Home သတင်း KNU ဥက္ကဌ နှင့် ဒုသမ္မတ စိုင်း‌မောက်ခမ်း ‌တွေ့ဆုံ

KNU ဥက္ကဌ နှင့် ဒုသမ္မတ စိုင်း‌မောက်ခမ်း ‌တွေ့ဆုံ

1762
‌ဖေ‌ဖော်ဝါရီလ ၂ဝရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်အမျိုးသားအစည်းအရုံး-KNUမှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ‌စောမူတူး‌စေးဖိုး ပါဝင်သည့် အဖွဲ့ဝင်‌လေးဦးနှင့် မြန်မာ အစိုးရ ဒုသမ္မတ ‌ဒေါက်တာ စိုင်း‌မောက်ခမ်းတို့သည် ကရင်ပြည်နယ် မြဝတီမြို့၊ ‌အေး ချမ်းဖြိုးရိပ်သာတွင် ယ‌နေ့ ‌နေ့လည် ၁၂နာရီမှစ၍ တစ်နာရီ‌ကျော် ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့သည်။

ဒုသမ္မတ ‌ဒေါက်တာ စိုင်း‌မောက်ခမ်းသည် မြဝတီမြို့ရှိ ကုန်သွယ်ဇုံကို ကြည့်ရှုစစ်‌ဆေးရန် လာ‌ရောက်ခဲ့ခြင်းဖြစ် ပြီး ထိုသို့ ‌ရောက်ရှိလာစဉ် KNU ဘက်မှ သွား‌ရောက်‌တွေ့ဆုံခဲ့ခြင်းဖြစ်သည်ဟု ‌တွေ့ဆုံမှုတွင် ပါဝင်သည့် KNU တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးဖြစ်သူ ‌စောဂျွန်(‌စောတာမူလာ)က ‌ကေအိုင်စီသို့ ‌ပြောသည်။

“ဒုသမ္မတ ‌ရောက်ရှိတာကို ကျ‌နော်တို့က ထိစပ်နယ်‌မြေ တာဝန်ရှိသူများအ‌နေနဲ့ သွား‌တွေ့တာပါ။ ဒုသမ္မတ‌တွေ့ ဆုံတဲ့အခါ ကျ‌နော်တို့ အဓိက တင်ပြတာက အစိုးရနဲ့ KNUတို့ရဲ့ ပစ်ခတ်ရပ်စဲ‌ရေးအ‌ခြေအ‌နေဟာ ခိုင်မာတဲ့ အဆင့် မ‌ရောက်‌သေးဘူး။ ဒါကို ခိုင်မာ‌အောင် အရင်လုပ်ဖို့ လိုတယ်။ ပြီးမှ ဖွံ့ဖြိုး‌ရေးကိစ္စ‌တွေ ဆက်လုပ်ဖို့ တင်ပြခဲ့ တယ်”ဟု ‌ပြောဆိုသည်။

မြန်မာနိုင်ငံတွင် တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲ‌ရေးရရှိရန် KNU အ‌နေဖြင့် မြန်မာအစိုးရနှင့် ‌ရှေ့ဆက်၍ ‌တွေ့ဆုံ‌ဆွေး‌နွေးမှုများပြုလုပ်ပါက အစိုးရ အဆင့်မြင့် စစ်တပ်‌ခေါင်း‌ဆောင်များ ပါဝင်ရန် လိုအပ် ‌ကြောင်း ဒုသမ္မတအား တင်ပြခဲ့‌ကြောင်းလည်း သူက ဆက်‌ပြောသည်။

အဆိုပါ ‌တွေ့ဆုံမှုတွင် KNU ဥက္ကဌမှ အဓိက တင်ပြ‌ပြောဆိုကာ ဒုသမ္မတက တစုံတရာ တုံ့ပြန်‌ပြောဆိုခြင်း မရှိ ‌သော်လည်း ဂရုတစိုက် ‌သေ‌သေချာချာ နား‌ထောင်ခဲ့‌ကြောင်း၊ ကရင်ပြည်နယ်တွင် ‌ဟော်တယ်နှင့် ခရီးသွားလာ ‌ရေးလုပ်ငန်း အလွန်‌ကောင်းမွန်လျှက်ရှိ‌ကြောင်း‌ပြောဆိုခဲ့သည်ဟု KNU က ဆိုသည်။

‌တွေ့ဆုံ‌ဆွေး‌နွေးတွင် KNU ဘက်မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ‌စောမူတူး‌စေးဖိုး၊ ဖားအံခရိုင် ဥက္ကဌ ပဒို ‌စော‌အောင်‌မော် ‌အေး၊ ဒူးပလာယာခရိုင် ဥက္ကဌ ပဒို ‌စော‌ရွှေ‌မောင်းနှင့် ‌စောဂျွန်တို့ ပါဝင်ပြီး အစိုးရဘက်မှ ဒုသမ္မတ ‌ဒေါက်တာ စိုင်း‌မောက်ခမ်းနှင့် ပြည်‌ထောင်စုဝန်ကြီး သုံးဦး ပါဝင်‌ကြောင်း သိရသည်။

ဒုသမ္မတ ‌ဒေါက်တာစိုင်း‌မောက်ခမ်းသည် ယမန်‌နေ့ (‌ဖေ‌ဖော်ဝါရီလ ၁၉ ရက်)က မြဝတီဆက်ဆံ‌ရေး တာဝန်ခံ ဗိုလ်မှူးကြီး ‌စော‌ဖောဒို ဦး‌ဆောင်သည့် အဖွဲ့ဝင် ‌လေးဦးအပါအဝင် ကရင်ပြည်နယ်ရှိ အမတ်လွှတ်‌တော်အချို့နှင့် ဖားအံမြို့၊ ဇွဲကပင်‌ဟော်တယ်တွင် မွန်းလွဲ ၂နာရီမှ ည‌နေ ၇နာရီအထိ ‌တွေ့ဆုံခဲ့‌သေးသည်။