Home သတင်း အပစ်အခတ်ရပ်စဲ‌ရေးဖြစ်စဉ် ကရင်အမျိုးသမီးများ ‌စောင့် ကြည့်သွားမည်

အပစ်အခတ်ရပ်စဲ‌ရေးဖြစ်စဉ် ကရင်အမျိုးသမီးများ ‌စောင့် ကြည့်သွားမည်

1636
‌မေလ ၅ရက်၊ ၂၀၁၃ခုနှစ်။ ‌စောညွန့်‌သောင်း (‌ကေအိုင်စီ)

ငြိမ်းချမ်း‌ရေးဖြစ်စဉ်များကို ‌လေ့လာ‌စောင့် ကြည့်နိုင်‌ရေးနှင့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် များတွင် အမျိုးသမီးများ ပါဝင်ပူး‌ပေါင်းနိုင်ရန် ကရင်အမျိုးသမီးများဖွံ့ဖြိုး‌ရေးအဖွဲ့-KWEG က ကရင်ပြည်နယ်၊ ဘားအံမြို့တွင် အပစ်အခတ်ရပ်စဲ‌ရေးဆိုင်ရာ ‌စောင့်ကြည့်‌လေ့ လာမှုသင်တန်းကို ‌မေလ ၂ရက်မှ ၃ရက်‌နေ့အထိ ကျင်းပပြုလုပ်ခဲ့သည်။

ဘားအံမြို့၊ ရတနာဒီပ အမှတ်(၉) ရပ်ကွက်ရှိ ကရင်အမျိုးသမီးများဖွံ့ဖြိုး‌ရေးအဖွဲ့ရုံးတွင် ပြုလုပ်ခြင်းဖြစ်ပြီး ၎င်းသင်တန်းနှင့် ပတ်သက်၍ KWEG မှ နန့်သန္တာ‌အောင်က ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“ကျမတို့ ဒီသင်တန်းရဲ့ ရည်ရွယ်ချက်က‌တော့ မြန်မာနိုင်ငံ ငြိမ်းချမ်း‌ရေး ဖြစ်စဉ်‌တွေကို အမျိုးသမီး‌တွေ ပါဝင်ပူး‌ပေါင်းနိုင်ဖို့နဲ့ အမျိုးသမီးငယ်‌တွေကို အမြင်ဖွင့်‌ပေးတာ ဖြစ်ပါတယ်။ ဒီသင်တန်းမှာ အမျိုးသမီး‌တွေကို မြို့နယ်လိုက် ကျမတို့ ‌ခေါ်ယူတာပါ၊” ဟု ‌ပြောသည်။

လက်ရှိ နိုင်ငံပြုပြင်‌ပြောင်းလဲမှုတွင် အ‌ရေးကြီးသည့် အပစ်ရပ်စဲ‌ရေးနှင့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်များကို အမျိုးသမီးများ ပါဝင်လာ နိုင်ရန် ရည်ရွယ်ခြင်းဖြစ်၍ ယခုသင်တန်းမှာ အကျိုးရှိ‌ကြောင်း ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီ အမျိုးသမီး ဥက္ကဌ ‌နော်ယုဇနဝါ က ‌ပြောသည်။

‌နော်ယုဇနဝါက “အခုလို အမျိုးသမီးများ ငြိမ်းချမ်း‌ရေး ‌စောင့်ကြည်‌ရေး အမြင်ဖွင့်သင်တန်းဟာ အမြင်အားဖြင့် ‌သေးငယ်‌ပေမယ့် လို့ နိုင်ငံ‌တော်အတွက် အကျိုးအများကြီး ရှိပါတယ်။ အခုနိုင်ငံက ‌ဖေါ်‌ဆောင်‌နေတဲ့ ငြိမ်းချမ်း‌ရေးကို အမျိုးသမီးများအ‌နေနဲ့ ကိုယ်နဲ့မဆိုင်သလို ဖြစ်‌နေကြတယ်‌လေ။ ဒီလိုသင်တန်းလုပ်လိုက်‌တော့ ငြိမ်းချမ်း‌ရေး‌ဖေါ်‌ဆောင်ရာမှာ အမျိုးသမီးပါဝင်မှု‌တွေ ရရှိနိုင်တယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပထမဆုံးအကြိမ်ဖြစ်သည့် အဆိုပါသင်တန်းကို နှစ်ရက်တာ ပြုလုပ်ခဲ့ကြပြီး ဘားအံ၊ လှိုင်းဘွဲ၊ ‌ကော့ကရိတ် စသည့်မြို့နယ်များ နှင့် အခြား‌ဒေသများရှိ ကရင်အမျိုးသမီးသင်တန်းသူ စုစု‌ပေါင်း ၁ဝဦး တက်‌ရောက်ခဲ့ကြပြီး ‌ရှေ့ဆက်၍လည်း ‌ဒေသအလိုက် သင်တန်းများ လိုက်လံပို့ချ‌ပေးသွားရန် ရှိ‌ကြောင်းလည်း KWEG က ‌ပြောသည်။