Home ထိပ်တန်းသတင်း လိုင်စင်မဲ့ကားများ ဖားအံ-မြဝတီ ‌ပြေးဆွဲခွင့် ပိတ်ပင်တားဆီး‌တော့မည်

လိုင်စင်မဲ့ကားများ ဖားအံ-မြဝတီ ‌ပြေးဆွဲခွင့် ပိတ်ပင်တားဆီး‌တော့မည်

2799

ဇွန်လ ၉ရက်၊ ၂၀၁၃ခုနှစ်။ ‌စောညွန့်‌သောင်း (‌ကေအိုင်စီ)

ကရင်ပြည်နယ်တွင် ဖားအံ – မြဝတီ ‌ပြေးဆွဲလျှက်ရှိသည့် လိုင်စင်မဲ့ကားများကို ယခုနှစ် ဇွန်လအတွင်းမှစ၍ ‌ပြေးဆွဲခွင့်များကို ပိတ်ပင်တားဆီး‌တော့ မည်ဖြစ်‌ကြောင်း ပြည်နယ် လမ်းပန်းဆက်သွယ်‌ရေးဝန်ကြီးဌာနမှ ရရှိသည့် သတင်းအများအရ သိရသည်။

ယခု ဇွန်လ‌နောင်းပိုင်းမှစ၍ အာဆီယံနိုင်ငံများ ကုန်သွယ်‌ရေးကို ကရင်ပြည်နယ်တွင် စတင် လုပ်‌ဆောင်‌တော့မည်ဖြစ်သဖြင့် နယ်စပ်‌ဒေသတွင် လိုင်စင်မဲ့ကား ‌မောင်းနှင်မှုများကို နိုင်ငံခြားသားများ ‌တွေ့မြင်သွားပါက မသင့်‌တော်သည့်အတွက် ယခုလို ပိတ်ပင်တားဆီးရခြင်းဖြစ်သည်ဟု လမ်းပန်းဆက်သွယ်‌ရေးဝန်ကြီး ဦး‌စောခင်‌မောင်မြင့်၏(PSO) ‌စော‌ခေါင်ပန်‌ထော့က ‌ပြော သည်။

၎င်းက “ကျ‌နော်တို့ နယ်စပ်မှာ အာဆီယံနိုင်ငံ‌တွေက ဝင်ထွက်သွားလာ‌တော့မယ်‌လေ။ သူတို့က လိုင်စင်မဲ့ကား‌တွေ ‌မောင်းနှင် ‌နေကြတာ‌တွေ့ရင် မသင့်‌တော်ဘူး။ ဒါ‌ကြောင့် ပိတ်ပင်တားဆီးလိုက်တာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

သို့‌သော် ကရင်ပြည်နယ်အတွင်း လိုင်စင်မဲ့ကားများ ဖားအံ-မြဝတီ ‌ပြေးဆွဲမှုကိုသာ ပိတ်ပင်တားဆီးခြင်းဖြစ်ပြီး ပြည်နယ်အစိုးရ အ‌နေဖြင့် ယင်းလိုင်စင်မဲ့ကားများကို ဖမ်းဆီးသိမ်းဆည်းသွားရန်မူ အစီအစဉ် မရှိ‌ကြောင်းလည်း ‌စော‌ခေါင်ပန်‌ထော့က ထပ်မံ ‌ပြောဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ဖားအံ- မြဝတီ ‌ပြေးဆွဲ‌နေသည့် လိုင်စင်မဲ့ကား ‌မောင်းနှင်‌နေသူ ‌စောကြာဒိုးက “သူတို့ ဒီလို ပိတ်ပင် လိုက်‌တော့ ကျ‌နော်တို့ ကားသမားအ‌နေနဲ့ ကျ‌နော်တို့ မိသားစု‌တွေ ဘာနဲ့စား‌တော့မလဲ။ က‌လေး‌ကျောင်းစရိတ် ဘယ်မှာ သွား ရှာရ‌တော့မလဲ။ လိုင်စင်ကား‌တွေလည်း ‌ဈေးကြီး‌တော့ မဝယ်နိုင်ဘူး”ဟု ‌စောကြာဒိုးက ‌ပြောသည်။

ထိုသို့ လိုင်စင်မဲ့ကားများ ဖားအံ-မြဝတီ နယ်စပ်လမ်း ‌ပြေးဆွဲခွင့် ပိတ်ပင်တားဆီးလိုက်ပါက ယင်းလုပ်ငန်းကို လုပ်ကိုင်အားထား ‌နေရ‌သော ကားသမားများ၏ မိသားစုများအတွက် စားဝတ်‌နေ‌ရေးပြဿနာများနှင့် လူမှုပြဿနာများ ကြုံ‌တွေ့လာနိုင်ဖွယ်ရှိပြီး ဖားအံ-မြဝတီ သွားလာ‌နေသည့် ကားခနှုန်းထားမှာလည်း ယခုထက်ပို၍ မြင့်တက်လာနိုင်သည်ဟု ‌ဒေသခံများက ‌ဝေဖန်‌ပြောဆို ‌နေကြသည်။

ဖားအံ-မြဝတီ ‌တောင်‌ပေါ်ကားလမ်းတစ်‌လျှောက်တွင် ခရီးသည်တင်ကားများ၊ ကုန်တင်ကားများ စသည့်ကားကြီးကားငယ်များ တစ်‌ထောင်‌ကျော် ‌နေ့စဉ် သွားလာလျှက်ရှိပြီး ထိုင်း-မြန်မာ နှစ်နိုင်ငံ သွားလာ‌နေသူများ၊ နှစ်နိုင်ငံကုန်ပစ္စည်း သယ်ယူကုန်ကူးသူ များ အဆက်မပြတ် ရှိ‌နေသလို ထိုင်းဘက်ကမ်းမှ တရားမဝင် ကားများ၊ ဆိုင်ကယ်များလည်း ဝင်‌ရောက်မှုများ ရှိသည်။