Home သတင်း ကရင်လွှတ်‌တော်ကိုယ်စားလှယ် များ မြို့မကွင်းကိစ္စအ‌ပေါ် အ‌တွေ့အကြုံရှင်းလင်းပွဲ ပြုလုပ်ခဲ့

ကရင်လွှတ်‌တော်ကိုယ်စားလှယ် များ မြို့မကွင်းကိစ္စအ‌ပေါ် အ‌တွေ့အကြုံရှင်းလင်းပွဲ ပြုလုပ်ခဲ့

1554
‌အောက်တိုဘာ ၇ရက်၊ ၂၀၁၃ခုနှစ်။ ‌စောညွန့်‌သောင်း

ကရင်ပြည်နယ်၊ သမိုင်းဝင် ဘားအံမြို့မကွင်း၌ အ‌ဆောက်အဦး ‌ဆောက်လုပ်ခြင်းနှင့် ပတ်သက်၍ မြို့ခံလူထုနှင့် သံဃာ‌တော်များ ၏ ကန့်ကွက်မှုများအ‌ပေါ် လွှတ်‌တော်ကိုယ်စားလှယ်များက အ‌တွေ့အကြုံ ရှင်းလင်းပွဲတစ်ရပ်ကို ယမန်‌နေ့ ‌အောက်တိုဘာ ၆ရက်‌နေ့က ပြုလုပ်ကျင်းပခဲ့သည်။

ဘားအံမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ အာဇာနည်‌ကျောက်တိုင်၌ ပြုလုပ်‌သော ၎င်းရှင်းလင်းပွဲတွင် မြို့မကွင်းကိစ္စကန့်ကွက်မှုကို အ‌ခြေခံ၍ ပြည်သူ့အသံ-လွှတ်‌တော်အသံ၊ ပြည်သူ့ဆန္ဒ-လွှတ်‌တော်ဆန္ဒနှင့် ပြည်သူတို့‌ထောက်ခံချက်-လွှတ်‌တော်က ‌ဖော်‌ဆောင်ရွက် ဟူ‌သောဆိုင်းဘုတ်ဖြင့် ဖားအံမြို့ရှိ ပြည်သူ့လွှတ်‌တော်နှင့် အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ်များ ပူး‌ပေါင်း ကာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“ပြည်သူ့ဆန္ဒနဲ့အညီ ဒီ‌တွေ့ဆုံရှင်းလင်းပွဲကို ကျမတို့ လုပ်တာပါ။ ‌ဒေသဖွံ့ဖြိုးဖို့အတွက်နဲ့(အစိုးရက)‌ပြောတာ ပြည်သူများက မလက်ခံဘူး။ ဟိုတယ်‌ဆောက်ဖို့ အခြား‌နေရာလည်း ရှိပါတယ်။ ဒါ‌ကြောင့် ဒီ‌ဆောက်လုပ်မှုကို ပြည်နယ်အစိုးရအ‌နေနဲ့ ပြန်လည် စဉ်းစားသင့်တယ်။”ဟု ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)မှ ပြည်သူ့လွှတ်‌တော် ကိုယ်စားလှယ် နန်း‌စေးအွာက ‌ကေအိုင်စီ သို့ ‌ပြောသည်။

ဆက်လက်၍ ပြည်နယ်အတွက် ‌ဒေသဖွံ့ဖြိုးလာရန် ဟိုတယ်နှင့်ကုန်တိုက်များကို ‌ဆောက်လုပ်ခြင်းဖြစ်သည့်သ‌ဘောဖြင့် ပြည် နယ်အစိုးရမှ ၎င်းထံသို့ လိပ်မူသည့် စာတ‌စောင်ကို ‌အောက်တိုဘာ ၂ရက်‌နေ့က ‌ရောက်ရှိလာ‌သော်လည်း စာပါအ‌ကြောင်းအရာ များကို လူထုနှင့် သံဃာ‌တော်များက လက်မခံခဲ့‌ကြောင်း နန်း‌စေးအွာက ဆိုသည်။

DSC03222
၎င်းရှင်းလင်းပွဲတွင် ပြည်သူ့လွှတ်ကိုယ်စားလှယ် နန်း‌စေအွာ၊ အမျိုးသားလွှတ်‌တော် ကိုယ်စားလှယ် ‌စော‌အောင်‌ကျော်နိုင်နှင့် မန်းကံညွှန့် အပါအဝင်၊ နိုင်ငံ‌ရေးပါတီများ၊ လူထုနှင့်သံဃာ‌တော်များ စုစု‌ပေါင်း ၁၀၀၀‌ကျော် တက်‌ရောက်ခဲ့ပြီး လူထုအချို့က သမိုင်းဝင်(မြို့မ)အာဇာနည်‌ကျောက်တိုင်ကွင်း ပြည်သူ့လက်ဝယ်သို့ ပြန်အပ်‌ပေး၊ သမိုင်းဝင်‌နေရာ‌ဖျောက်ဖျက်မှု ရပ်တန့်‌ပေးနှင့် အများပိုင်‌မြေယာများသည် လက်ညှိုးထိုး‌ရောင်းရန်မဟုတ် စသည့်ဆိုင်းဘုတ်များ ကိုင်‌ဆောင်ကာ ဆန္ဒထုတ်‌ဖော်ခဲ့ကြသည်။

ယခင်လ စက်တင်ဘာ ၁၈ရက်‌နေ့၌ မြို့မကွင်းအတွင်း အ‌ဆောက်အဦး‌ဆောက်လုပ်မှုကို ရပ်တန့်‌ပေးရန် အမျိုးသားလွှတ်‌တော် တွင် တင်ပြမှုနှင့် ပတ်သက်၍ အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ် ‌စော‌အောင်‌ကျော်နိုင်က “လွှတ်‌တော်က ပြည်နယ်အစိုးရနှင့် ပြန်လည်ညှိနှိုင်းဖို့ ‌ပြော‌ပေမယ့် ညှိနှိုင်းတဲ့အခါ လူထုဆန္ဒ‌တွေကို အ‌လေးမထားတာ ‌တွေ့ရတယ်။ ကျ‌နော်တို့က ပြည်သူ့ကိုယ် စားလှယ်အ‌နေနဲ့ ပြည်သူရဲ့ဆန္ဒကို အ‌လေးထားပြီး ဥပ‌ဒေ‌ဘောင်အတွင်းက လုပ်‌ဆောင်‌ပေးဖို့ အသင့်ရှိတယ်။”ဟု ‌ပြောသည်။

ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ(USDP)မှ မန်းကံညွှန့်ကလည်း မြို့မကွင်းအတွင်း ‌ဆောက်လုပ်မှုလုပ်ငန်းကို လူထုနှင့် သံဃာများ ကန့်ကွက်‌နေသည့်ကြားက ဆက်လက်လုပ်‌ဆောင်ခြင်းမျိုး မပြုသင့်‌တော့‌ကြောင်း ‌ပြောသည်။

ထို့အပြင် မြို့ခံလူငယ်တစ်ဦးဖြစ်သူ ‌စော‌အောင်မျိုးသက်က “ဒီကွင်းကို ပြန်ရဖို့ ဥပ‌ဒေ‌ဘောင်အတွင်းကပဲ လွှတ်‌တော်ကိုယ်စား လှယ်‌တွေနဲ့အတူ လုပ်‌ဆောင်သွားမယ်။ ဥပ‌ဒေ‌ဘောင်ကို‌ကျော်ပြီး ထိပ်တိုက်ရင်ဆိုင်ရမယ့်အဖြစ်မျိုး‌တော့ မလိုချင်ဘူး။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၇ရက်‌နေ့က သံဃာ‌တော်အပါး (၅၀၀)ခန့် ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ သမိုင်းဝင် မြို့မ‌ဘောလုံးကွင်း အတွင်း ကုန်တိုက်နှင့် ဟိုတယ်‌ဆောက်လုပ်‌နေမှုအ‌ပေါ် လမ်း‌လျှောက်‌မေတ္တာပို့ ဆန္ဒထုတ်‌ဖော်ကြရန် ဘားအံမြို့ရှိ မဲ‌ဘောင် ‌ကျောင်းတိုက်တွင် စုစည်းခဲ့ကြ‌သေးသည်။