Home လူထုအသံ ပေးစာကဏ္ဍ သစ်ပင်ငယ်များ ခုတ်လှဲပြီး ရွာသူရွာသားများကို အခမဲ့ခိုင်းခြင်း

သစ်ပင်ငယ်များ ခုတ်လှဲပြီး ရွာသူရွာသားများကို အခမဲ့ခိုင်းခြင်း

3838
ခုတ်လဲပြီးပုံထား‌သောသစ်ပင်များ

Cutting trees in KKyiပဲခူးတိုင်း၊ ‌ကျောက်ကြီးမြို့နယ် မုန်း‌ဒေသ၊ ‌ကြောင်ပျံ‌ကျေးရွာ (‌ခေါ်) ‌ဆွေနံ့သာမြိုင်နှင့် ‌မွေ‌တော် (‌ခေါ်)‌မော‌လေး ကြားတွင်ရှိ‌သော သစ်‌တောများ ကုန်လုနီးပါးဖြစ်ပါသည်။ အဘယ်‌ကြောင့်ဆို‌သော် မုန်း‌ဒေသ၊ တုံး‌တော‌ကျေး ရွာအ‌ခြေစိုက် ခ.လ.ရ(၅၉၉) တပ်ရင်မှူးစိုးတင်ဝင်း ဦး‌ဆောင်ပြီး ၎င်းစစ်သည်များဖြင့် လာ‌ရောက်၍ ‌ကြောင်ပျံ ‌ကျေးရွာ (သို့) ‌ဆွေနံ့သာမြိုင်နှင့် ‌မွေ‌တော် (သို့) ‌မော‌လေးကြားရှိ သစ်ပင်ငယ်များကို ‌ဖေ‌ဖော်ဝါရီလ ပထမအ ပတ်မှ စတင်၍ သစ်ပင်များကိုခုတ်လဲပြီး ဤ‌နေရာတွင် ပုံထားပါသည်။ သစ်ပင်များကို တပ်ရင်းခြံကာရန်အ တွက် အသုံးပြုမည်ကို ‌ပြောသွားပါသည်။ ခုတ်လဲထား‌သော သစ်ပင်ငယ်များမှာ အများအားဖြင့် (အင်ပင်) အမျိုးအစားများဖြစ်ပါသည်။ ခုတ်လဲပြီး ပုံထား‌သောသစ်များကို ‌ကြောင်ပျံ‌ကျေးရွာသူ၊ ရွာသားများကို‌ခေါ်ပြီး တပ်ရင်းကို လှည်းများဖြင့် ပို့ခိုင်းပါသည်။ ၎င်းသစ်ပင်များကို ယ‌နေ့အထိတိုင် ဆက်လက်ခုတ်လဲပြီး ရွာသူ၊ရွာ သားများကို ဆက်လက်ပြီး လှည်းများဖြင့် သယ်‌ဆောင်ခိုင်း‌နေပါသည်။ ဤသစ်ပင်ငယ်‌လေးများကို ခုတ်လှဲအ သုံးပြုခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင်ကို အလွန်ထိခိုက်နိုင်ပါသည်။ သစ်‌တောများကို ထိန်းသိမ်းကာကွယ်ရ မည့်အစား ၎င်းသစ်ပင်ငယ်များကို အဲဒီလိုခုတ်လဲပြီး အသုုံးပြုပါက မသင့်‌တော်ပါ။ ဒီထက်မက ရွာသူ၊ရွာသား များသည် အများအားဖြင့် တ‌နေ့လုပ်တ‌နေ့စားများ ဖြစ်ပါသဖြင့် ဤသစ်ပင်များကို ‌နေ့စဉ်‌နေ့တိုင်း လှည်းဖြင့် အခမဲ့ သယ်သွား‌ပေးရမည်ဆိုပါက ဤရွာသူရွာသားများအတွက် အခက်အခဲများစွာဖြစ်လာနိုင်ပါတယ်။ ဤအ ‌ကြောင်းအရာကို သက်ဆိုင်ရာနှင့် အများပြည်သူများ သိ‌စေလိုပါသည်။
ရွာသား‌လေး