Home သတင်း မိုင်ဂျာယန်‌ဒေသရှိ ‌နေရပ်ပြန် ကချင်ဒုက္ခသည်များ ‌ဆေးဝါး ကုသမှုလိုအပ်

မိုင်ဂျာယန်‌ဒေသရှိ ‌နေရပ်ပြန် ကချင်ဒုက္ခသည်များ ‌ဆေးဝါး ကုသမှုလိုအပ်

1921
‌ဖေ‌ဖော်ဝါရီလ ၂၂ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

မိုင်ဂျာယန်‌ဒေသရှိ ကချင်ဒုက္ခသည်
 ကချင်ပြည်နယ် မိုင်ဂျာယန်‌ဒေသ၌ စစ်‌ပြေးတိမ်း‌ရှောင် ခဲ့ရာမှ ‌နေရပ်‌ကျေးရွာများသို့ ပြန်လည်‌နေထိုင်သည့် ကချင် ဒုက္ခသည်များသည် ‌ဆေးဝါးများလိုအပ်လျှက်ရှိ သည်ဟု ထို‌ဒေသတွင် သွား‌ရောက်‌ဆေးဝါး ကုသ‌ပေး‌နေသည့် ကချင်အမျိုးသမီးအစည်းအရုံး-ထိုင်းနိုင်ငံ(KWAT) က ‌ပြောသည်။

ကချင်‌ဒေသတွင် ယခင်လ ဇန်နဝါရီလက စစ်ပွဲဖြစ်ပွားမှု ငြိမ်သက်လာသည့်‌နောက်ပိုင်း ‌နေရပ်ပြန်‌နေသည့် ‌ဒေသခံများသည် ဒုက္ခသည်စခန်းတွင် ‌နေထိုင်တုန်းကကဲ့သို့ ‌ဆေးဝါးလုံ‌လောက်မှု မရရှိသည့်အပြင် သွား ‌ရောက်ကူညီ‌ပေးမည့်သူလည်း မရှိ‌ကြောင်း ‌ဆေးဝါးသွား‌ရောက်ကုသ‌နေသည့် KWAT မှ ‌ဆေးဝန်ထမ်းအမျိုး သမီးတဦးဖြစ်သူ ဒွဲဇင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“ကျမတို့ မ‌နေ့က မိုင်ကျုံမှာ ‌ဆေးလိုက်ကုတယ်။ ဒီ‌နေ့‌တော့ ဘွမ်က‌ထော်မှာ ကုတယ်။ တရွာသွားကုရင် လူနာ က ငါးဆယ်နဲ့ ငါးဆယ်အထက် ရှိတယ်။ ကျမတို့ ရွာတိုင်း‌တော့ သွားဖို့ အခက်အခဲ ရှိတယ်။ ဒါ‌ကြောင့် အခြား ကူညီတဲ့ အဖွဲ့‌တွေလည်း လာကူညီကြဖို့ ကျမတို့ ‌မျှော်လင့်တယ်”ဟု ဒွဲဇင်က ‌ပြောဆိုသည်။

မိုင်ဂျာယန်‌ဒေသရှိ ‌နေရပ်ပြန်သည့် ဒုက္ခသည်များသည် မိုင်ကျုံ၊ ဘွမ်က‌ထော်၊ ‌ဂျေ‌ကော်၊ ပ‌လော်‌ကော်၊ ဂို‌ကော်၊ ခါနာယန်နှင့် အူရာပါ အပါအဝင် ‌ကျေးရွာခန့်ရှိပြီး အဆိုပါ ‌ကျေးရွာများသည် အိမ်‌ခြေအ‌ရေအတွက် ၂ဝ မှ ၃ဝ ‌ကျော်အထိရှိသည်ဟု သိရသည်။

ဆက်လက်၍ အဆိုပါ ရွာများတွင် ‌သွေးတိုး၊ ထုံ‌ကျေခက်ခဲနှင့် နာ‌စေး‌ချောင်းဆိုး ဖြစ်ပွားမှု များပြားလျှက်ရှိပြီး လူနာသည်များသည် အသက်ကြီးရင့်သူ အမျိုးသမီးအများဆုံး ပါဝင်သည်ဟု KWAT က ဆိုသည်။

ဒွဲဇင်က “အခု ‌ရောဂါသည်‌တွေက လူကြီးများတယ်။ သူတို့ ‌ဆေးကုချင်ရင် အနီးဆုံးဖြစ်တဲ့ ‌ခေါင်းပါဒုက္ခသည် စခန်းကို သွားရတယ်။ သွားရင် လမ်းကလည်း မ‌ကောင်း၊ ‌တောင်လည်း တက်ရ‌တော့ လူနာ‌တွေအတွက် အဆင်မ‌ပြေဘူး။ အထူးသဖြင့် လူနဲ့ ဖြစ်ဖြစ်၊ ဆိုင်ကယ်နဲ့ဖြစ်ဖြစ် ‌ဆေးခန်းသွားရင် ကိုယ်ဝန်‌ဆောင်အမျိုးသမီး ‌တွေအတွက် ပိုခက်ခဲတယ်”ဟု ‌ပြောသည်။

လက်ရှိ ‌နေရပ်ပြန် စစ်‌ပြေးဒုက္ခသည်များသည် မြန်မာအစိုးရစစ်တပ်နှင့် ကချင်လွတ်‌မြောက်‌ရေး တပ်မ‌တော်-KIA တို့အကြား တိုက်ပွဲပြင်းထန်သည့် ကာလအတွင်း မိုင်ဂျာယန်‌ဒေသရှိ ‌ခေါင်းပါဒုက္ခသည်စခန်းနှင့် အနီးအနားတဝိုက် ‌နေရာများတွင် ပုန်း‌အောင်း‌နေထိုင်ကြသည်ဟု သိရသည်။

ကချင်‌ဒေသတွင် ယခင်လ ဇန်နဝါရီလကုန်ပိုင်းကမှစ၍ တိုက်ပွဲများ ရပ်တန့်သွား‌သော်လည်း ‌နေရပ်မပြန်ရဲ‌သေး ဘဲ ‌ခေါင်းပါဒုက္ခသည်စခန်းတွင် ဆက်လက်‌နေထိုင်‌သေးသည့် ကချင်ဒုက္ခသည်ဦး‌ရေ ၂,၀၀ဝ (နှစ်‌ထောင်) ‌ကျော် ရှိ‌သေးသည်ဟု KWAT က ဆိုသည်။