Home သတင်း ‌ဝေါ်‌လေ‌ဒေသတွင် အစိုးရတပ်က အရပ်သား ကားသုံးစီးကို ‌ချောဆွဲ

‌ဝေါ်‌လေ‌ဒေသတွင် အစိုးရတပ်က အရပ်သား ကားသုံးစီးကို ‌ချောဆွဲ

1704
ဇန်နဝါရီလ ၂၄ရက်၊ ၂၀၁၃ခုနှစ်။ (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ မြဝတီခရိုင်အတွင်းရှိ ‌ဝေါ်‌လေ‌ဒေသ တွင် မြန်မာအစိုးရစစ်တပ်က အရပ်သား (ဟိုင်းလိုက်)ကား ၃စီးကို ဇန်နဝါရီလ ၂၂ရက်‌နေ့က ‌ချောဆွဲခဲ့သည်ဟု ‌ဒေသခံများက ‌ပြောဆို‌နေ ကြသည်။

မြန်မာအစိုးရတပ်များဖြစ်သည့် စစ်ကွပ်ကဲ‌ရေးဌာနချုပ်(စကခ-၁၉)လက်‌အောက်ခံ ‌ခြေလျင်တပ်ရင်း(ခလရ-၃၁၀၊ ၂၇၅)တို့က ‌ဝေါ်‌လေ၊ လယ်‌ဂေါ်နှင့် အူးဖူးထာ့ ‌ကျေးရွာတို့ရှိ ၎င်းအရပ်သားများ၏ ကားများကို ‌ခေါ်၍ ‌ဝေါ်‌လေမှ ‌မောဖိုးကလိုးမြန်အစိုးရတပ်စခန်းသို့ ထို‌နေ့မနက် ၁ဝ နာရီဝန်းကျင်တွင် ပို့‌ဆောင်ခိုင်းခြင်းဖြစ်သည်ဟု သိရသည်။

အမည်မ‌ဖော်လိုသူ ‌ဒေသခံတစ်ဦးက “‌ဝေါ်‌လေနှင့် ‌မောဖိုးကလိုးဟာ ကာနဲ့ ၂နာရီ‌လောက် သွားရတယ်။ တကယ်ဆိုရင် သူများကို ‌ခေါ်ခိုင်းတယ်ဆိုရင် အနည်းဆုံး ဆီဖိုး‌လောက်‌တော့ ‌ပေးသင့်တယ်။ အခုက မ‌ပေးဘူး ဆို‌တော့ စိတ်မ‌ကောင်းကြဘူး။ မြန်မာစစ်တပ်ကို ပြန်လည်း မ‌ပြောရဲကြဘူး‌လေ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဆက်လက်၍ အဖိုးအခမ‌ပေးဘဲ ခိုင်း‌စေရာခြင်းသည် မသင့်‌လျော်သည့်အရာဖြစ်သည့်တွက် အစိုးရ စစ်တပ်များအ‌နေဖြင့် ရွာသားများအား ငှဲ့ညှာ‌ထောက်ထားကာ အလားတူ ခိုင်း‌စေမှုမျိုး ထပ်မံမပြုလုပ်ရန် ‌မျှော်လင့်‌ကြောင်းလည်း သူက ဆက်‌ပြောသည်။

အစိုးရတပ်များအား ‌မောဖိုးကလိုတပ်စခန်းသို့ ပို့‌ဆောင်ရာတွင် စားနပ်ရိက္ခာများလည်း တင်‌ဆောင်ရပြီး လက်ရှိ ‌မောဖိုးကလိုး တပ်စခန်းတွင် ဗိုလ်မှူး ‌အောင်မြတ်စိုး ဦး‌ဆောင်‌သော မြန်မာအစိုးရစစ်တပ် (ခလရ-၁၀၆) တပ်ရင်း အ‌ခြေစိုက်လျှက်ရှိ‌ကြောင်း သိရသည်။

‌ဝေါ်‌လေ‌ဒေသတွင် မြန်မာအစိုးရစစ်တပ် (စကခ-၁၉)လက်‌အောက်ခံ တပ်ရင်းများ အပါအဝင် ဒီမိုက‌ရေစီကရင် အကျိုးပြုတပ်မ‌တော်-DKBA (ယခင် တိုးတက်‌သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော်)နှင့် ကရင်အမျိုး သားလွတ်‌မြောက်‌ရေးတပ်မ‌တော်-KNLA တပ်ဖွဲ့ဝင်တို့ သွားလာလှုပ်ရှားလျှက်ရှိသည်။