Home သတင်း သထုံမြို့နယ်၊ ကွင်းက‌လေး‌ဒေသ တွင် ‌ရွှေတူး‌ဖော်‌ရေးလုပ်ငန်း တွင်ကျယ်‌နေ

သထုံမြို့နယ်၊ ကွင်းက‌လေး‌ဒေသ တွင် ‌ရွှေတူး‌ဖော်‌ရေးလုပ်ငန်း တွင်ကျယ်‌နေ

2608
မတ်လ ၅ရက်၊ ၂၀၁၃ခုနှစ်။ (‌ကေအိုင်စီ)

S1250069မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကြံခါး‌ချောင်း(ခရူးခီး)အုပ်စု၊ ကွင်းက‌လေးရွာအနီးရှိ ကရင်အမျိုးသားအစည်းအရုံး- KNU ထိန်းချုပ် နယ်‌မြေ ကွင်းက‌လေး‌ဒေသတွင် ရန်ကုန်အ‌ခြေစိုက် မြန်မာကုမ္ပဏီများ အပါအဝင် ထိုင်းနှင့် တရုတ်ကုမ္ပဏီတို့က ‌ရွှေတူး‌ဖော် ‌ရေးလုပ်ငန်းများ တွင်ကျယ်စွာ လုပ်ကိုင်လျှက်ရှိသည်။

ရန်ကုန်အ‌ခြေစိုက် မြဖူး(‌ရွှေဖူး)ကုမ္ပဏီ၊ လင်းလဲ့ကုမ္ပဏီ၊ ဇင်မင်းထွန်း ပိုင်ဆိုင်သည့် ကုမ္ပဏီ၊ မစ္စတာ‌ကေး (‌ဟောင်‌ကောင် တရုတ်ကုမ္ပဏီ)၊ ထိုင်းကုမ္ပဏီများဖြစ်သည့် ‌အေဘီစီနှင့် ‌မောင်လူကုမ္ပဏီ စသည်တို့ကို ‌မြေယာ ၅ဧကနှုန်းစီဖြင့် ‌ရွှေလုပ်ငန်းများ တူး‌ဖော်ရန် KNU တပ်မဟာ(၁) အာဏာပိုင်များက ၂၀၁၂ခုနှစ်၊ နိုဝင်ဘာလကတည်းက စတင် ခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု ‌ဒေသခံ များ၏ ‌ပြောပြချက်များအရ သိရသည်။

ယင်း‌ရွှေတူးကုမ္ပဏီများသည် ‌မြေတူးဘူဒိုဇာကားကြီးများ၊ ‌မြေ‌ကော်ကားကြီးများ၊ ‌မြေသယ် ဆယ်ဘီးကားကြီးများ၊ ‌ရေစုပ်အား ‌ကောင်း အင်ဂျင်စက်ကြီးများနှင့် လျှပ်စစ်မီး‌ပေး အင်ဂျင်စက်များကို အသုံးပြု၍ ‌ရွှေတူး‌ဖော်‌ရေးလုပ်ငန်းကို ‌နေ့စဉ် လုပ်‌ဆောင် ‌နေ‌ကြောင်း ၎င်း‌ရွှေတူး‌ဖော်ရာ နယ်‌မြေသို့ ကိုယ်တိုင်သွား‌ရောက် မြင်‌တွေ့ခဲ့သူတစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“‌ရွှေတူးတာ အပြင်းအထန် တူး‌နေကြတယ်။ အခု ‌ရွှေတူးတဲ့တွင်းဆိုရင် အနက်ကြီး ဖြစ်သွားတယ်။ ဒီ‌ရွှေတူးထားတဲ့ ‌နေရာ‌တွေ ဟာ ‌မြေပြန်မဖို့ဘူးဆိုရင် မိုးတွင်းကာလဆိုရင် ‌မြေပြိုမှု‌တွေ ဖြစ်လာမယ်။ ကုမ္ပဏီ‌တွေက‌တော့ သူတို့ဝယ်ထားတဲ့ ‌မြေအတိုင်း ပြီးတဲ့အထိ လုပ်သွားမှာပဲ။ အလုပ်သမား‌တွေက‌တော့ ကုမ္ပဏီကပဲ ‌ခေါ်လာတဲ့သူ‌တွေ ဖြစ်တယ်”ဟု ‌ပြောဆိုသည်။

အဆိုပါ ‌ရွှေတူး‌ဖော်‌ရေးလုပ်ငန်းအတွက် ‌မြေ ၅ဧကစီ လုပ်ခွင့်‌ပေးလိုက်သည့် ကုမ္ပဏီများထဲမှ မစ္စတာ‌ကေး (‌ခေါ်) ‌ဟောင် ‌ကောင်တရုတ်ကုမ္ပဏီထံ KNU မှ ‌မြေ ၅ဧကကို အပြီး‌ရောင်းချ‌ပေးခဲ့‌ကြောင်းနှင့် ကျန်သည့်ကုမ္ပဏီများကိုမူ လုပ်ကိုင်ခွင့်သာ ‌ပေးထားခြင်းဖြစ်‌ကြောင်း သိရသည်။

ကွင်းက‌လေး‌ဒေသမှ ‌ရွှေတူး‌ဖော်‌ရေးလုပ်ငန်း‌နေရာ
ကွင်းက‌လေး‌ဒေသမှ ‌ရွှေတူး‌ဖော်‌ရေးလုပ်ငန်း‌နေရာ

အမည်မ‌ဖော်လိုသူ ‌ဒေသခံတစ်ဦးက “အခု ‌ရွှေတူးတဲ့‌နေရာက ရွာသား‌တွေ လုပ်ကိုင်စား‌သောက်တဲ့‌နေရာ‌တွေပါ။ ‌တောင်ယာ စိုက်ပျိုး‌ရေး‌တွေလည်း လုပ်တယ်။ အခု ‌ရွှေလာတူး‌တော့ အဲဒါ‌နေရာမှာ အလုပ်သွားမလုပ်ကြဖို့ ရွာသား‌တွေဟာ သတိ‌ပေးတာ ခံထားရတယ်။ ဆက်လက်ပြီး ‌ရွှေတူး‌မြေဧက‌တွေ ထပ်တိုးချဲ့ဖို့ ရှိတယ်လို့လည်း ကြားသိရတယ်”ဟု ‌ပြောသည်။

လက်ရှိ ‌ရွှေတူးသည့်‌ဒေသတွင် ‌ကေအဲန်ယူ တပ်မဟာ(၁) ဗျူဟာမှူး ဗိုလ်မှူးကြီး‌စောပ‌လေ့က ထိန်းချုပ် တာဝန်ယူထားသလို မြဖူး(‌ရွှေဖူး)ကုမ္ပဏီနှင့်လည်း ဖက်စပ်‌ရွှေတူးမှုလုပ်ငန်း လုပ်ကိုင်လျှက်ရှိသည်ဟု သိရသည်။ ထိုကိစ္စနှင့် ပတ်သက်၍ ‌ကေအဲန် ယူ ဗဟိုသတ္တုနှင့်မိုင်းဌာနသို့ ‌ကေအိုင်စီမှ ဆက်သွယ်‌မေးမြန်းရာ ဖုန်းလိုင်းအဆက်အသွယ်မရ ဖြစ်‌နေသည်။

ထို့အပြင် ကုမ္ပဏီများ ‌ရွှေလာ‌ရောက်တူး‌ဖော်ရန်အတွက် ကားလမ်း‌ဖောက်လုပ်ရာတွင် ကွင်းက‌လေးရွာအတွင်းရှိ အုန်းပင်များ မှာ ဘူဒိုဇာကားများဖြင့် ဖြိုလဲခံရခြင်း၊ ရာဘာခြံများကို ဖြတ်၍ ကားလမ်း‌ဖောက်လုပ်ခြင်းများ ရှိ‌နေခဲ့‌သော်လည်း ကုမ္ပဏီများမှ ‌လျော်‌ကြေး‌ပေးရန် တစုံတရာ ‌ပြောဆိုခြင်း မရှိ‌ကြောင်းလည်း ‌ဒေသခံများက ‌ပြောဆိုသည်။

သထုံမြို့နယ်၊ ကြံခါး‌ချောင်း(ခရူးခီး)အုပ်စု၊ ကွင်းက‌လေးရွာအနီးရှိ ‌ရွှေတူး‌ဖော်‌ရေးလုပ်ငန်းများမှာ KNU နှင့် မြန်မာအစိုးရတို့ ၂၀၁၂ခုနှစ်၊ ဇန်နဝါရီလ ၁၂ရက်‌နေ့က အပစ်အခတ်ရပ်စဲ‌ရေး ပဏာမ သ‌ဘောတူပြီး‌နောက်ပိုင်းမှစ၍ အ‌ကောင်အထည်‌ဖော် လုပ်‌ဆောင်လာခဲ့ခြင်း ဖြစ်သည်။