Home သတင်း ဖွံ့ဖြိုး‌ရေးအကူအညီ‌ပေးနိုင်‌ရေး နီပွန်‌ဖောင်‌ဒေးရှင်းနှင့် DKBA တို့‌ဆွေး‌နွေးခဲ့

ဖွံ့ဖြိုး‌ရေးအကူအညီ‌ပေးနိုင်‌ရေး နီပွန်‌ဖောင်‌ဒေးရှင်းနှင့် DKBA တို့‌ဆွေး‌နွေးခဲ့

1477
ဩဂုတ်လ ၂၅ရက်၊ ၂၀၁၃ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)

Sasakawa photoဒီမိုက‌ရေစီအကျိုးပြု ကရင်အမျိုးသားတပ်မ‌တော် DKBA နှင့် ဂျပန်နိုင်ငံရှိနီပွန်‌ဖောင်‌ဒေးရှင်းမှ ကိုယ်စားလှယ်များသည် ‌ဒေသဖွံ့ဖြိုးမှု အကူအညီများ‌ပေးနိုင်‌ရေးနှင့် ပတ်သက်ပြီး ဩဂုတ်လ ၂၂ရက်‌နေ့တွင် ထိုင်း- မြန်မာ နယ်စပ်တစ်‌နေရာ၌ ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့‌ကြောင်း သတင်းရရှိသည်။

Nippon Foundation logoDKBA ထိန်းချုပ်ရာနယ်‌မြေအတွင်းရှိလိုအပ်လျက်ရှိ‌သောကျန်းမာ‌ရေး၊ ပညာ‌ရေးနှင့် အသက်‌မွေးဝမ်း‌ကျောင်းဆိုင်ရာ ဖွံ့ဖြိုး မှု အကူအညီများ ‌ပေးနိုင်ရန်အတွက် ယခုလို‌တွေ့ဆုံ‌ဆွေး‌နွေး ခြင်းဖြစ်သည်ဟု ‌ဆွေး‌နွေးမှုတွင် ပါဝင်သူတစ်ဦးဖြစ်သည့် DKBA မှ ဗိုလ်မှူးကြီး‌စောဆန်း‌အောင်က ယခုလို ‌ပြောသည်။

“ကျန်းမာ‌ရေးဆိုလည်း‌ရေ‌ကောင်း‌ရေသန့်ရရှိ‌ရေး၊ ဒီ‌ချောင်း‌တွေထဲက‌နေ လျှပ်စစ်မီးကို ဘယ်လိုထုတ်ယူသုံးစွဲကြမယ်ဆို တာရယ်၊ ‌နောက်ပြီး ပညာ‌ရေးဘက်ဆိုရင်လည်း ဆရာ၊ဆရာမ မလုံ‌လောက်တဲ့ ပြဿနာ‌တွေ၊ ‌ကျောင်းအ‌ဆောက်အအုံ ‌တွေ လိုအပ်‌နေတာ‌တွေ‌ပေါ့။ အဲဒါ‌တွေ ‌ဆွေး‌နွေးဖြစ်ပါတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုသို့‌တွေ့ဆုံရာတွင် နီပွန်‌ဖောင်‌ဒေးရှင်းမှ မစ္စတာအီမိုကိုဦး‌ဆောင်သည့် တာဝန်ရှိသူများ၊ DKBA မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ‌စောလားပွယ်နှင့် KNU/KNLA (PC) မှတာဝန်ရှိသူများ၊ နယ်လှည့်‌ကျောပိုးအိတ်ကျန်းမာ‌ရေးလုပ်သားများအဖွဲ့-BPHWT မှ ‌ဆေးလုပ်သားများနှင့်အတူ ‌ကျေးရွာလူကြီးများနှင့်‌တွေ့ဆုံကာ ‌ဆွေး‌နွေးခဲ့ကြသည်ဟု သိရသည်။

ထို့အပြင် နီပွန်‌ဖောင်‌ဒေးရှင်းကိုယ်စားလှယ်များသည် DKBA ထိန်းချုပ်နယ်‌မြေများဖြစ်သည့် ဆုံဆည်းမြိုင်၊ ဝါ့‌မေထာ့ စသည့် ‌ကျေးရွာများသို့ သွား‌ရောက်ပြီး ကျန်းမာ‌ရေး‌ဆေး‌ပေးခန်းများ၊ စာသင်‌ကျောင်းများနှင့် လမ်းများကို လှည့်လည် ကြည့်ရှုကာ လုပ်ငန်းအ‌ကောင်အထည်‌ဖော်မည်ဆိုပါက နီပွန်‌ဖောင်‌ဒေးရှင်းမှ ဆက်လက် အကူအညီ‌ပေးသွားမည်ဖြစ် ‌ကြောင်း ဗိုလ်မှူးကြီး‌စောဆန်း‌အောင်က ထပ်‌လောင်း‌ပြောကြားသည်။

နီပွန်‌ဖောင်‌ဒေးရှင်းအ‌နေဖြင့် နိုင်ငံ‌ပေါင်း ၁၀၀‌ကျော်ကို ဖွံ့ဖြိုး‌ရေးအကူအညီများ ‌ပေး‌နေပြီး လက်ရှိ မြန်မာနိုင်ငံအတွင်းရှိ ကချင်၊ ကရင်၊ မွန် ၊ ရှမ်းစသည့် တိုင်းရင်းသား‌ဒေသများသို့လည်း စားနပ်ရိက္ခာများ၊ ပညာ‌ရေး၊ ‌ဆေးဝါးအကူအညီများနှင့် စိုက်ပျိုး‌ရေးအတွက် လိုအပ်‌သော အ‌ထောက်အကူနည်းပညာများကို ကူညီပံ့ပိုး‌ပေးလျက်ရှိသည်။

ပြည်တွင်းလက်နက်ကိုင်တိုက်ပွဲများ ဖြစ်ပွား‌နေသည့် ‌ဒေသအားလုံးသို့ သွား‌ရောက်ကာ အကူအညီ‌ပေး‌ရေး လုပ်ငန်းအစီ အစဉ်များ လုပ်ကိုင်သွားရန်ရှိ‌ကြောင်း နီပွန်‌ဖောင်‌ဒေးရှင်း ဥက္ကဌ မစ္စတာ‌ယောဟဲအိဆာဆာကာဝါက မြန်မာနိုင်ငံသို့ ‌ရောက်ရှိစဉ်က ထုတ်‌ဖော်‌ပြောကြားခဲ့သည်။

နီပွန်‌ဖောင်‌ဒေးရှင်းမှ ကချင်၊ ကရင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်များအတွက် ‌ဒေါ်လာသန်း ၃၀ဝကို လှူဒါန်းခဲ့ကာ ရခိုင် ပြည်နယ်တွင်လည်း စာသင်‌ကျောင်း ၁၀ဝ ‌ဆောက်လုပ်နိုင်ရန် ၅နှစ်စီမံကိန်း ‌ရေးဆွဲထားပြီး ‌ထောက်ပံ့မှုများကို မြန်မာငြိမ်း ချမ်း‌ရေးစင်တာ၏ အကူအညီဖြင့် ၂၀၁၂ခုနှစ်အတွင်း လုပ်‌ဆောင်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ကချင်နှင့် ရခိုင်ပြည်နယ်အတွင်း ‌ဒေသန္တရဖွံ့ဖြိုး‌ရေး အကူအညီအဖြစ် အတိုးနှုန်း ဝ.၁ ရာခိုင်နှုန်းဖြင့် အ‌မေရိကန် ‌ဒေါ်လာ သန်း ၅၇ဝ ထုတ်‌ချေးသွားရန်ရှိ‌ကြောင်း နီပွန်‌ဖောင်‌ဒေးရှင်းက သတင်းထုတ်ပြန်ထားသည်။