Home သတင်း ဘုရားသုံးဆူမြို့တွင် ‌ပျော်ပွဲစားထွက် သည့် ကရင်‌ကျောင်းသား‌လေး တစ်ဦး ‌ရေနစ်‌သေဆုံး

ဘုရားသုံးဆူမြို့တွင် ‌ပျော်ပွဲစားထွက် သည့် ကရင်‌ကျောင်းသား‌လေး တစ်ဦး ‌ရေနစ်‌သေဆုံး

1692
‌ဖေ‌ဖော်ဝါရီလ ၁၈ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်ပြည်နယ် ဘုရားသုံးဆူမြို့ရှိ မူလွန်အလယ်တန်း‌ကျောင်းတွင် ဆဌမတန်း ပညာသင်ကြား‌နေသည့် ၁၃နှစ် အရွယ် ကရင်‌ကျောင်းသား‌လေးတစ်ဦးဖြစ်သူ စဖြိုးသူရိန်သည် ယမန်‌နေ့က ဆရာ/မများအပါအဝင် ‌ကျောင်း‌နေ ဘက်အ‌ဖော်များနှင့် ‌ပျော်ပွဲစား ထွက်ခဲ့ရာ မက္ကသာ‌ချောင်းတ‌နေရာတွင် ‌ရေနစ်‌သေဆုံးခဲ့သည်ဟု သိရသည်။

ဘုရားသုံးဆူမြို့၊ ရပ်ကွက်(၃)ရှိ မူလွန်‌ကျောင်းမှ ပဉ်စမတန်း၊ ဆဌမတန်း၊ သတ္တမတန်း၊ အဌမတန်း ‌ကျောင်းသား ‌ကျောင်းသူစုစု‌ပေါင်း (၇၀)ဦးနှင့် ဆရာ၊ ဆရာမ (၁၆) ဦးတို့သည် ‌ပျော်ပွဲစားထွက်ရင်း မွန်းလွဲ ၂နာရီတွင် အဆို ပါ ‌ကျောင်းသား ‌ရေနစ်‌သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဘုရားသုံးဆူမြို့ ‌ကျောင်းသားမိဘ တစ်ဦးက ‌ကေအိုင်စီ သို့ ‌ပြောသည်။

“မ‌နေ့က မူလွန်‌ကျောင်းက သူတို့ ‌ပျော်ပွဲစားထွက်ကြတယ်။ မက္ကသာ‌ကျောင်း‌ဘေးနားမှာ‌ပေါ့။ ‌ပျော်ပွဲစားပြီးလို့ ပြန်လာခါနီးမှာ အဲဒီ‌ကျောင်းသား‌လေး(စဖြိုးသူရိန်)ဟာ သူ့သူငယ်ချင်းတစ်‌ယောက်က သူစီးတဲ့ဖိနပ်ကို ‌ချောင်း ထဲမှာ ပစ်ချလိုက်တယ်။ အဲဒါနဲ့ သူ့ဖိနပ်ကို ပြန်ဆည်ဖို့ ကြိုးစားရာမှာ ‌ရေစီးသန်လို့ ‌ရေနစ်သွား တာဖြစ်တယ်”ဟု ‌ပြောဆိုသည်။

‌ရေနစ်၍ ‌သေဆုံးသွားသည့် ‌ကျောင်းသား‌လေး စဖြိုးသူရိန်ကို မိဘများက ယ‌နေ့မွန်းလွဲ ၁နာရီ‌ကျော်တွင် ခရစ် ယာန်ဘာသာ၏ ဓ‌လေ့ထုံးထမ်းအတိုင်း ဘုရားသုံးဆူ ‌ရေ‌ဝေးသုဿန်တွင် ‌မြေမြုပ်သၤဂြိုလ်လိုက်ပြီဖြစ်သည်ဟု သူက ဆက်‌ပြောသည်။

စဖြိုးသူရိန်၏ မိဘနှစ်ပါးမှာ ဦးခိုင်ဆန်းနှင့် နန်းခမ်းကလယ်ဖြစ်ပြီး ဘုရားသုံးဆူမြို့ နှင်းဆီလမ်းသွယ် ရပ်ကွက် (၃)တွင် ‌နေထိုင်လျှက်ရှိသည်ဟု သိရသည်။