Home သတင်း သိမ်းထားသည့် BGF လက်နက်များပြန် လည်‌ပေးအပ်ရန် DKBA နှင့် အစိုးရ ‌တွေ့ဆုံ‌ဆွေး‌နွေး

သိမ်းထားသည့် BGF လက်နက်များပြန် လည်‌ပေးအပ်ရန် DKBA နှင့် အစိုးရ ‌တွေ့ဆုံ‌ဆွေး‌နွေး

1593
ဇန်နဝါရီလ ၂၂ရက်၊ ၂၀၁၃ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူး‌ဒေသ တ‌လျှောက် လှုပ်ရှား‌နေသည့် ဒီမိုက‌ရေစီကရင် အကျိုးပြု တပ်မ‌တော်-DKBA တပ်ဖွဲ့ဝင်များမှ ယခုလ ၅ရက်‌နေ့တွင် သိမ်းဆည်းထားသည့် နယ်ခြား‌စောင့်တပ်ဖွဲ့-BGF ၏ လက်နက် ၄ဝ ‌ကျော်ကို ပြန်လည်‌ပေးအပ် ရန် မြန်မာ အစိုးရနှင့် DKBA တို့ ယ‌နေ့ ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ကြသည်။

ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေး‌ကော်မတီ ဒုဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီး ဦး‌အောင်မင်း၊ ပြည်သူ့စစ်နှင့် နယ်ခြား‌စောင့်တပ်ညွှန်ကြား‌ရေးမှူးချုပ် ဗိုလ်ချုပ်‌မောင်‌မောင်အုန်း စသည့် အဖွဲ့ဝင် ၉ဦးနှင့် DKBA ဘက်မှ ဗိုလ်ချုပ်ကြီး ‌စောလားပွယ် ဦး‌ဆောင်သည့် အဖွဲ့ဝင် ၈ဦးတို့သည် မနက် ၁၂နာရီခန့်မှ ည‌နေ ၃နာရီ‌ကျော်အထိ မြဝတီမြို့ အစိုးရ‌ရှေ့တန်းရုံးတွင် ‌တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

DKBA ‌ပြော‌ရေးဆိုခွင့်ဖြစ်သူ ဗိုလ်မှူး‌စောဆန်း‌အောင်က “ယ‌နေ့‌တွေ့ဆုံပွဲမှာ DKBA တပ်ဖွဲ့ဝင်များ သိမ်းဆည်းထားတဲ့ လက်နက်များကို ပြန်လည်‌ပေးအပ်ရန်တို့ကိုသာ အဓိက‌ဆွေး‌နွေးခဲ့တယ်။ ‌နောက် မြိုင်ကြီးငူ‌ဒေသ တဝိုက် မှာ DKBA တပ်ဖွဲ့ဝင်‌တွေအတွက် သွား‌ရေးလာ‌ရေးခက်ခဲ၊ နယ်ခြား‌စောင့်တပ်များနဲ့ ဖြစ်တဲ့ ပဋိပက ္ခ‌တွေ ‌ဆွေး‌နွေးဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်နက်ပြန်လည် ‌ပေးအပ်ရန်ကိစ္စနှင့်ပတ်သက်၍ DKBA ဘက်မှ BGF တပ်ဖွဲ့ဝင်များထံသို့ လက်နက် တချို့ ပြန်လည်‌ပေးအပ်ပြီး ဖြစ်‌ကြောင်းနှင့် ကျန်‌နေ‌သေးသည့် လက်နက်များကိုလည်း ပြန်လည်‌ပေးအပ်ရန် ပြင်ဆင် ‌နေ‌ကြောင်း ဗိုလ်မှူး‌စောဆန်း‌အောင်က ဆက်‌ပြောသည်။

ဆက်လက်၍ ဦး‌အောင်မင်းကလည်း “ကျ‌နော်တို့‌တွေ ‌တွေ့ကြတာ တပ်‌နေရာချထား‌ရေး ကိစ္စရပ်‌တွေ၊ ဆက်ဆံ ‌ရေးရုံးဖွင့်မယ့် ကိစ္စရပ်‌တွေ၊ ‌နောက် သူတို့(ဒီ‌ကေဘီ‌အေ)ရဲ့ စား‌ရေး‌သောက်‌ရေးကိစ္စရပ်‌တွေ ဒါမျိုး‌တွေ ‌ဆွေး‌နွေးကြပါတယ်”ဟု ‌ပြောသည်။

ဆက်ဆံ‌ရေးကို ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူ၊ ကျိုက်ဒုံနှင့် မြိုင်ကြီးငူ စသည့်‌နေရာ ၄ခုတွင် ထပ်မံဖွင့်လှစ်ရန် ရှိသည်ဟု ဒီ‌ကေဘီ‌အေဘက်က ‌ပြောသည်။ သို့‌သော် ဖွင့်လှစ်မည့်အချိန်နှင့်ပတ်သက်၍ ရက်အတိအကျ သတ်မှတ်ထားခြင်း မရှိ‌သေး‌ကြောင်း သိရသည်။

ထို့အပြင် ယ‌နေ့‌တွေ့ဆုံမှုတွင် နိုင်ငံ‌ရေး၊ စစ်‌ရေးအရ ‌တွေ့ဆုံ‌ဆွေး‌နွေးမှုမျိုးမဟုတ်ပဲ DKBA နှင့် နယ်ခြား‌စောင့် တပ်အကြား ဖြစ်ပွားခဲ့သည့် လက်နက်နှင့် တိုက်ပွဲပဋိပက္ခများ ထပ်မံမဖြစ်‌ပေါ်‌အောင်သာ ကတိကဝတ်‌ပေး သည့် ‌ဆွေး‌နွေးမှုမျိုးသာ ဖြစ်‌ကြောင်း ဗိုလ်မှူး ‌စောဆန်း‌အောင်က ‌ပြောသည်။

တချိန်တည်းမှာပင် ကရင်လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေး‌နေချိန်တွင် ကချင်လက်နက် ကိုင်အဖွဲ့အများကို အစိုးရမှ ထိုးစစ်ဆင်တိုက်ပွဲဆင်‌နေမှုသည် ငြိမ်းချမ်း‌ရေးအတွက် ယုံကြည်မှုတည်‌ဆောက်ရန် အဟန့်အတားဖြစ်‌ကြောင်းလည်း DKBA ဘက်မှ တင်ပြခဲ့သည်ကို ဝန်ကြီးဦး‌အောင်မင်းက လာမည့် သုံး‌လေးရက် တွင် ကချင်‌ဒေသစစ်ပွဲကိစ္စ အဆင်‌ပြေသွားမည်ဟု ‌ပြောသွားခဲ့‌ကြောင်း ဗိုလ်မှူး ‌စောဆန်း‌အောင်က ဆိုသည်။

အစိုးရဘက်က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များဖြင့် ဖွဲ့စည်းထားသည် ညီညွှတ်‌သောတိုင်းရင်းသားလူမျိုး များ ဖက်ဒရယ်‌ကောင်စီ-UNFC နှင့်သာ နိုင်ငံ‌ရေးအရ ‌တွေ့ဆုံ‌ဆွေး‌နွေးမှုများပြုလုပ်မှသာလျှင် DKBA အ‌နေဖြင့် ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးမှုတွင် ပါဝင်သွားမည်ဖြစ်‌ကြောင်းလည်း DKBA ဘက်က ‌ပြောသည်။

DKBA သည် ၁၉၉၄ ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး-KNU ခွဲထွက်ကာ မြန်မာစစ်အစိုးရနဲ့ ပြန်‌ပေါင်းပြီး ‌နောက် ၂၀၁ဝ ခုနှစ်၌ မြန်မာအစိုးရ၏ နယ်ခြား‌စောင့်အသွင်ကူး‌ပြောင်း‌ရေးကို DKBA အဖွဲ့ထဲမှ လက်မခံသည့် ဗိုလ်ချုပ်ကြီး ‌စောလားပွယ်ဦး‌ဆောင်သည့် အဖွဲ့က အသစ်တက်လာသည့် မြန်မာအစိုးရစစ်တပ်နှင့် တိုက်ပွဲ များပြန်လည် ဖြစ်ပွားခဲ့သည်။

တဖန် DKBA သည် ၂၀၁၁ခုနှစ်၊ နိုဝင်ဘာလဆန်းပိုင်းတွင် မြန်မာအစိုးရနှင့် ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေးပြုလုပ်ကာ အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူညီမှု ထပ်မံရရှိခဲ့သလို ၎င်း‌နောက်ပိုင်း တိုး တက်‌သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော်-DKBA မှ ဒီမိုက‌ရေစီကရင်အကျိုးပြုတပ်မ‌တော်-DKBA အဖြစ် ယ‌နေ့အထိ ရပ်တည်ခဲ့သည်။