Home သတင်း မြဝတီတွင် ဂျပန် JICA အဖွဲ့မှ ဒုက္ခသည်များအ တွက် ပြန်ကြား‌ရေးဌာန ဖွင့်လှစ်မည်

မြဝတီတွင် ဂျပန် JICA အဖွဲ့မှ ဒုက္ခသည်များအ တွက် ပြန်ကြား‌ရေးဌာန ဖွင့်လှစ်မည်

1760
ဇွန်လ ၁၄ရက်၊ ၂၀၁၃ခုနှစ်။ နန်း‌ဖော့‌ဂေ (‌ကေအိုင်စီ)


ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် ဖွံ့ဖြိုးတိုးတက်‌ရေး ကူညီလုပ်‌ဆောင်‌ပေးရန် ဂျပန်အစိုးရက ‌စေလွှတ်ထားသည့် JICA အဖွဲ့ ကိုယ်စားလှယ် ယူကီနီရှီမိုရီ (Mr. Yuki Nishimori)က ဒုက္ခသည်များအတွက် သတင်းပြန်ကြား‌ရေးဌာနတစ်ခုကို ယခုနှစ်အတွင်း ဖွင့်လှစ်သွားရန်ရှိ‌ကြောင်း မြဝတီမြို့ရှိ ‌ကေအဲန်ယူ ကိုယ်စားလှယ်များနှင့် ယမန်‌နေ့က မြဝတီမြို့၌ ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ သည်။

မြဝတီမြို့နယ်ရုံးတွင် ယမန်‌နေ့မနက် ၁၁နာရီမှစ၍ တစ်နာရီ‌ကျော်ကြာ ပြုလုပ်ခဲ့သည့် ၎င်းအစည်းအ‌ဝေးသို့ မြို့နယ်အုပ်ချုပ် ‌ရေးမှူး ဦးသိန်း‌ဇော်ကံ၊ နယ်စပ်‌ဒေသနှင့် တိုင်းရင်းသားများ ဖွံ့ဖြိုး‌ရေးလုပ်ငန်း ဦးစီးအရာရှိ ဦးမြင့်‌ဆွေ၊ ‌ကေအဲန်ယူ တပ်မဟာ (၇) ဆက်ဆံ‌ရေးရုံးမှ ပဒို‌စောပန်းသီနှင့်အတူ တပ်မဟာ(၇) စီးပွား‌ရေးရုံးမှ ‌စောမိုးဇက်၊ ‌နော်‌စေးရာဘရိုက်တို့ တက်‌ရောက်‌ဆွေး ‌နွေးခဲ့ကြခြင်း ဖြစ်သည်။

‌စောမိုးဇက်က “အခုလာတဲ့ ဂျပန်ပုဂ္ဂိုလ်က ထိုင်းဘက်က ကရင်ဒုက္ခသည်‌တွေနဲ့ အိုင်ဒီပီတို့အတွက် သတင်းအချက်အလက် ‌တွေ ‌မေးမြန်းစုံစမ်းနိုင်မဲ့ စင်တာတစ်ခုဖွင့်ဖို့ လာ‌ဆွေး‌နွေးတာဖြစ်တယ်။ ဒုက္ခသည်‌တွေအတွက် သတင်းမှန်‌ပေးနိုင်ဖို့ ရည်ရွယ် တာလို့ ကျ‌နော်တို့ကို လာ‌ဆွေး‌နွေးရှင်းပြတာ ဖြစ်ပါတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယူကီနီရှီမိုရီသည် JICA အဖွဲ့တွင် ပြန်လည်‌နေရာချထား‌ရေးဆိုင်ရာ တာဝန်ယူထားသူဖြစ်ပြီး ဇွန်လ ၅ရက်‌နေ့က ဖားအံ မြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦး‌ဇော်မင်း အပါအဝင် ဌာနဆိုင်ရာဝန်ကြီးများနှင့်လည်း‌ကောင်း၊ ဇွန် ၁၂ရက် ‌နေ့ကလည်း မြဝတီခရိုင်အုပ်ချုပ်‌ရေးမှူးရုံးတွင် မြို့နယ်၊ ခရိုင်အုပ်ချုပ်‌ရေးမှူးများ၊ လူဝင်မှုကြီးကြပ်‌ရေးဦးစီးဌာနမှ တာဝန်ရှိသူများ နှင့်လည်း‌ကောင်း အထက်ပါကိစ္စကို ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ပြီး သ‌ဘောတူ လက်ခံမှုရရှိခဲ့သည်။

“ဒီ‌နေ့က‌တော့ ‌ကေအဲန်ယူ ဆက်ဆံ‌ရေးရုံးက လူ‌တွေနဲ့‌တွေ့ပြီး သူ ရှင်းပြတယ်။ မြဝတီဆိုတာ ဂိတ်‌ပေါက်တခုလိုဖြစ်‌တော့ ဒုက္ခ သည်တစ်‌ယောက်ဟာ မပြန်လာခင် သူ့နယ်‌မြေမှာ ‌အေးချမ်းမှု ရှိလားမရှိလား။ မိုင်း‌တွေရှိလား မရှိလား။ ဘယ်လို‌ထောက်ပံ့မှု ‌တွေ ရှိ‌နေလဲ၊ မရှိဘူးလဲ အတိအကျ သိရ‌အောင် ပြန်ကြား‌ရေးဌာနတခု Returning Information Center ကို သူတို့က မြဝတီ မှာ စချင်တယ်။”ဟု ဂျပန်ကိုယ်စားလှယ်အား စကားပြန်လုပ်‌ပေးသူ ‌စောအယ်ဒိုက ‌ကေအိုင်စီသို့ ယမန်‌နေ့က ‌ပြောသည်။

JICA ကိုယ်စားလှယ်အ‌နေဖြင့် အစိုးရ အပါအဝင် အဖွဲ့အစည်းအားလုံးက လက်ခံသ‌ဘောတူပါက ဇူလိုင်လအတွင်း ‌နောက်ဆုံး အစီရင်ခံစာ ‌ရေးသားကာ ဂျပန်အစိုးရထံ ပြန်တင်ပြသွားမည်ဖြစ်သည်။ ထို့‌နောက် ဂျပန်အစိုးရမှ ခွင့်ပြုလျှင် ရုံးကို ဖွင့်လှစ်ရန် အ‌ကောင်အထည်‌ဖော်သွားမည်ဖြစ်သည်ဟု သူက ဆက်လက် ရှင်းပြသည်။


“၇လပိုင်းမှာ သူတို့ပြန်သွားမယ်။ ဂျပန်အစိုးရကို ရီ‌ပေါ့တင်ပြီး အစိုးရဆီက အ‌ဖြေကို‌စောင့်မယ်။ ကိုးလပိုင်း၊ ဆယ်လပိုင်းမှာ တစ်‌ခေါက်ပြန်လာမယ်။ ဆယ်လပိုင်း‌လောက်ကျမှ တကယ်အ‌ကောင်အထည်‌ဖော်တဲ့ အစီအစဉ် တကယ်ပြန်စလာမယ်ဆိုတဲ့ သ‌ဘောရှိတယ်။”ဟု ‌စောအယ်ဒိုက ‌ပြောဆိုသည်။

ပြီးခဲ့သည့် မတ်လလယ်က ၎င်းဂျပန်ကိုယ်စားလှယ်နှင့်အတူ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်သူ မစ္စအာခီကိုတို့သည် ကရင်ဒုက္ခသည် ‌ကော်မတီ-KRC ၊ ဌာ‌နေမဲ့ ပြည်တွင်း ကရင်ဒုက္ခသည်များဆိုင်ရာ‌ကော်မတီ-CIDKP တို့နှင့် သွား‌ရောက်‌တွေ့ဆုံခဲ့ရာ လက်ရှိ အ‌ခြေအ‌နေမှာ ယုံကြည်စိတ်ချ၍ မရနိုင်‌သေးသဖြင့် ဒုက္ခသည်များ ‌နေရပ်ပြန်ရန် မဖြစ်နိုင်‌သေး‌ကြောင်း တုန့်ပြန်‌ပြောဆိုမှုကို ရရှိခဲ့သည်ဟု သိရသည်။

“ဒီဖက်(အစိုးရ)က ‌ပြောတာက အစစအရာရာ စီစဉ်‌ပေးထားတယ်။ အဆင်‌ပြေ‌နေတယ်။ ဒီအ‌ပေါ်မှာ ဒုက္ခသည်‌တွေက မှန်ကန် တဲ့ သတင်းအချက်အလက်‌တွေ မရဘူးလို့ ယူဆတယ်။ ဒီ‌တော့ သူတို့သ‌ဘောက ပြန်လာတဲ့သူဟာ ဒီတစ်‌နေရာတည်းမှာတင် တစ်ပြိုင်နက်တည်းနဲ့ သတင်း‌တွေ ရနိုင်‌အောင်ဆိုပြီး‌တော့ ဒီ information center ကို လုပ်ရင်‌ကောင်းမလားလို့ အဆိုတင်သွင်း တာ‌ပေါ့‌နော်။”ဟု ‌စောအယ်ဒိုက ရှင်းပြသည်။

ထို့အပြင် ၎င်းတို့ဖွင့်လှစ်မည့် ပြန်ကြား‌ရေးစင်တာတွင် ‌ကေအဲန်ယူနှင့် အစိုးရ၏ ခရိုင်၊ မြို့နယ် အုပ်ချုပ်‌ရေးရုံးခွဲများ ထားရှိမည် ဖြစ်သလို ဒုက္ခသည်များအား ‌ထောက်ပံ့‌ပေး‌သော အစိုးရမဟုတ်သည့်အဖွဲ့-အဲန်ဂျီအိုများ၊ ယူအဲန်အိတ်ချ်စီအာရ်နှင့် ကရင်ပြည် နယ်အတွင်း စာသင်‌ကျောင်းများ ‌ဆောက်လုပ်‌ပေး‌နေသည့် အက်စ်ဘီစီ‌ခေါ် ဆွစ်ဇာလန်အဖွဲ့များကိုလည်း ရုံးခန်းခွဲများ ထားရှိ သွားမည်ဖြစ်သည်။

အလားတူ ကရင်ဒုက္ခသည်‌ကော်မတီ-KRC ကလည်း ဒုက္ခသည်များ သတင်းအချက်လက်မှန် ရရှိ‌ရေးအတွက် ပြီးခဲ့သည့် ‌မေလ က KRC Information Committee ကို ဖွဲ့စည်းခဲ့ပြီး ထိုင်း-မြန်မာနယ်စပ်တစ်‌လျှောက်ရှိ ကရင်ဒုက္ခသည်စခန်းများတွင် စခန်း အဆင့် သတင်းစု‌ဆောင်း‌ရေး‌ကော်မတီကိုပါ ဖွဲ့စည်းလိုက်ပြီးဖြစ်‌ကြောင်း KRC တွဲဖက်အတွင်း‌ရေးမှူး ‌နော်ဘလူးမင်းနိုက်ဇန်က ‌ပြောသည်။

‌နော်ဘလူးမင်းနိုက်ဇန်က “ကျမတို့အ‌နေနဲ့က ပြန်လည်‌နေရာချထားမဲ့ ကိစ္စချည်း မဟုတ်ဘဲ စခန်းထဲမှာ ဖြစ်ပျက်‌နေတဲ့ သတင်း အချက်လက်‌တွေကို စု‌ဆောင်းဖို့နဲ့ ပြန်ကြားသွားဖို့ကို ‌ကော်မတီဖွဲ့လိုက်တာပါ။ စခန်းအဆင့် သတင်း‌ကော်မတီဝင်‌တွေကို မယ် လစခန်းမှာ ၅ဦးနဲ့ ကျန်စခန်း‌တွေမှာ ၃ဦးစီ ဖွဲ့ထားပါတယ်။ ဒီ‌ကော်မတီဝင်‌တွေကို လာမဲ့ဇူလိုင်ထဲမှာ အ‌ခြေခံသတင်းစု‌ဆောင်း ‌ရေးသင်တန်း ပို့ချ‌ပေးသွားဖို့ အစီအစဉ် ရှိပါတယ်။”ဟု ရှင်းပြသည်။

Umpiem camp
လက်ရှိအချိန်တွင် ဒုက္ခသည်များကို ပြန်လည်‌နေရာချထားခြင်းထက် ‌နေရပ်ပြန်ရန်သင့်မသင့် ဒုက္ခသည်များနှင့် ‌ရွှေ့‌ပြောင်းအ လုပ်သမားများကိုယ်တိုင် သိနားလည် ဆုံးဖြတ်နိုင်‌စေရန် JICA အဖွဲ့အ‌နေဖြင့် ကွင်းဆင်း‌လေ့လာမှုများ ပြုလုပ်ပြီး‌နောက်ပိုင်းမှ သာ ‌ဒေသဖွံ့ဖြိုးတိုးတက်‌ရေးအတွက် အ‌ကောင်အထည်‌ဖော်မှုများ ဆက်လက် လုပ်‌ဆောင်သွားမည်ဖြစ်သည်။

၎င်းတို့အဖွဲ့သည် ဒုက္ခသည်များနှင့် ပတ်သက်၍ အ‌ခြေအ‌နေစုံ၊ အချက်အလက်စုံ သိရှိရန် ယခုနှစ်ဆန်းပိုင်းက ထိုင်းအာဏာပိုင် အချို့၏ ခွင့်ပြုချက် ရယူခဲ့ပြီး ဒုက္ခသည်များ၏ သ‌ဘောထားဆန္ဒများ ရရှိရန် အုန်းဖျန်စခန်းသို့ ဧပြီလအတွင်းက တစ်ရက်တာ ဝင်‌ရောက်‌ကောက်ခံရာ စခန်းဆိုင်ရာ ထိုင်းလုံခြုံ‌ရေး(ပလာ)အဖွဲ့က ‌လေ့လာ‌ရေးမှလွဲ၍ ‌မေးမြန်း‌ပြောဆိုရန်ကိုမူ တားဆီးကန့် သတ်ခြင်းခံခဲ့ရသည်။

အဆိုပါ ဂျပန်အဖွဲ့မှ ‌ပြောပြချက်အရ ကရင်ပြည်နယ်အတွင်း၌ လှိုင်းဘွဲ၊ ပိုင်ကျုံ၊ ရှမ်းရွာသစ်၊ ‌နောင်ကိုင်း၊ စုကလိ၊ ‌ဝေါ်‌လေ အပါအဝင် မြို့နယ်ခွဲ ၉ခုကို ‌နေရပ်ပြန်လိုသူများအတွက် ပြည်နယ်အစိုးရမှ အစီအစဉ်ချကာ လျာထားပြီးဖြစ်‌ကြောင်း သိရသည်။

JICA အဖွဲ့သည် ယင်းကဲ့သို့‌သော ပြန်ကြား‌ရေးရုံးကို ဖားအံမြို့ ရတနာဒီပ အမှတ်(၉)ရပ်ကွက်တွင် ယခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလက ဖွင့်လှစ်ထားပြီး ဖြစ်သလို ယခင်ကလည်း လာအို၊ က‌မ္ဘောဒီးယားနိုင်ငံများတွင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ရုံး (UNHCR)နှင့် ပူး‌ပေါင်းကာ ပြန်ကြား‌ရေးဌာန ဖွင့်လှစ်လုပ်‌ဆောင်ခဲ့‌ကြောင်း သိရသည်။