Home သတင်း ငြိမ်းချမ်း‌ရေး အကြို‌ဆွေး‌နွေး ရန် KNU ကိုယ်စားလှယ် အဖွဲ့များ ရန်ကုန်သို့ ထွက်ခွာ

ငြိမ်းချမ်း‌ရေး အကြို‌ဆွေး‌နွေး ရန် KNU ကိုယ်စားလှယ် အဖွဲ့များ ရန်ကုန်သို့ ထွက်ခွာ

2065
ဇွန်လ ၁၄ရက်၊ ၂၀၁၃ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)

DSC074351ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဌ ‌စောမှုးတူး‌စေးဖိုးနှင့် ကာကွယ်‌ရေးဌာန တာဝန်ခံ ပဒို‌စော‌ရောဂျာခင်တို့ ဦး‌ဆောင် ‌သောအဖွဲ့သည် ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်များအတွက် အကြို‌ဆွေး‌နွေးရန် ရန်ကုန်သို့ ယ‌နေ့ ထွက်ခွာသွား‌ကြောင်း KNU က ကရင်ဘာသာဖြင့် သတင်းထုတ်ပြန်သည်။

KNU တွဲဖက်အတွင်း‌ရေးမှူး(၁) ပဒို‌စော‌သောသီဘွဲက ဇွန်လ ၁၅ရက်‌နေ့တွင် ဥက္ကဌ ‌စောမှုတူး‌စေးဖိုး ဦး‌ဆောင်‌သောအဖွဲ့သည် ပြည်တွင်းငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်‌ရေး‌ကော်မတီ ဒုဥက္ကဌ နိုင်ငံ‌တော်သမ္မတရုံးဝန်ကြီး ဦး‌အောင်မင်းအဖွဲ့နှင့် သွား‌ရောက်‌တွေ့ ဆုံမည်ဖြစ်သည်ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

“ဥက္ကဌကြီး ဦး‌ဆောင်တဲ့အဖွဲ့က လက်ရှိ နိုင်ငံ‌ရေးပြဿနာ‌တွေ၊ ‌ရှေ့ဆက် လုပ်‌ဆောင်သွားမယ့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်‌တွေနဲ့ ပတ်သက်ပြီး‌တော့ ရန်ကုန်မှာ အစိုးရနဲ့ ‌ဆွေး‌နွေးသွားဖို့ ရှိပါတယ်”ဟု ပဒို‌စော‌သောသီဘွဲက ‌ပြောဆိုသည်။

KNU ဥက္ကဌ ‌စောမှုတူး‌စေးဖိုး ဦး‌ဆောင်‌သောအဖွဲ့တွင် ပဒို‌စော‌ရောဂျာခင်၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး‌ဂျော်နီ၊ ဗိုလ်မှူးဒိကွယ် စသည်တို့ ပါဝင်‌ကြောင်း သိရ‌သော်လည်း ၎င်းတို့သည် ဝန်ကြီးဦး‌အောင်မင်းအဖွဲ့နှင့် ရန်ကုန်မြို့ မည်သည့်‌နေရာ၌ ‌တွေ့ဆုံမည် ကိုမူ KNU မှ အ‌သေးစိတ် ထုတ်‌ဖော်‌ပြောဆိုခြင်း မရှိ‌ပေ။

ယ‌နေ့တွင်ပင် KNU ၏ ဗဟိုအလုပ်အမှု‌ဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ပဒို‌စောတာဒိုမူး ဦး‌ဆောင်၍ နိုင်ငံခြား‌ရေးဌာနတာဝန်ခံ ပဒို ‌စော‌အောင်ဝင်း‌ရွှေ၊ ပဒို‌စောအယ်ကလူ‌စေး၊ ‌စောတာမှုလာနှင့် KNLA မှ ဗိုလ်မှူးတာမလာ‌သောတို့ ပါဝင်‌သော အဖွဲ့ဝင် ၅ဦးပါအဖွဲ့ သည်လည်း ယ‌နေ့ရန်ကုန်သို့ ထွက်ခွာသွားပြီ ဖြစ်သည်။

ပဒို‌စောတာဒိုမှုးဦး‌ဆောင်‌သောအဖွဲ့သည် ဇွန်လ ၁၅ရက်‌နေ့၌ပင် ရန်ကုန်မြို့ရှိ မြန်မာငြိမ်းချမ်း‌ရေးစင်တာ (MPC)မှ တာဝန်ရှိသူ များ၊ အသိပညာရှင် အတတ်ပညာရှင်များနှင့် ‌တွေ့ဆုံပြီး နှစ်ဦးနှစ်ဖက် လိုက်နာရမည့်ကျင့်ဝတ် (Code of Conduct)ကို ‌ဆွေး ‌နွေးသွားရန်ရှိသည်ဟု ယ‌နေ့ထုတ်ပြန်သည့် KNU ၏ သတင်း‌ကြေညာချက်တွင် ‌ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇွန်လ ၁ဝရက်‌နေ့က KNU ဗဟို‌ကော်မတီ အစည်းအ‌ဝေးတရပ်ကို ကရင်ပြည်နယ် KNU တပ်မဟာ(၇) ထိန်းချုပ်နယ် ‌မြေတွင် ၃ရက်ကြာ ပြုလုပ်ခဲ့ပြီး‌နောက် ယ‌နေ့ခရီးစဉ်များကို စတင်ခဲ့ခြင်းဖြစ်သည်။