Home သတင်း ဒုက္ခသည်များ အ‌မေရိကန်‌လျှောက် သည့် ‌နောက်ဆုံးအခွင့်အ‌ရေး အုန်းဖျန်စခန်း၌ ရှင်းလင်း‌ဆွေး‌နွေး

ဒုက္ခသည်များ အ‌မေရိကန်‌လျှောက် သည့် ‌နောက်ဆုံးအခွင့်အ‌ရေး အုန်းဖျန်စခန်း၌ ရှင်းလင်း‌ဆွေး‌နွေး

1806
မတ်လ ၇ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

Picture-152အ‌မေရိကန်နိုင်ငံသို့ သွား‌ရောက်အ‌ခြေချ‌ရေးအတွက် ‌နောက်ဆုံး သတ်မှတ်ရက်များကို သိရှိ‌စေရန် ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ရုံး-UNHCR အပါအဝင် ဒုက္ခသည်များကို ကူညီ‌ပေး‌နေသည့်အဖွဲ့ ၄ဖွဲ့က ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ ဖုတ် ဖရမြို့နယ်အတွင်းရှိ အုန်းဖျန်ဒုက္ခသည်စခန်းသို့ ယမန်‌နေ့ (မတ်လ ၆ရက်‌နေ့)၌ သွား‌ရောက်ရှင်းလင်းခဲ့သည်။

အဆိုပါ အဖွဲ့များတွင် UNHCR ၊ US၊ RSC နှင့် IOM စသည့် အဖွဲ့တို့မှ အဖွဲ့ဝင်တာဝန်ရှိပုဂ္ဂိုလ် ၁၃ဦးပါဝင်ပြီး အုန်းဖျန်စခန်း၊ ရပ် ကွက်(၁)ရှိ ‌လေယာဉ်ပျံကွင်း၌ နံနက် ၉နာရီခွဲမှ ၁၁နာရီအထိ ဒုက္ခသည်တစ်‌ထောင်‌ကျော်အား ရှင်းလင်း‌ပြောဆိုသွားခဲ့ခြင်း ဖြစ် သည်ဟု အုန်းဖျန်စခန်းဥက္ကဌ ‌စောဝါးထီးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“အခု လာသွားတာက မယ်လစခန်းကို သွားတုန်းကလိုပဲ ‌ပြောသွားတာ ဖြစ်ပါတယ်။ UNHCR က အသိအမှတ်ပြုထားတဲ့ တတိ ယနိုင်ငံ‌လျှောက်ခွင့်ရှိတဲ့ လူ‌ဟောင်း‌တွေ အ‌မေရိကန်နိုင်ငံ ‌လျှောက်လို့ရမယ်။ ဇွန်လ ၅‌နောက် ‌နောက်ဆုံးထား ‌လျှောက်ရမယ်။ လူသစ်‌တွေအတွက်‌တော့ ‌လျှောက်ခွင့်မရ‌ပေမယ့် သူတို့‌ခေါင်းထဲမှာ အမြဲထားတယ်လို့ UNHCR က ‌ပြောတယ်။ အဲဒါ‌တွေပါပဲ” ဟု ‌ပြောသည်။

ဆက်လက်၍ ၎င်းတို့အဖွဲ့မှ အုန်းဖျန်ဒုက္ခသည်စခန်းသို့ လာ‌ရောက်ရာတွင် ထိုင်းနိုင်ငံ ချင်းမိုင်အ‌ခြေစိုက် အ‌မေရိကန် ‌ကောင်စစ် ဝန်ရုံး တာဝန်ခံ Kenneth Foster ဆိုသူ ပါဝင်ပြီး အ‌မေရိကန်နိုင်ငံ ‌လျှောက်ခွင့်ရှိသူများ သတ်မှတ်ချက်အတိုင်း အမြန်ဆုံး ‌လျှောက်တင်‌စေလို‌ကြောင်း ‌ပြောဆိုသွားခဲ့သည်ဟု ‌စောဝါးထီးက ဖြည့်စွက် ‌ပြောဆိုသည်။

မတ်လ ၅ရက်‌နေ့ကလည်း အဆိုပါအဖွဲ့များသည် အ‌မေရိကန်နိုင်ငံ ‌လျှောက်တင်ခွင့်၏ ‌နောက်ဆုံးသတ်မှတ်ချက်နှင့် ပတ်သက် ၍ ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ အုန်းဖန်မြို့နယ်ရှိ နို့ဖိုးဒုက္ခသည်စခန်းသို့ သွား‌ရောက်ခဲ့သလို ပြီးခဲ့သည် ဇန်နဝါရီလ ၂၅ရက် ‌နေ့ကလည်း တာ့ခ်ခရိုင်၊ ထမ့်‌ဆောင်ယန်းမြို့နယ် မယ်လဒုက္ခသည်စခန်းသို့လည်း သွား‌ရောက်ခဲ့ပြီးဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ်တ‌လျှောက်တွင် မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်လအူး၊ မယ်ရာမို၊ ထမ်းဟင်၊ ဘန့်ဒုံယမ်း စသည့် ကရင်ဒုက္ခ သည်စခန်း ၇ခုနှင့် ကရင်နီစခန်း အမှတ်(၁)၊ အမှတ်(၂) အပါအဝင် ဒုက္ခသည်စခန်း ၉ခုရှိပြီး လူဦး‌ရေ တစ်သိန်းခွဲ‌ကျော်ရှိသည် ဟု သိရသည်။