Home သတင်း သထုံခရိုင် ဆက်ဆံ‌ရေးရုံးဖွင့်ပွဲ သွားသည့် KNU ‌ခေါင်း‌ဆောင်များ အစိုးရနှင့် အလွတ်သ‌ဘော ‌ဆွေး‌နွေးမည်

သထုံခရိုင် ဆက်ဆံ‌ရေးရုံးဖွင့်ပွဲ သွားသည့် KNU ‌ခေါင်း‌ဆောင်များ အစိုးရနှင့် အလွတ်သ‌ဘော ‌ဆွေး‌နွေးမည်

3348
မတ်လ ၄ရက်၊ ၂၀၁၃ခုနှစ်။ (‌ကေအိုင်စီ)

မွန်ပြည်နယ်၊ သထုံမြို့နယ် ‌နောင်ဘို‌ကျေးရွာ၌ မတ်လ ၅ရက်‌နေ့တွင် ဖွင့်လှစ်မည့် ကရင်အမျိုးသား အစည်းအရုံး-KNU ၏ သထုံခရိုင်/တပ်မဟာ(၁) ဆက်ဆံ‌ရေးရုံးဖွင့်ပွဲတွင် KNU နှင့် မြန်မာအစိုးရတို့ အလွတ်သ‌ဘောဖြင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးမည် ဟု ယ‌နေ့(မတ်လ ၄ရက်‌နေ့)ထုတ် KNU ‌ကြေညာချက်အရ သိရသည်။

အလွတ်သ‌ဘော‌ဆွေး‌နွေးပွဲတွင် နှစ်ဘက်အကြား မည်သည့်အ‌ကြောင်းအရာများ ‌ဆွေး‌နွေးကြမည်ကို အတိအကျ မသိရ ‌သေး‌သော်လည်း KNU က ၎င်းတို့ချမှတ်ထားသည့် နိုင်ငံ‌ရေးလမ်းစဉ်အတိုင်း ‌ပြောဆိုသွားမည်ဟု KNU ဗဟိုစည်းရုံး‌ရေးနှင့် ပြန်ကြား‌ရေးဌာနမှ တာဝန်ခံ ပဒို‌စောလှထွန်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ကျ‌နော်တို့ ‌တွေ့ဆုံကြမယ်ဆိုရင် တတိယအကြိမ် အပစ်အခတ်ရပ်စဲ‌ရေး ‌ဆွေး‌နွေးပြီးချိန်မှ အခုထိ ကြားကာလမှာ နှစ်ဖက် တပ်များ မ‌တော်တဆမှု အနည်းငယ်ရှိခြင်း၊ အုပ်ချုပ်‌ရေးပိုင်း၌ နှစ်ဖက် နားလည်မှု အားနည်း‌နေ‌သေးတဲ့အ‌ပေါ် ဆက်လက် ညှိနှိုင်းသွား‌ရေး၊ နှစ်ဖက်လိုက်နာရမယ့်ကျင့်ဝတ်(Code of Conduct) အ‌ပေါ် အ‌ခြေခံပြီး ‌ဆွေး‌နွေး‌ရေးနဲ့ ‌ရှေ့ဆက် တရား ဝင် ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲ ဖြစ်‌ပေါ်‌ရေး‌တွေကို ‌ဆွေး‌နွေးဖို့ရှိတယ်”ဟု ‌ပြောသည်။

ယင်းဆက်ဆံ‌ရေးရုံး ဖွင့်ပွဲကို ‌နောင်ဘိုတွင် မတ်လ ၅ရက်‌နေ့၊ နံနက် ၇နာရီခွဲတွင် စတင်မည်ဖြစ်ပြီး KNU ဥက္ကဌ ‌စောမူတူး ‌စေးဖိုး၊ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး ပဒို‌စောကွယ်ထူးဝင်း၊ ပဒို‌သောသီဘွဲ၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး‌စော‌ဂျော်နီတို့ အပါအဝင် ‌ခေါင်း‌ဆောင် ၇ဦး တက်‌ရောက်ကြမည်ဟု သိရသည်။

ထို့အပြင် အစိုးရဘက်မှ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေး လုပ်ငန်း‌ကော်မတီ၏ ပြည်‌ထောင်စုဝန်ကြီး ဦး‌ဇေယျာ‌အောင်၊ မွန် ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်၊ အ‌ရှေ့‌တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်တင်‌မောင်ဝင်း၊ ပြည်နယ် လုံခြုံ‌ရေးနှင့် နယ်စပ်‌ရေးရာဝန်ကြီး ဗိုလ်မှူးကြီး‌ဌေးမြင့်‌အောင်တို့ တက်‌ရောက်မည် ဖြစ်သည်။

အဆိုပါ KNU ဆက်ဆံ‌ရေးရုံး အ‌ဆောက်အဦးကို အား/ကာအဖွဲ့ချုပ် ဥက္ကဌလည်းဖြစ်၊ မက်-မြန်မာကုမ္ပဏီပိုင်ရှင် ဦး‌ဇော် ‌ဇော်က ‌ဆောက်လုပ်‌ပေးထားခြင်း ဖြစ်သည်ဟုလည်း KNU ဘက်က ‌ပြောသည်။

KNU နှင့် မြန်မာအစိုးရတို့သည် ၂၀၁၂ခုနှစ်၊ ဇန်နဝါရီ ၁၂ရက်‌နေ့တွင် ငြိမ်းချမ်း‌ရေးတည်‌ဆောက်ရန် စတင် ‌တွေ့ဆုံခဲ့ကြပြီး အဆိုပါ‌တွေ့ဆုံပွဲတွင် ဗဟိုအဆင့် ဆက်ဆံ‌ရေးရုံး(၂)‌နေရာနှင့် ခရိုင်အဆင့် ဆက်ဆံ‌ရေးရုံး(၁၂)‌နေရာကို ပဏာမ သ‌ဘော တူညီမှု ရရှိခဲ့သည်ဟု ယ‌နေ့ထုတ် KNU ‌ကြေညာချက်တွင် ထည့်သွင်း‌ဖော်ပြထားသည်။