Home သတင်း ‌ကေအဲန်ယူဥက္ကဌ‌ဟောင်း ‌စောတာမလာ‌ဘောနှင့်ဇနီး မဂင်္လာပွဲ နှစ်၇ဝပြည့် ပြုလုပ်

‌ကေအဲန်ယူဥက္ကဌ‌ဟောင်း ‌စောတာမလာ‌ဘောနှင့်ဇနီး မဂင်္လာပွဲ နှစ်၇ဝပြည့် ပြုလုပ်

1743

‌အောက်တိုဘာ ၁၆ရက်၊ ၂၀၁၃ခုနှစ်။ (‌ကေအိုင်စီ)

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ဥက္ကဌ‌ဟောင်း ဗိုလ်ချုပ်ကြီး ‌စောတာမ လာ‌ဘော နှင့် ဇနီး ‌နော်‌ဖောက‌ဝေါ်တို့၏ နှစ် ၇ဝပြည့် မဂင်္လာနှစ်ပတ်လည် ဝတ်ပြုအခမ်းအနားကို ထိုင်းနိုင်ငံ၊ မဲ့‌ဟောင်‌ဆောင်ခရိုင် မဲ့စရင်းမြို့နယ်တွင် ‌အောက်တိုဘာလ ၁၅ရက်‌နေ့က ကျင်းပပြုလုပ်ခဲ့ရာ လူပရိဿတ် ၃၀ဝနီးပါး တက်‌ရောက်ခဲ့ကြသည်။

မိသားစုဝင်များနှင့် ကရင်နှစ်ခြင်းခရစ်ယာန် ဘာသာ‌ရေး‌ခေါင်း‌ဆောင်များက ဦး‌ဆောင်‌ပေးသည့် ၎င်းအစီအစဉ်ကို မနက် ၁ဝနာ ရီမှ စတင် ကျင်းပပြုလုပ်ခဲ့ပြီး သားကြီးဖြစ်သူ KNLA စစ်ဦးစီးအရာရှိ ဗိုလ်ချုပ်‌စောမဲ‌အေစိန်နှင့် သမီး‌ထွေး ‌နော်ရုသ်စိန်တို့က မိဘနှစ်ပါး၏ ဆုံးမသွန်သင်မှုနှင့် အမျိုးသား‌ရေး လက်ဆင့်ကမ်းမှုကို ပြန်လည် ချီးမွမ်း‌ကျေးဇူးတင်စကား ‌ပြောကြားခဲ့ကြသည်။

ဗိုလ်ချုပ်‌စောမဲ‌အေစိန်က “ကျ‌နော့်အ‌ဖေရဲ့ မှာကြားချက်က‌တော့ အဓိက အမျိုးသားအတွက်လုပ်ဖို့၊ ‌တော်လှန်‌ရေးအတွက်လုပ်ဖို့ ပြီး‌တော့ အမှန်တရားကို ရပ်တည်ဖို့နဲ့ ‌တော်လှန်‌ရေးမလုပ်ရင် မင်းတို့တာဝန်မ‌ကျေဘူး‌ပေါ့။ ဒါမျိုး‌တွေ ‌ပြောခဲ့တယ်။ အ‌မေလည်း အလားတူပဲ အမျိုးသား‌တော်လှန်‌ရေးအတွက်လုပ်ဖို့နဲ့ အဓိက ဘုရားကိုသိဖို့။ ဘုရားမသိရင် မင်းတို့‌တော့ လူမဖြစ်ဘူးလို့ ဆုံးမခဲ့ တယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အသက် ၉၅နှစ်ရှိသည့် ဗိုလ်ချုပ်ကြီး‌စောတာမလာ‌ဘောနှင့် ‌ကျောင်းဆရာမလုပ်ခဲ့သူ ‌နော်‌ဖောက‌ဝေါ် ၉၆နှစ်တို့၏ မဂင်္လာနှစ် ပတ်လည်‌နေ့ကို မိသားစု ဝတ်ပြုဆု‌တောင်းမှုဖြင့် နှစ်စဉ် ပြုလုပ်ခဲ့‌သော်လည်း ယမန်‌နေ့က ပြုလုပ်သည့် နှစ် ၇ဝပြည့်ကျမှသာ သားသမီး ၈ဦး အစုံအလင် ပါဝင်နိုင်ခြင်းဖြစ်သည်။

နှစ်ခြင်းခရစ်ယာန်ဆရာ‌တော် ‌စောနျူတန်က “ကျ‌နော်တို့ အခုလို အထိမ်းအမှတ်မျိုးက အင်မတန် ရှားပါးပါတယ်။ အဖူးနဲ့ အဖီး တို့ဟာ အိမ်‌ထောင်သက်နှစ် ၇ဝအထိ သားသမီး‌တွေကို ဘုရားသခင် ‌ကျေးဇူးမ‌မေ့‌အောင်၊ အမျိုးသား‌ရေးတာဝန်ကို လမ်းညွှန် ‌ပေးနိုင်ခဲ့တဲ့သူ‌တွေပါပဲ။”ဟု ဆိုသည်။

ဗိုလ်ချုပ်ကြီး‌စောတာမလာ‌ဘောသည် ၁၉၄၃ခုနှစ်၊ ဒုတိယကမ္ဘာစစ်ကာလတွင် အိမ်‌ထောင်ကျခဲ့ပြီး ၂၀၁၂ခုနှစ်၊ နိုဝင်ဘာလ တွင် ကျင်းပခဲ့‌သော ၁၅ကြိမ်‌မြောက် ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ညီလာခံ၌ လုပ်ငန်းတာဝန်မှ အနားယူခဲ့‌သော် လည်း လက်ရှိအချိန်၌ ‌ကေအဲန်ယူ၏ နာယကတစ်ဦးဖြစ်သည်။
DSC08846
၎င်း၏ သားသမီးများဖြစ်‌သော သားကြီးဗိုလ်ချုပ်‌စောမဲ‌အေစိန်၊ ဗိုလ်ချုပ်‌စောပီးလစိန်နှင့် ပဒို‌နော်စီဖိုးရာစိန်တို့မှာ ‌ကေအဲန်ယူ၌ လည်း‌ကောင်း၊ ကျန်သားသမီးများမှာ ကရင်လူထုအ‌ခြေပြု အဖွဲ့အစည်းများ၌လည်း‌ကောင်း တာဝန်ထမ်း‌ဆောင်‌နေကြပြီး လက် ရှိတွင် သားသမီး၊ ‌မြေး၊ မြစ် စုစု‌ပေါင်း ၉၇ဦးရှိသည်။

အဆိုပါ နှစ်ပတ်လည်‌နေ့ ဝတ်ပြုပွဲသို့ ‌ကေအဲန်ယူမှ ပဒို‌စော‌ရောဂျာခင်၊ ပဒို‌စော‌ဒေါ့‌လေးမူ အပါအဝင် အရပ်ဖက်၊ တပ်ဖက်‌ခေါင်း ‌ဆောင်များ၊ ကရင်လူထုအ‌ခြေပြုအဖွဲ့အစည်းများအပြင် ရခိုင်အမျိုးသားလွတ်‌မြောက်‌ရေးပါတီ-ALP ဥက္ကဌ ခိုင်စိုးနိုင်‌အောင်၊ NLD-LA မှ ကိုထွန်း‌အောင်‌ကျော်၊ ဦး‌အေး‌ဆောင် စသည့်မဟာမိတ်‌ခေါင်း‌ဆောင်အချို့ လာ‌ရောက်ခဲ့ကြပြီး ဧည့်ခံ‌ကျွေး‌မွေးခြင်း အစီအစဉ်ဖြင့် ရုတ်သိမ်းခဲ့ကြသည်။