Home သတင်း ၆၅နှစ်‌မြောက် ကရင့်အမျိုးသား‌နေ့ တွင် လူထုလှုပ်ရှားမှု ပါဝင်လာ

၆၅နှစ်‌မြောက် ကရင့်အမျိုးသား‌နေ့ တွင် လူထုလှုပ်ရှားမှု ပါဝင်လာ

1617
‌ဖေ‌ဖော်ဝါရီလ ၁၁ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား၊ စဖန်း‌ရှောင်း (‌ကေအိုင်စီ)
၆၅နှစ်‌မြောက် ကရင့်အမျိုးသား‌နေ့ လှုပ်ရှားမှု 

ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်နယ်‌မြေ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ တပ်မဟာ(၇)ဌာနချုပ်၌ ယ‌နေ့ ‌ဖေ‌ဖော်ဝါရီလ ၁၁ရက်‌နေ့တွင် ကျ‌ရောက်သည့် ၆၅နှစ်‌မြောက် ကရင့်အမျိုးသား‌နေ့ အခမ်းအနားတွင် လူထုလှုပ်ရှားမှုများနှင့်တွဲ ၍ ပြုလုပ်ကျင်းပခဲ့ကြသည်။

အဆိုပါအခမ်းအနား တက်‌ရောက်သူ ကရင်အမျိုးသမီး ‌နော်အဲမိုးက “ကရင်အမျိုးသား‌နေ့ကို လာတက်ခွင့်ရတာ ဝမ်းသာတယ်။ ဒီ‌နေရာမှာ အရင်က ‌တော်လှန်‌ရေး‌နေ့တို့၊ အာဇာနည်‌နေ့တို့လုပ်တာ ကျမအမြဲလာတာပဲ။ ဒီ‌နေ့က အမျိုးသား‌နေ့ဆို‌တော့ ထူး ခြားတယ်။ အရင်က ဒီလိုလုပ်တာ မ‌တွေ့ရဘူး‌လေ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မနက် ၇နာရီမှ ၉နာရီအထိ ကျင်းပသည့် ယင်းအခမ်းအနားတွင် KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး‌စောမူတူး‌စေးဖိုးနှင့် အခြားထိပ်ပိုင်း ‌ခေါင်း‌ဆောင်အချို့ အပါအဝင် လူထုပရိဿတ် တစ်‌ထောင်‌ကျော်က ကရင်အမျိုးသားအလံများနှင့် ဆိုင်းဘုတ်များ ကိုင်‌ဆောင် ၍ “ကရင်ပြည် ချက်ချင်း‌ပေး၊ ကရင်တစ်ကျပ် ဗမာတစ်ကျပ် ချက်ချင်းပြ၊ ပြည်တွင်းစစ် အလိုမရှိ၊ လူမျိုး‌ရေးအဓိကရုဏ်း အလိုမ ရှိ” စသည့် ကရင်အမျိုးသား‌နေ့ ‌တောင်းဆိုချက်‌လေးရပ်ကို ကရင်ဘာသာဖြင့် ‌ကြွေး‌ကြော် ချီတက်ကာ ဆန္ဒထုတ်‌ဖော်ခဲ့ကြ သည်။

ဗိုလ်ချုပ်ကြီး ‌စောမူတူး‌စေးဖိုးက “ဒီမနက် လူထု‌တွေ ကရင်အမျိုးသား‌နေ့ကို တက်လာတာ ‌တွေ့ရ‌တော့ ဝမ်းသာတယ်။ ‌နောက် ပြီး ကျ‌နော်တို့ ကရင်အမျိုးသား‌နေ့မှာ ဒီ‌ကြွေး‌ကြော်သံ‌တွေဟာ ကရင်အမျိုးသားလုံးအတွက် အ‌ရေးကြီးတယ်။ ဘာဖြစ်လဲဆို ‌တော့ ကရင်‌တွေရဲ့ ဖိနှိပ်ချုပ်ချယ်ခံရမှု‌တွေ၊ အမြစ်ပြုတ်အနိုင်ကျင့်ခံရမှု‌တွေ ဖြစ်ခဲ့လို့ ဒီလှုပ်ရှားမှု‌တွေ ‌ပေါ်လာတာ ဖြစ်တယ်” ဟု မိန့်ခွန်း‌ပြောဆိုခဲ့သည်။

ဆက်လက်၍ ကရင်လူမျိုးများအ‌နေဖြင့် ယင်း‌ကြွေး‌ကြော်သံကဲ့သို့ ကိုယ်ပိုင်လွတ်လပ်ခွင့်၊ တန်းတူအခွင့်အ‌ရေး၊ ချစ်ခင်စွာ ‌နေ ထိုင်ခြင်းနှင့် ငြိမ်းချမ်းခြင်းကို လိုချင်ကြ‌ကြောင်းလည်း ဥက္ကဌ ‌စောမူတူး‌စေးဖိုးက ‌ပြောဆိုသည်။

အလားတူ KNU ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)ရှိ ကျုံဒိုး၊ ကြာအင်းဆိပ်ကြီး၊ ‌ကော့ကရိတ်မြို့နယ် စသည့်မြို့နယ်များအပြင် ဖာပွန်ခရိုင်၊ တပ်မဟာ(၅)နယ်‌မြေ ‌သေ့ခါးထာ့‌နေရာ၌လည်း မြို့နယ်အသီးသီးရှိ ‌ကျေးရွာများ စု‌ပေါင်းကာ ၆၅နှစ်‌မြောက် ကရင် အမျိုးသား‌နေ့တွင် လူထုရာနှင့်ချီ၍ တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့ကြသည်။

ကျုံဒိုးမြို့နယ် ဖားသိန်‌ကျေးရွာ၌ ပြုလုပ်သည့် ကရင်အမျိုးသား‌နေ့ အခမ်းအနားတွင် KNU အပြင် နယ်ခြား‌စောင့်တပ်-BGF၊ ဒီမို က‌ရေစီအကျိုးပြု ကရင့်အမျိုးသားတပ်မ‌တော်-DKBA နှင့် KNU/KNLA ငြိမ်းချမ်း‌ရေး‌ကောင်စီတို့လည်း တက်‌ရောက်ခဲ့ကြသည်။

၎င်းအခမ်းအနားသို့ တက်‌ရောက်သူ ‌စောမြင့်ဦးက “အမျိုးသား‌နေ့အခမ်းအနားကို တက်ရတဲ့အခါကျ‌တော့ လူထု‌တွေအ‌နေနဲ့ တက်တက်ကြွကြွ ပါဝင်လာတယ်။ လွတ်လွတ်လပ်လပ် ‌ပြောလို့ဆိုလို့ရတယ်။ ‌နောက် လုပ်မယ်ဆိုရင် ဒီလိုပဲ စုစုစည်းစည်း လုပ်သွား‌စေချင်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၁၉၄၈ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၁၁ရက်‌နေ့တွင် ကရင်လူမျိုးများ တန်းတူအခွင့်အ‌ရေး ရရှိ‌စေရန် မြန်မာနိုင်ငံ‌မြောက်ပိုင်း ကချင်ပြည် နယ်၊ မြစ်ကြီးနားမြို့မှစ၍ ‌တောင်ပိုင်း တနသင်္ာရီတိုင်း၊ မြိတ်မြို့အထိ လူထု ‌လေးသိန်း‌ကျော် အသံတိတ် ချီတက်ဆန္ဒထုတ်‌ဖော် ကာ စတင် ‌တောင်းဆိုခဲ့ကြသည်။

အဆိုပါ‌နေ့ကို အစွဲပြု၍ ၁၉၅၃ခုနှစ်၊ နိုဝင်ဘာလ ၂၃ရက်‌နေ့မှ ၂၅ရက်‌နေ့အထိ ဖာပွန်မြို့နယ်၌ ပြုလုပ်သည့် ‌ကော်သူး‌လေ ပြည် လုံးဆိုင်ရာ ကွန်ဂရက်တွင် ဧရာတီတိုင်း၊ မြစ်ဝကျွန်း‌ပေါ် အမှတ်(၁)ခရိုင် ဥက္ကဌ ဦး‌အေး‌ကျော်က အဆိုပြုပြီး မြစ်ဝကျွန်း‌ပေါ် အမှတ်(၁)တပ်မမှူး ဗိုလ်ချုပ်‌ကော်ထူးက ‌ထောက်ခံကာ ကန့်ကွက်သူမရှိဘဲ ကရင်အမျိုးသား‌နေ့အဖြစ် သတ်မှတ်လာခဲ့ခြင်း ဖြစ် သည်။