Home သတင်း ကချင်‌ဒေသ တစ်‌ကျော့ပြန် စစ်ပွဲ၂နှစ်ပြည့် လမ်း‌လျှောက် ဆု‌တောင်းပွဲ အရပ်ဖက် အဖွဲ့အစည်းများ ကျင်းပ

ကချင်‌ဒေသ တစ်‌ကျော့ပြန် စစ်ပွဲ၂နှစ်ပြည့် လမ်း‌လျှောက် ဆု‌တောင်းပွဲ အရပ်ဖက် အဖွဲ့အစည်းများ ကျင်းပ

2055
ဇွန်လ ၁ဝရက်၊ ၂၀၁၃ခုနှစ်။ ‌စော‌သောကြာ (‌ကေအိုင်စီ)

thumbpctကချင်‌ဒေသတွင်တစ်‌ကျော့ပြန် ပြန်လည်ဖြစ်ပွားလာ‌သော စစ်ပွဲ ၂နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စီတန်းလှည့်လည်ခြင်းနှင့် ငြိမ်းချမ်း‌ရေးဆု‌တောင်းပွဲတစ်ရပ်ကို ငြိမ်းချမ်း‌ရေးကို လိုလားသည့် လူမှုကွန်ယက်များနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများက ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။

“ယမ်း‌ငွေ့နှင့် မီးလျှံအစား ပန်းများပွင့်ပါ‌စေ” “၂နှစ်ပြည့် ငါတို့ဒုက္ခ‌တွေကို ဘယ်သူများ စာနာမှာလဲ” “‌နောင်မျိုးဆက်များ ပြည် တွင်းစစ်ဆိုး‌မွေ မရှိ‌စေရ” စသည့်ဆိုင်းပုဒ်များကို ကိုင်‌ဆောင်ကာ ရန်ကုန်မြို့‌တော်ခန်းမ၊ မဟာဗန္ဓုလပန်းခြံ‌ရှေ့မှ အလုံမြို့နယ်၊ သစ်‌တောလမ်းရှိ ‌ဇောတနာရာမစာသင်တိုက်သို့ စီတန်းလမ်း‌လျှောက်ခဲ့ကြခြင်းဖြစ်သည်။

အစီအစဉ် ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ပါဝင်သူတစ်ဦးက “ကျ‌နော်တို့က ကျဆုံးသွားတဲ့ နှစ်ဖက်စစ်သည်များနဲ့ တိုင်းရင်းသား ‌တွေအတွက် ဆု‌တောင်း၊ အမျှ‌ဝေတယ်။ ‌နောက်တစ်ခုက အခု ငြိမ်းချမ်း‌ရေးဖြစ်စဉ်‌တွေမှာ စစ်မှန်တဲ့ ငြိမ်းချမ်း‌ရေးကို ရရှိဖို့ တွန်း အား‌ပေးတဲ့သ‌ဘောလည်း ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ အထိမ်းအမှတ်ပွဲကို ကချင်ငြိမ်းချမ်း‌ရေးကွန်ယက်၊ ရန်ကုန်-လိုင်ဇာငြိမ်းချမ်း‌ရေးလမ်း‌လျှောက် လူငယ်များအဖွဲ့၊ အဖြူ ‌ရောင်တွဲလက်၊ ဂရုဏာအသင်း နာ‌ရေးကူညီမှု၊ Generation Wave Youth Force၊ မြန်မာ့အ‌ရေးပူး‌ပေါင်း‌ဆောင်ရွက်သူများ၊ လူ့အခွင့်အ‌ရေး ကာကွယ်မြှင့်တင်သူများအဖွဲ့(HRDP) စသည်တို့ အပါအဝင် အဖွဲ့အစည်း‌ပေါင်း ၁၈ဖွဲ့နှင့် စစ်‌ပြေးဒုက္ခသည်အချို့ လည်း ပူး‌ပေါင်း‌ဆောင်ရွက်ခဲ့ကြသည်။

“ကျမတို့ ဒုက္ခသည်‌တွေ မနက်ဖြန်အတွက် ဘာလုပ်ရမလဲ။ ဘာကိုင်ရမလဲ။ ဘာစားရမလဲဆိုတာ ‌မျှော်လင့်ချက်‌တွေနဲ့ ကင်းမဲ့ ‌နေတာပါ။ ဒါ‌ကြောင့် ငြိမ်းချမ်း‌ရေးကို ‌ဖော်‌ဆောင်‌ပေး‌နေတဲ့ လူမှုအဖွဲ့အစည်း‌တွေအ‌နေနဲ့ ငြိမ်းချမ်း‌ရေးရဖို့ ‌ဆောင်ရွက်‌ပေး‌စေ ချင်ပါတယ်။”ဟု စီတန်းလမ်း‌လျှောက်ရာတွင် လိုက်ပါခဲ့သူ စစ်‌ဘေးဒုက္ခသည် ‌ဒေါ်‌မေရီက ‌ပြောဆိုခဲ့သည်။

၎င်းလမ်း‌လျှောက်၊ ဆု‌တောင်းပွဲတွင် ကချင်‌ဒေသ စစ်‌ဘေးဒုက္ခသည်များအ‌ကြောင်းကို ရိုက်ကူးထားသည့် “စစ်ပွဲ‌နောက်ကွယ်မှ ‌မျှော်လင့်ချက်များ” ငြိမ်းချမ်း‌ရေး ဗွီဒီယို‌ခွေ ပြသခြင်းနှင့် ဒုက္ခသည်များ၏ ဘဝအ‌ခြေအ‌နေ ဓါတ်ပုံများကို ခင်းကျင်းပြသခဲ့သည်။

‌ကေအိုင်အိုနှင့် အစိုးရတပ်မ‌တော်တို့သည် ပြီးခဲ့သည့် ‌မေလ (၃၀)ရက်‌နေ့တွင် အချက် ၇ချက်ပါ သ‌ဘောတူညီချက်ကို လက် မှတ်‌ရေးထိုးနိုင်ခဲ့ခြင်းအတွက် ငြိမ်းချမ်း‌ရေးလိုလားသူ လူမှုကွန်ယက်များနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ အသိအမှတ်ပြု ကြိုဆို‌ကြောင်းနှင့် အချက်၈ချက်ပါ‌သော ငြိမ်းချမ်း‌ရေး‌ခေါ်သံ သ‌ဘောထားထုတ်ပြန်ချက်ကိုလည်း ဇွန်လ ၇ရက်‌နေ့က ထုတ်ပြန် ခဲ့သည်။
post img
၎င်းထုတ်ပြန်ချက်ထဲတွင် ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေး‌နေစဉ် အပြစ်မဲ့ပြည်သူများ၏ လူမှုဘဝ အသက်အိုးအိမ် စည်းစိမ်လုံခြုံ‌ရေးအ တွက် စစ်မဲ့ဇုန်များ သတ်မှတ်ဖန်တီးပြီး လူသားချင်းစာနာမှု ကူညီ‌ထောက်ပံ့ရန်၊ အစိုးရအ‌နေဖြင့် UNFC နှင့် နိုင်ငံ‌ရေးအရ ‌ဆွေး ‌နွေးရန် သ‌ဘောတူထားချက်နှင့်အညီ အ‌ကောင်အထည်‌ဖော်ရန် စသည်တို့ကို ‌တောင်းဆိုထားသည်။

လမ်း‌လျှောက်ဆု‌တောင်းပွဲကို လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်းအဖွဲ့မှ ငြိမ်းချမ်း‌ရေးသီချင်းဖြင့် သီဆိုရုပ်သိမ်းလိုက်သည်။ ထို‌နေ့ တွင်ပင် အဖြူ‌ရောင်တွဲလက်နှင့် စိမ်း‌ရောင်စိုအဖွဲ့မှ ဦး‌ဆောင်၍ အလားတူ ကချင်‌ဒေသစစ်ပွဲ ၂နှစ်ပြည့်ကို မန္တ‌လေးမြို့၌ ပြုလုပ်ခဲ့ ‌ကြောင်းလည်း သိရသည်။