Home သတင်း တန်တစ်‌သောင်းထွက် ဘိလပ်‌မြေ စက်ရုံတည်‌ဆောက်မှုကိစ္စ မိကရင် ရွာသားများနှင့် လူထုအ‌ခြေပြု လူငယ်များ သွား‌ရောက်‌တွေ့ ဆုံ

တန်တစ်‌သောင်းထွက် ဘိလပ်‌မြေ စက်ရုံတည်‌ဆောက်မှုကိစ္စ မိကရင် ရွာသားများနှင့် လူထုအ‌ခြေပြု လူငယ်များ သွား‌ရောက်‌တွေ့ ဆုံ

1503
‌မေလ ၁ရက်၊ ၂၀၁၃ခုနှစ်။ ‌စောညွှန့်‌သောင်း (‌ကေအိုင်စီ)
ဘိလပ်‌မြေစက်ရုံကိစ္စ မိကရင်ရွာသူရွာသားများနှင့် ‌တွေ့ဆုံ‌နေစဉ်
ဘိလပ်‌မြေစက်ရုံကိစ္စ မိကရင်ရွာသူရွာသားများနှင့် ‌တွေ့ ဆုံ‌နေစဉ်

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မိကရင်‌ကျေးရွာအနီး တွင် (Myanmar Cement and Mineral Production) ကုမ္ပဏီမှ တန်တစ်‌သောင်းထွက် ဘိလပ်‌မြေစက်ရုံ လာ‌ရောက်တည်‌ဆောက်မည့်အ‌ပေါ် လူမှု‌ရေးလုပ်ငန်း ‌ဆောင်ရွက်‌နေသည့် ဘားအံလူငယ် ၇ဦးမှ မိကရင်ရွာခံများကို ယမန်‌နေ့က သွား‌ရောက်‌တွေ့ဆုံခဲ့သည်။

ဘိလပ်‌မြေစက်ရုံ တည်‌ဆောက်မည့်ကိစ္စနှင့် ပတ်သက်၍ ရွာခံများ၏ သ‌ဘောအမြင်များ၊ စက်ရုံတည်‌ဆောက်မှု‌ကြောင့် အကျိုး သက်‌ရောက်မှု ‌နောက်ဆက်တွဲ ပြဿနာများ ဖြစ်‌ပေါ်လာနိုင်ဖွယ် ရှိမရှိကို ၎င်းလူငယ်အဖွဲ့က ‌ကျေးရွာရပ်မိရပ်ဖများ အပါအဝင် ‌ဒေသခံလူထု ၈ဝဦးခန့်နှင့်အတူ ‌ဆွေး‌နွေးတိုင်ပင်ခဲ့ကြခြင်းဖြစ်သည်။

‌ဆွေး‌နွေးပွဲပါဝင်သူ လူငယ်တစ်ဦးက “စက်ရုံ‌ဆောက်မဲ့ကိစ္စမှာ ကုမ္ဂဏီက ဘယ်‌တော့လာမလဲဆိုတာ ‌ပြောထားတာ‌တော့ မရှိ ‌သေးဘူး။ ဒါ‌ပေမယ့် စက်ရုံ‌ဆောက်ရင် ဖြစ်လာနိုင်မယ့် ဆိုးကျိုး‌ကောင်းကျိုး‌တွေ ‌ဒေသခံလူထု‌တွေကို သိ‌စေဖို့ ကျ‌နော်တို့ လာ ‌ဆွေး‌နွေးတာပါ။ ကုမ္ပဏီဘက်ကလည်း စက်ရုံ‌ဆောက်ရင် စက်ရုံရဲ့ ‌ကောင်းကျိုးကိုပဲ မဟုတ်ဘဲ ‌နောက်ဆက်တွဲ ဆိုးကျိုး‌တွေပါ လူထု‌တွေကို ရှင်းပြ‌စေချင်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်းဘိလပ်‌မြေစက်ရုံ တည်‌ဆောက်မည့်အ‌ပေါ် တတ်သိပညာရှင်များကို ဖိတ်‌ခေါ်ကာ စက်ရုံတည်‌ဆောက်သည့်အခါ ဖြစ်‌ပေါ် လာနိုင်သည့် ဆိုးကျိုး‌ကောင်းကျိုးများကို ‌လေ့လာပြီးမှသာလျှင် စဉ်စားဆုံးဖြတ်နိုင်မည်ဖြစ်ပြီး လက်ရှိ အ‌ခြေအ‌နေအရ ၎င်းတို့ အဖွဲ့နှင့် ‌ဒေသခံများက တစုံတရာ ဆုံးဖြတ်နိုင်ခြင်း မရှိ‌သေးဘဲ ‌ရှေ့ဆက် လုပ်‌ဆောင်ရမည့်အရာများကိုသာ ‌ဆွေး‌နွေးခဲ့‌ကြောင်း သူက ဆက်လက် ‌ပြောဆိုသည်။

ဘားအံမြို့နယ်၊ ပြည်သူ့လွှတ်‌တော်အမတ် နန်း‌စေအွာက “အခုတည်‌ဆောက်မယ့် စက်ရုံက ‌ကျောက်မီး‌သွေးစွမ်းအင်နဲ့ သုံးမယ် လို့ ကြားသိရတယ်။ စက်ရုံနဲ့ ရွာ‌တွေမှာ အကွာအ‌ဝေးက ၁မိုင်‌လောက်ပဲ ရှိ‌နေတယ်‌လေ။ ဒါ‌ကြောင့် စက်ရုံမတည်‌ဆောက်ခင်မှာ လူထုက ‌သေချာ‌အောင် ဆုံးဖြတ်ဖို့ အရမ်း အ‌ရေးကြီးတယ်‌လေ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဖားအံမြို့ရှိ ပြည်နယ်ကွင်းဆင်းစစ်‌ဆေး‌ရေးအဖွဲ့က မိကရင်ရွာအနီး၌ ‌နေ့စဉ် ဘိလပ်‌မြေ တန်တစ်‌သောင်းထွက်မည့် ဘိလပ်‌မြေ စက်ရုံသစ် လာ‌ရောက်တည်‌ဆောက်ရန် ပြီးခဲ့သည့် ‌ဖေ‌ဖော်ဝါရီ ၄ရက်‌နေ့က ‌ဒေသခံများကို သွား‌ရောက်‌တွေ့ဆုံခဲ့ပြီးဖြစ်သည်။

ကရင်ပြည်နယ်တွင် လက်ရှိ သံလွင်မြစ် အ‌နောက်ဘက်ကမ်းရှိ ဦးပိုင်ကုမ္ပဏီပိုင် မြိုင်က‌လေး ဘိလပ်‌မြေစက်ရုံ နှစ်ခုမှ ‌နေ့စဉ် ဘိလပ်‌မြေတန်ချိန် ၉၀ဝနှင့် ၄၀၀ဝနှုန်း ထုတ်လုပ်လျှက်ရှိသည်။