Home သတင်း MKO ရုံးသို့ မ‌လေးရှားအလှမယ် သွား‌ရောက်‌လေ့လာခဲ့

MKO ရုံးသို့ မ‌လေးရှားအလှမယ် သွား‌ရောက်‌လေ့လာခဲ့

2869

စက်တင်ဘာလ ၂၅ရက်၊ ၂၀၁၃ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)

1157550_10200273555311642_1370400353_nမ‌လေးရှားနိုင်ငံ၏ Miss Malaysia World 2013 ဆုရရှိထားသူ အသက် ၂၁နှစ်အရွယ် အလှမယ် Melinder Bhullar က မ‌လေး ရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ Malaysia Karen Organization (MKO) ရုံးသို့ ဩဂုတ်လ ၂၉ရက်‌နေ့က သွား‌ရောက်‌လေ့လာခဲ့ ‌ကြောင်း သိရသည်။

အဆိုပါအလှမယ်သည် MKO ကို ‌ထောက်ကူ‌ပေး‌နေသူတစ်ဦးမှတဆင့် ချိတ်ဆက်‌ပေးမှု‌ကြောင့် ‌ရောက်ရှိလာခြင်းဖြစ်သည်ဟု မ‌လေးရှားကရင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Malaysia MKO မှ အတွင်း‌ရေးမှူး ‌စောထင်‌အောင်က ‌ကေအိုင်စီသို့ ယခုလို ‌ပြော သည်။

‌စောထင်‌အောင်က “ကျ‌နော်တို့ကို အကူအညီ‌ပေး‌နေတဲ့ Assumption Church က တာဝန်ခံ မစ္စတာ‌ရေမွန်တီယိုက‌နေတဆင့် လာ‌ရောက်တာဖြစ်ပါတယ်။ ‌နောက်‌နောင် လိုအပ်မယ့် အကူအညီ‌တွေအတွက် စာနာတဲ့အ‌နေနဲ့ ကျ‌နော်တို့နဲ့ ချိတ်ဆက်‌ပေး လိုက်တာပါ။”ဟု ‌ပြောဆိုသည်။

အလှမယ် Melinder Bhullar သည် MKO မှ ဖွင့်လှစ်ထား‌သော learning center သို့ ဒုက္ခသည်က‌လေးများ၏ အ‌ခြေအ‌နေ၊ သင်တန်း‌ကျောင်းအ‌ခြေအ‌နေကို တစ်နာရီ‌ကျော်ကြာ သွား‌ရောက်‌လေ့လာပြီး တာဝန်ရှိသူများနှင့်လည်း ‌တွေ့ဆုံခဲ့သည်ဟု MKO က ဆိုသည်။

“ခုလို‌ရောက်လာတာ သူတို့(ဒုက္ခသည်က‌လေး‌တွေ)အ‌ကြောင်း‌တွေ သိရှိရ‌အောင်၊ ‌နောက်ပြီး ကျမအ‌နေနဲ့ အဆင့်အတန်း မခွဲ ခြားဘဲ တတ်နိုင်သ‌လောက် လူမှုအဖွဲ့အစည်း‌တွေအတွက် လုပ်တာပါ။ ‌သေးမွှားတဲ့အလုပ် ဖြစ်‌ပေမယ့်လို့လည်း အကျိုးရှိတယ် လို့ ကျမ ယုံကြည်ပါတယ်။”ဟု အလှမယ် Melinder Bhullar က MKO ကို ‌ပြောကြားခဲ့‌ကြောင်း သိရသည်။

University of Western Australia တက္ကသိုလ်တွင် တက်‌ရောက်ပညာသင်ကြား‌နေပြီး မ‌လေးရှားနိုင်ငံ၏ ၂၀၁၃ခုနှစ်အတွက် Miss Malaysia World ဆုကိုရရှိထားသူ Melinder Bhullar သည် MKO မှ ဖွင့်လှစ်ထားသည့် learning center သင်တန်း ‌ကျောင်းမှ ‌ကျောင်းသား‌ကျောင်းသူများကို ‌တွေ့ဆုံနှုတ်ဆက်စကားများ ‌ပြောဆိုခဲ့သလို မှုန့်၊ အစားအစာနှင့် တစ်ကိုယ်‌ရေ သန့်ရှင်း‌ရေး အသုံးအ‌ဆောင်များကို လှူဒါန်းသွားခဲ့သည်။

MKO ကို ဇန်နဝါရီလ ၁ဝရက်၊ ၂၀၀၅ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး မ‌လေးရှား‌ရောက် ကရင်ဒုက္ခသည်များ၏ ကျန်းမာ‌ရေး ပညာ‌ရေးနှင့် အခြားလူမှု‌စောင့်‌ရှောက်‌ရေး အကူအညီ‌ပေး‌နေ‌သော အဖွဲ့အစည်းတစ်ခု ဖြစ်သလို ၎င်းတို့၏ သင်တန်း‌ကျောင်းကို အဆင့် ၅ဆင့် သတ်မှတ်ကာ အတန်းအလိုက် အဂင်္လိပ်စာ၊ သချင်္ာ၊ သိပ္ပံနှင့် အခြား‌သော အသိပညာ အတတ်ပညာ သင်တန်း များကိုလည်း ဖွင့်လှစ်သင်ကြား‌ပေးလျှက်ရှိ‌ကြောင်း သိရသည်။