောင်းနှင့် လူထုကိုလည်း အသိ‌ပေး ညှိနှိုင်းထားပြီးဖြစ်‌ကြောင်း ‌ပြောသည်။

“တကယ်ဆိုရင် ကျ‌နော်တို့ ‌ပေါ်လစီအရ လုပ်‌နေတဲ့အလုပ်ကို သူတို့ဝင်ပြီး တားမြစ်စရာ အ‌ကြောင်းမရှိဘူး။ တကယ်လို့ ရှင်းရှင်း လင်းလင်း ဖြစ်ချင်တယ်ဆိုရင် သူ့နယ်‌မြေ၊ ကိုယ့်နယ်‌မြေဆိုပြီး သတ်မှတ်မှုလုပ်နိုင်ရင် ပို‌ကောင်းမယ်။”ဟု ပဒို‌စောအယ်ဝါးက ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

ပြန်လည်လွတ်‌မြောက်လာသူ တပ်သားနှစ်ဦးက ယခုလို အပစ်အခတ်ရပ်စဲထားချိန်တွင် KNU ၏ အုပ်ချုပ်‌ရေးနယ်‌မြေအတွင်း ဝင်‌ရောက်၍ တရားခံအဖြစ် စွပ်စွဲဖမ်းဆီးကာ ချုပ်‌နှောင်ထားခြင်းမျိုး မလုပ်သင့်‌ကြောင်း၊ အစိုးရမှ သ‌ဘောထား မှန်ကန်စွာနှင့် အပစ်ရပ်အဖွဲ့များကို တန်းတူဆက်ဆံသင့်သလို ‌ကေအဲန်ယူ‌ခေါင်း‌ဆောင်များအ‌နေဖြင့်လည်း အစိုးရနှင့် ‌တွေ့ဆုံ‌ဆွေး‌နွေးရာတွင် နှစ်ဖက်တပ်များ လိုက်နာရမည့် ကျင့်ဝတ်ဆိုင်ရာစည်းကမ်းများနှင့် အုပ်ချုပ်‌ရေးဆိုင်ရာများ ဝင်‌ရောက်‌နှောက်ယှက်ခြင်းမပြုရန် အ‌လေးထား ‌ဆွေး‌နွေး‌စေလို‌ကြောင်း ‌တောင်းဆိုခဲ့သည်။