Home သတင်း ဖမ်းဆီးထိန်းသိမ်းခံထားရ သည့် KYO (ကိုရီးယားဌာန ခွဲ) ဥက္ကဌ အမှုနိုင်ရန် အလား အလာရှိ

ဖမ်းဆီးထိန်းသိမ်းခံထားရ သည့် KYO (ကိုရီးယားဌာန ခွဲ) ဥက္ကဌ အမှုနိုင်ရန် အလား အလာရှိ

1795
ဇွန်လ ၅ ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

IMGP2556
‌တောင်ကိုးရီးယားနိုင်ငံ၊ ဂ‌ယောင်ဂီဒို ဟွာ‌ဆောင်းနိုင်ငံခြားအကျဉ်းသား ထိန်းသိမ်း‌ရေးစခန်းတွင် တစ်လ‌ကျော် ဖမ်းဆီးထိန်း သိမ်းခံထားရသည့် ‌တောင် ကိုရီးယားနိုင်ငံ အ‌ခြေစိုက် ကရင်လူငယ် အစည်းအရုံး-KYO (ကိုရီးယားဌာနခွဲ)၏ ဥက္ကဌ ‌စောလှိုင်မျိုး သိမ်း (‌ခေါ်) မင်းမင်းသိမ်းကို လာမည့် ဇွန်လ ၁၈ရက်‌နေ့တွင် စီရင်ချက်ချရန်ရှိပြီး အမှုနိုင်မည့် အလားအလာရှိသည်ဟု သိရ သည်။

KYO (ကိုရီးယားဌာနခွဲ)၏ အတွင်း‌ရေးမှူး စကက်နက်မိုးက “ကိုရီးယားမှာ ဒီလိုအမှုမျိုး တခါမှ မရှုံးဖူး‌သေးတာရယ်၊ ကရင်အမျိုး သား‌တော်လှန်‌ရေးရဲ့ စစ်မှန်တဲ့ ယုံကြည်မှုရယ်၊ ‌နောက် အမှုလိုက်‌ပေး‌နေတဲ့ ‌ရှေ့‌နေက ဒီအမှုက အ‌ခြေအ‌နေ ‌ကောင်းတယ် ဆိုတဲ့အတွက် အမှုနိုင်ဖို့ အလားအလာများပါတယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကိုရီးယားအစိုးရမှ တရားမဝင် အလုပ်လုပ်သည်ဟူ၍ ‌စောလှိုင်မျိုးသိမ်းကို အင်ချွန်းပြည်နယ်၊ အင်ချွန်း လူဝင်မှု ကြီးကြပ်‌ရေး ဌာနမှ ဖမ်းဆီးခဲ့ပြီး‌နောက် ‌မေလ ၁၄ရက်‌နေ့တွင် ၎င်း၏အမှုကို စီရင်ချက်ချမှတ်ရန်ရှိ‌သော်လည်း စီရင်ချက်မချနိုင်ဘဲ ရက်‌ရွှေ့ ဆိုင်းခဲ့ရသည်ဟုလည်း စကက်နက်မိုးက ‌ပြောသည်။

ဆက်လက်၍ မြန်မာ့ဒီမိုက‌ရေစီနှင့် လူ့အခွင့်‌ရေးအတွက်‌သော်လည်း‌ကောင်း၊ ကရင်အမျိုးသား‌တော်လှန်‌ရေးအတွက်‌သော် လည်း‌ကောင်း အမှန်တကယ် ‌ဆောင်ရွက်ခဲ့‌သော‌ကြောင့် ကိုရီးယားအစိုးရမှ စွပ်စွဲထားသည့် အမှုကို ‌စောလှိုင်မျိုးသိမ်းက ၎င်း၏ လူ့အခွင့်အ‌ရေး အမျိုးသမီး‌ရှေ့‌နေ လီဆမ်ဟီး၏ ‌ဆောင်ရွက်မှုဖြင့် ပြီးခဲ့သည့် ၂၀၁၂ခုနှစ်၊ ဇူလိုင်လ ၂၆ရက်‌နေ့က အမှုကို တစ်ကြိမ်အနိုင်ရခဲ့ပြီး ဖြစ်သည်။

‌စောလှိုင်မျိုးသိမ်း ဖမ်းဆီးခံထားရမှုအ‌ပေါ် လာမည့်ရုံးချိန်းရက်တွင် တရားရုံး၌ တင်ပြရန် အမှုလိုက်‌ပေးသူ ‌ရှေ့‌နေက KYO (ကိုရီးယားဌာနခွဲ)မှတဆင့် ‌ဒေသအသီးသီးရှိ ကရင်အဖွဲ့အစည်းများထံသို့ (၁) KNU လှုပ်ရှားမှုဖြင့် ပြစ်ဒဏ်ကျခံရမှု ရှိမရှိ၊ (၂) ကရင်လူမျိုးဖြစ်‌သော‌ကြောင့် လူ့အခွင့်‌ရေးချိုး‌ဖောက်ခံခဲ့ရမှုနှင့် မီဒီယာများတွင် ‌ဖော်ပြခံခဲ့ရ မှုရှိမရှိ (၃) ဒုက္ခသည်အဖြစ် ကရင် လူမျိုးများကို လက်ခံထားသည့် နိုင်ငံနှင့် စာရွက်၊ အင်တာနက်စာမျက်နှာ အ‌ထောက်ထားများရှိပါက ပို့‌ပေးပါရန် စသည်တို့ကို ‌မေလအတွင်း၌ အီး‌မေးလ်ဖြင့် ‌ပေးပို့အကူအညီ ‌တောင်းခဲ့‌သေးသည်။

‌စောလှိုင်မျိုးသိမ်းသည် ဒုက္ခသည်အဖြစ် ‌တောင်ကိုရီးယားအစိုးရထံ နိုင်ငံ‌ရေးခိုလှုံခွင့်‌တောင်းခံထားသူဖြစ်ပြီး ဥပ‌ဒေအရ နိုင်ငံ ‌ရေးခိုလှုံခွင့် ‌တောင်းခံစဉ်ကာလအတွင်း အလုပ်လုပ်‌နေသည့် ၎င်းအား ၂၀၁၃ခုနှစ်၊ ဧပြီလ ၂၂ရက်‌နေ့၌ အန်ဆန်းမြို့နယ်၊ ရှီဝှာ စက်မှုဇုံရှိ ကားပစ္စည်းအပိုစက်ရုံမှ အစိုးရအာဏာပိုင်များက သွား‌ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

KYO (ကိုရီးယားဌာနခွဲ)သည် ကရင့်အမျိုးသား‌ခေါင်း‌ဆောင် ‌စောဘဦးကြီး၏ မူ‌လေးချက်ကို အ‌ခြေခံ၍ ၂၀၀၉ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည်။ ထို့‌နောက် ၎င်းအဖွဲ့သည် ကိုရီးယားအစိုးရထံသို့ နိုင်ငံ‌ရေးခိုလှုံခွင့် ‌လျှောက်ခဲ့ရာ အစိုးရက ခွင့်ပြုချက် မ‌ပေးဘဲ ယခုအချိန်ထိ ငြင်းပယ်ထားဆဲဖြစ်သည်။

‌တောင်ကိုရီးယားနိုင်ငံတွင် လက်ရှိ‌နေထိုင်သည့် KYO(ကိုးရီးယားဌာနခွဲ)အဖွဲ့ဝင်များသည် ကိုရီးယားအစိုးရမှ ‌ပေးထားသည့် တရားစွဲ A4 စာရွက်ဖြင့် သုံးလတစ်ကြိမ် တံဆိပ်တုံးထုပြီး ‌နေထိုင်‌နေရသည်။