Home သတင်း ထိုင်းနိုင်ငံရှိ ယာယီနိုင်ငံကူး လက်မှတ် လုပ်‌ဆောင်‌နေမှု MRPWG သွား‌ရောက်‌လေ့လာ

ထိုင်းနိုင်ငံရှိ ယာယီနိုင်ငံကူး လက်မှတ် လုပ်‌ဆောင်‌နေမှု MRPWG သွား‌ရောက်‌လေ့လာ

1910
မတ်လ ၁၁ရက်၊ ၂၀၁၃ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်းရှိ မြန်မာနိုင်ငံသားများသည် တရားဝင်‌ရွှေ့‌ပြောင်းအလုပ်သမားအဖြစ် အလုပ် လုပ်ကိုင်နိုင်ခွင့်ရရှိ‌ရေးအတွက် ထိုင်းအစိုးရမှ လုပ်‌ဆောင်‌ပေး‌နေသည့် One Stop Service ယာယီနိုင်ငံကူး လက်မှတ်များလုပ်‌ဆောင်‌ပေး‌နေမှုကို MRPWG (Migrant Right Promotion Working Group)မှ အဖွဲ့ဝင်များက တာ့ခ်ခရိုင်အလုပ်သမားရှာ‌ဖွေ‌ရေးရုံးသို့ ယ‌နေ့ သွား‌ရောက်‌လေ့လာခဲ့သည်။

MRPWG ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကို‌ထွေးနိုင်က “အဓိက‌တော့ one stop service ဖွင့်ထားတာ အလုပ်သမား ‌တွေအတွက် လုံ‌လောက်မှုရှိလားဆိုတာ‌တွေနဲ့ ပတ်သက်ပြီး ဘယ်လိုအ‌ခြေအ‌နေရှိလဲဆိုတာ သွား‌ရောက် ‌လေ့လာကြည့်တာပါ။ ပြီး‌တော့ ‌အေဂျင့်စီ‌တွေမှာ လုပ်ထားတဲ့ အလုပ်သမားဦး‌ရေနဲ့ အလုပ်သမား ရှာ‌ဖွေ‌ရေး ရုံးမှာရှိတဲ့ လူဦး‌ရေ၊ ကုန်ကျစရိတ်ဘယ်လို‌တွေရှိလဲဆိုတာ ‌လေ့လာတာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုင်းနိုင်ငံအစိုးရမှ ၎င်းတို့နိုင်ငံအတွင်းသို့ လာ‌ရောက်အလုပ်လုပ်ကိုင်‌နေသည့် ‌ရွှေ့‌ပြောင်းအလုပ်သမားများ အား အထူးအခွင့်အ‌ရေးတရပ်အ‌နေဖြင့် ၆နှစ်သက်တမ်းယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ရန် ၂၀၁၂ ဒီဇင်ဘာလ ၁၅ရက်‌နေ့မှ ၂၀၁၃ခုနှစ် မတ်လ ၁၆ရက်‌နေ့အထိ စာရင်း‌ပေးသွင်းထားရန် သက်ဆိုင်ရာမှ ‌ကြေညာခဲ့ပြီး ဖြစ်သည်။

သို့ရာတွင် မဲ‌ဆောက်ရှိအလုပ်သမားများ ယာယီနိုင်ငံကူးလက်မှတ်လုပ်‌ဆောင်ထား‌သော်လည်း ယ‌နေ့ သွား‌ရောက်ကြည့်ရှု့ခဲ့ရာတွင် စာရင်းအရ အလုပ်သမားလူဦး‌ရေအနည်းငယ်သာရှိ‌နေ‌သေးသည်ဟု ‌တွေ့ရ ‌ကြောင်း ကို‌ထွေးနိုင်က ဆက်‌ပြောသည်။

“one stop service လို့သာ ‌ပြောတာပါ။ အလုပ်သမား‌တွေအ‌နေနဲ့က လိုက်လုပ်‌ပေးတဲ့ ‌အေဂျင့်‌တွေနဲ့ပဲ သွား ‌နေကြတာ‌လေ။ သက်ဆိုင်ရာက လက်မှတ် စမလုပ်‌ပေး‌သေးပဲနဲ့ လုပ်‌ပေး‌နေတယ်ဆိုပြီး ‌အေဂျင့်‌တွေက ‌ကြေညာပြီး အလုပ်သမား‌တွေဆီက ‌ငွေကြိုယူထားကြတယ်။ ‌နောက်ပြီး အလုပ်သမားတစ်‌သောင်း‌ကျော်က လက်မှတ်လုပ်ထား‌ပေမယ့် အခု အလုပ်သမားရှာ‌ဖွေ‌ရေးရုံးမှာ စာရင်းက ၂,၀၀ဝ ပဲ ရှိတယ်။ အရမ်းကို ကွာခြားမှု‌တွေရှိ‌နေတယ်”ဟု ‌ပြောသည်။

ထို့အပြင် သက်ဆိုင်ရာမှ ၆နှစ်သက်တမ်းယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ရန် အလုပ်သမားတစ်ဦးလျှင် ထိုင်း ဘတ်‌ငွေ ၅၅၀၊ ‌ရွှေ့‌ပြောင်းအလုပ်သမား ၂နှစ်သက်တမ်းအတွက် ကုန်ကျစရိတ် ၄,၃၀ဝ စုစု ‌ပေါင်း ၄၈၀ဝ သာ သတ်မှတ်‌ကောက်ခံ‌နေ‌သော်လည်း အလုပ်သမားများအ‌နေဖြင့် လိုက်လံလုပ်‌ဆောင် ‌ပေး‌နေသည့် ‌အေဂျင့် ကုမ္ပဏီများသို့ ၁၂,၀၀ဝမှ ၁၅,၀၀ဝ အထိ ‌ပေး‌ချေ‌နေရ‌ကြောင်းလည်း အလုပ်သများက ‌ပြော‌နေကြသည်။

မဲ‌ဆောက်မြို့ရှိ မြန်မာ့‌ရွှေ့‌ပြောင်းအလုပ်သမားများအ‌ရေးလိုက်လံ ကူညီ‌ဆောင်ရွက်‌ပေး‌နေသည့် MRPWG က လာမည့် မတ်လ ၂၂ရက်‌နေ့မှစတင်ပြီး သက်ဆိုင်ရာထိုင်းအစိုးရမှ အလုပ်သမားများအတွက် တရားဝင် သတ် မှတ်‌ပေးထားသည့် ‌ဈေးနှုန်းမည်မျှရှိ‌ကြောင်းနှင့် မည်သည့် ကုမ္ပဏီများက တရားဝင်‌ဈေးနှုန်းထက် ‌ကောက်ခံ ‌နေ‌ကြောင်း စသည်တို့ကို အလုပ်သမားများသိရှိရန်နှင့် ကုမ္ပဏီများကိုလည်း ဖိအား‌ပေးလုပ်‌ဆောင်မှုများ လုပ် ‌ဆောင်သွားမည်ဟု သိရသည်။

ထိုင်းနိုင်ငံ‌ရောက် ‌ရွှေ့‌ပြောင်းအလုပ်သမားများအတွက် ယာယီနိုင်ငံကူးလက်မှတ် အချိန်မီ ပြုလုပ်နိုင်ရန် စမွတ် စခွန်(မဟာချိုင်)၊ ချင်းမိုင်၊ ရ‌နောင်း၊ ဆူရတ်ဌာနီ၊ ခွန်စမ်း၊ လ‌ရောင်၊ ကန်ချနဘူရီ၊ မယ် ဆိုင်(ချင်းရိုင်)နှင့် မဲ‌ဆောက်စသည့် ‌နေရာကိုးခုတွင် one stop service စနစ်ဖြင့် အလုပ်သမားရှာ‌ဖွေ‌ရေးရုံးများမှ လုပ်‌ဆောင် ‌ပေး‌နေခြင်းဖြစ်သည်။