Home သတင်း ကယန်းအမျိုးသား‌နေ့ ကျင်းပ‌ရေး ခွင့်ပြုမိန့် ကြန့်ကြာမှု‌ကြောင့် ‌နေ ရာ‌ပြောင်း‌ရွှေ့ကျင်းပရ

ကယန်းအမျိုးသား‌နေ့ ကျင်းပ‌ရေး ခွင့်ပြုမိန့် ကြန့်ကြာမှု‌ကြောင့် ‌နေ ရာ‌ပြောင်း‌ရွှေ့ကျင်းပရ

2657
ဧပြီလ ၁၁ရက၊် ၂၀၁၃ ခုနှစ်။ စ ဖန်း‌ရှောင်း ( ‌ကေအိုင်စီ)

13 annversary Kayan National dayကယန်းအမျိုးသား‌နေ့ ကျင်းပရန် ခွင့်ပြုမိန့် ကြန့်ကြာ မှု‌ကြောင့် ယခင်ပြုလုပ်ရန် စီစဉ်ထားသည့် ‌နေရာမှ ‌နေ ရာ‌ပြောင်း‌ရွေ့ကျင်းပရခြင်းအ‌ပေါ်အစိုးရတစ်ရပ်၏ ဂုဏ်သိက္ခာကို ထိခိုက်‌စေသည့် အပြင် ‌ကြွေး‌ကြော် ထား‌သော တိုင်းရင်းသားစည်းလုံးညီညွတ်‌ရေးမူနှင့် ကိုက်ညီမှုမရှိဟု ရှုမြင်‌ကြောင်း ကယန်း မျိုးဆက်သစ်လူငယ်အဖွဲ့ (KNGY) မှ ‌ပြောဆို လို်က်သည်။

ဧပြီလ ၁ဝ ရက်‌နေ့တွင် ကျ‌ရောက်‌သော ၁၃ ကြိမ်‌မြောက် ကယန်းအမျိုးသား‌နေ့အခမ်းအနားကို မှုလက ‌နေပြည်‌တော်တိုင်း၊ လယ်‌ဝေးမြို့နယ်ရှိ ၊ ‌အောင်နန်းချိုရွာတွင် ကျင်းပရန် ရည်ရွယ်ထား‌သော်လည်း ဧပြီလ ၅ ရက်‌နေ့အထိ ခွင့်ပြုမိန့်မကျသဖြင့် ရှမ်းပြည်နယ် ပင်‌လောင်းမြို့နယ်ရှိ ‌ပေါင်း‌လောင်း‌ဒေသ ( လုံးခဲ‌ကျေးရွာ)တွင် ‌ရွှေ့‌ပြောင်း ကျင်းပရခြင်းအ‌ပေါ် KNGY မှ ၎င်းတို့ ‌ပေးပို့‌သော သဝဏ်လွှာတွင် ထိုကဲ့သို့ ‌ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ကယန်း မျိုးဆက်သစ် လူငယ်အဖွဲ့ (KNGY) မှ ဥက္ကဌ ဖြစ်သူ ခွန်းဘီဒူးက “ ကျ‌နော်အမြင်‌ပြောရရင်‌တော့ ကိုယ့် ကယန်း အမျိူးသား‌နေ့ကို လွတ်လွတ်လပ်လပ် ကျင်းပခွင့်မရဘူး။ ‌နောက်ပြီး ‌နေပြည်‌တော်မှာ ရှိတဲ့ ကယန်း အမျိုးသား‌တွေ စည်းစည်းလုံးလုံးဖြစ်တာကို အန္ထရာယ်တစ်ခုလို မြင်ပြီး မလိုလားတဲ့ သ‌ဘောထား သက် ‌ရောက်‌စေတယ်” ဟု ‌ကေအိုင်စီ သို့‌ပြောသည်။

ကယန်းအမျိုးသား‌နေ့ အခမ်းအနား ကျင်းပနိုင်ရန် ‌နေပြည်‌တော်ရှိ အာဏာပိုင်များထံသို့ အချိန်မှီ တင်ပြခဲ့‌သော်လည်း ဧပြီလ ၆ ရက်‌နေ့တွင်မှ ခွင့်ပြုမိန့်ကျလာသဖြင့် မှုလစီစဉ်ထားသည့် ‌နေရာတွင် ပြန်လည်ကျင်းပရန် အခက်အခဲများ စွာ ရှိ‌ကြောင်းလည်း ခွန်းဘီဒူးက ယခုလို ‌ပြောသည်။

“ အာဏာပိုင်‌တွေက‌တော့ ဘာဖြစ်လို့လဲဆိုတဲ့ အ‌ကြောင်းပြချက် ခိုင်ခိုင်လုံလုံမရှိပါဘူး။ အချိန်နီးမှ ခွင့်ပြုမိန့်ကျလာ တယ်။ အဲဒါနဲ့ လူကြီး‌တွေနဲ့ တိုင်ပင်ပြီး‌နောက်ဆုံး ‌နေရာ‌ပြောင်းလုပ်မယ်။ မဖြစ်မ‌နေ လုပ်မယ်ဆိုပြီး‌တော့ လုပ်လိုက်ရတာပါ”ဟု ၎င်းက ‌ပြောသည်။

မ‌နေ့က ကျင်းပပြုလုပ်‌သော ကယန်းအမျိုးသား‌နေ့ အခမ်းအနားကို ကယန်းတိုင်းရင်းသား‌ရေးရာ ဝန်ကြီး၊ ကယန်းအမျိုးသမီးအဖွဲ့၊ ကယန်း မျိူးဆက်သစ်လူငယ်များအဖွဲ့၊ ပင်း‌လောင်းမြို့နယ် အုပ်ချုပ်‌ရေးမှုး၊ ရှမ်းပြည် လူမျိုး‌ပေါင်းစုံလွတ်‌မြောက်‌ရေးအဖွဲ့၊ ဗကသများအဖွဲ့ချုပ်၊ လူ့‌ဘောင်သစ်ပါတီ စုစည်း‌ရေး‌ကော်မတီ၊ သခင် ကိုယ်‌တော်မှိုင်း ငြိမ်းချမ်း‌ရေးကွန်ယက်နှင့် ကယန်းပြည်သူများအပါအဝင် လူ‌ပေါင်း ၁၅၀ဝ ‌ကျော် တက်‌ရောက်ခဲ့ကြ သည်။

ကယန်းလူမျိုးများသည် မြန်မာနိုင်ငံအတွင်းရှိ ကရင်ပြည်နယ်ရှိ သံ‌တောင်မြို့နယ်၊ ကယားပြည်နယ်အ‌နောက် ဖက်ခြမ်း ‌ဒေသများ၊ ရှမ်းပြည်‌တောင်ပိုင်း နှင့် ‌နေပြည်‌တော် အ‌ရှေ့ဘက်ခြမ်းရှိ ‌တော‌တောင်ထူထပ်သည့် ‌နေရာများတွင် ပြန့်နှံ့‌နေထိုင်ကြပြီး ‌နေရာ‌ဒေသ ကွဲပြား‌သော်လည်း စည်းလုံးညီညွတ်မှု ပိုမိုခိုင်မာ‌စေရန် ကယန်းအမျိုးသား‌နေ့ကို ‌နေရာ‌ဒေသအလိုက် အလှည့်ကျ နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်လာခဲ့ကြသည်။

ကယန်းအမျိုးသားများ ပြန်လည်စည်းလုံးညီညွတ်‌ရေး၊ စာ‌ပေယဉ်‌ကျေးမှုထိန်းသိမ်း‌ရေး၊ ကယန်းလူမျိုးများ အခွင့်အ‌ရေးတန်းတူညီမျှ‌ရေး ၊ အခြား‌သောတိုင်းရင်းသားများနှင့်အတူတကွ လက်တွဲပြီး ရှင်သန်ရပ်တည်နိုင်‌ရေး စသည့်ရည်ရွယ်ချက်များဖြင့် ကယန်းတိုင်းရင်းသား စာ‌ပေနှင့်ယဉ်‌ကျေးမှု‌ကော်မတီမှ ၂၀၀ဝ ခုနှစ်တွင် ကယန်းအမျိုးသား‌နေ့ကို စတင်ပြီး သတ်မှတ်ကျင်းပလာခဲ့ရာ ယခု ၁၃ ကြိမ်‌မြောက်ရှိပြီဖြစ်သည်။